Tue, 01 Sep 2026
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင်ဂျက်လေယာဉ်တစ်စီးသည် ဘူးအာဒမ်းကျေးရွာအုပ်စု၊ အဇ---ကျေးရွာတွင်းသို့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် ကျေးရွာတွင်လည်း လက်နက်ကိုင်တော်လှန် ရေးတပ်သားများမရှိပဲ မြန်မာစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်ထဲတွင် မြန်မာစစ်တပ်သည် ကာမီကာဇေဒရုန်းနှစ်စီးဖြင့် ထိုကျေးရွာကိုတိုက်ခိုက်မှုရှိခဲ့သည်။ ဤသို့လေကြောင်းတိုက်ခိုက်မှုတွင် အသက် (၄)နှစ် အရွယ် မိန်းကလေးငယ်(၁)ဦးထိမှန်သေဆုံးပြီး ကလေး (၂)ဦးအပါအဝင် ရွာသား (၁၂) ဦးဒဏ်ရာရရှိခဲ့သည်။ ဆေးကုသ မှုရရှိရန်အတွက် ဒဏ်ရာရရှိသည့်ရွာသားများသည် ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက--- ဆေးရုံသို့သွားခဲ့ရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တဇ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် ကျေးရွာထဲတွင် မနေရဲတော့ပဲ နီးစပ်ရာ မြစ်ချောင်း၊ တောတောင်၊ စိုက်ပျိုးခြံနှင့်လယ်ယာတဲအိမ်များသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။
Tue, 25 Aug 2026
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့ သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အ---အမည်ရှိသော အမျိုးသား တစ်ဦးသည် ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းကိုခံခဲ့ရသည်။ လက်နက်ကိုင်ဆောင်လာသော လူတစ်စုသည် ယာဉ်အမျိုးအစားမသိရသည့်ကားတစ်စီးဖြင့် အ---ဆီကို ရောက်လာပြီး ၎င်းအား ကားအနောက်ဖုံးထဲကို ထည့်ခေါ်သွားခဲ့သည်။ ထို့နောက် အ---သည် ဆန္ဒမရှိပဲ စစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ၎င်းအား ထောတထူမြို့ နယ်၊ မောနေပွားမြို့၊ အဒ---ကျေးရွာအနီးတွင်တည်ရှိသော ဘုမ္မတီးရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘ---အမည်ရှိသော အမျိုးသားတစ်ဦးသည် နေပြည်တော်ကောင်စီနယ်မြေရှိ တပ်ကုန်းမြို့တစ်နေ ရာတွင် အလုပ်လုပ်နေစဉ်တွင် တပ်မတော်စစ်သားဟောင်းဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးမှ ၎င်းအား လိမ်လည်ခေါ်ဆောင်သွား၍ အဓမ္မစစ်မှုထမ်းခိုင်းစေခဲ့သည်။ ဘ---သည် စစ်သင်တန်းကို တက်ခဲ့ရသည်။ ထို့နောက် ၎င်းအား ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အဆ--- ကျေးရွာရှိ တပ်ရင်းဖြူး (၃၀၆) သို့ ပို့ဆောင်ခဲ့သည်။ ထိုမှ တဆင့် ၎င်းအား ဘုမ္မတီးတပ်စခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ ဘ---သည် ပထမအကြိမ်ထွက်ပြေးပြီးနောက် ပြန်လည် အဖမ်းခံရ၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)လ ကျခဲ့သည်။ ထို့နောက် ၎င်းအား ဘုမ္မတီးတပ်စခန်းသို့ ပြန်ပို့ဆောင်ခဲ့ သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဓမ္မစစ်မှုထမ်းခံရသည့် အ---၊ ဘ--- နှင့်ဆ---တို့သည် ဘုမ္မတီးတပ် စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
Wed, 05 Aug 2026
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ဒူးသထူ(သထုံ) ခရိုင်၊ ဘားအံမြို့ နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အ‌ရေးချိုးဖောက်မှုဖြစ်စဉ်များကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် နေ့နှင့် မတ်လ ၁၉ ရက်နေ့အတွင်း တောင်ကလေးတပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၂) သည် ဘန့်ဘွေးကုန်း (နို့မကွီး) ကျေးရွာအုပ်စု၊ တဇ---နှင့်အခ---ကျေးရွာအတွင်းသို့ လက်နက်ကြီး များရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး စိုက်ပျိုးခြံလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် နွားတစ်ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံရွာသားများသည် ၎င်းတို့၏ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့ကြပြီး ရွာသားတစ်ဦးမှာ နီးစပ်ရာမြစ်ချောင်းနားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုမျှမက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် တဇ---ကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေယာဉ်တစ်စီးသည် ဟတ္တလိုက်ကျေးရွာအုပ်စုရှိ သဖ---ကျေးရွာအနီးတွင် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် ရာနှင့်ချီသော ရော်ဘာပင်များ၊ ကားနှစ်စီး၊ ဆိုလာပြားတစ်ချပ်၊ လူနေအိမ်များနှင့် ကျေးရွာဆေးခန်းတစ်လုံး ထိမှန်ပျက်စီးခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေ ယာဉ်များသည် ဇန---ကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ဆိုလာပြားတစ်ချပ်နှင့် ရာနှင့်ချီသောရော်ဘာပင်များ ထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များ ဖြင့်ပစ်ခတ်ခဲ့သည်ဟု ရွာသားများတင်ပြကြသည်။ ထိုနေ့တွင်လည်း မြန်မာစစ်တပ် ခမရ (၂၀၂) သည် ဇန---ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး (၇) လုံးပစ်ခတ်၍ လူနေအိမ်နှင့်ရော်ဘာပင်များ ထိမှန်ပျက်စီးပြီး ခွေးတစ်ကောင်လည်း ထိမှန်သေဆုံးသည်။ ထိုသို့လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇန---ကျေးရွာမှ ရွာသားများအားလုံးသည် ထွက်ပြေးတိမ်း ရှောင်ရပြီး နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားမှာကို ကြောက်ရွံ့ထိတ်လန့်နေကြသည်။
Thu, 06 Aug 2026
ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်သည် မြန်မာစစ်တပ်မှ ရွာသားနှစ်ဦးအား အဓမ္မဖမ်းဆီး၍ စစ်မှုထမ်း ခိုင်းစေသည့်ဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်းတွင်မြန်မာစစ်တပ်သည် တနင်္သာရီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သော အရပ်သားလူငယ်နှစ်ဦးကိုဖမ်းဆီး၍ ၎င်းတို့ဆန္ဒ မပါပဲ စစ်မှုထမ်းရန်အဓမ္မခိုင်းစေခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် စစ်တပ်ထဲတွင် ၎င်းတို့ကြုံတွေ့ရသောအရာများ၊ လူသားမ ဆန်စွာပြုမူဆက်ဆံသည့်လုပ်ရပ်များနှင့် မည်သို့ထွက်ပြေးလွတ်မြောက်လာသည့်အကြောင်းကို ရင်ဖွင့် ထုတ်ဖော်ပြောပြခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် ကရင်ပြည်နယ်ရှိ ပြည်သူအများအပြားကို မတရားသောနည်းလမ်းများဖြင့် ဖမ်းဆီး၍စစ်မှုထမ်းစေခဲ့သည်။
Fri, 24 Jul 2026
ဤဓာတ်ပုံသတင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လအထိ မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အ ဓိကကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ဓာတ်ပုံအထောက်အထားများကို ဖော်ပြထားပါသည်။ ကရင်လူ့ အခွင့်အ‌ရေးအဖွဲ့ (KHRG) မှ အစီရင်ခံစာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၏ သက်ရောက်မှုများကို ဖော်ပြ ထားသည့် ဓာတ်ပုံ ၁,၇၀၁ ပုံကိုလက်ခံရရှိခဲ့ပါသည်။ ဤလူ့အခွင့်အရေးချိုးဖောက်မှုဓာတ်ပုံများတွင် လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း၊ တွေ့လျှင်ပစ်စနစ်၊ အဓမ္မဖမ်းဆီးခြင်းနှင့် အခြားလူအခွင့်အရေးချိုးဖောက် မှုများ ပါဝင်ပါသည်။ မြန်မာအာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် ဒုတိယနှင့်တတိယအကြိမ်ကျင်းပသော ဒီမိုကရေးစီ နည်းလမ်းအရ ရွေးချယ်တင်မြောက်ခြင်းမရှိသည့် ရွှေးကောက်ပွဲနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လအတွင်း မြန်မာစစ်တပ်၏ လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှုမှာ ပိုမိုဆိုးရွားလာပါသည်။ KHRG ၏ သတင်းမှတ်တမ်းပြုစုမှု၌ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုများ ပို၍များပြားလာကြောင်းဖော်ပြထားပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နေအိမ် များ၊ စိုက်ပျိုးရေးစိုက်ခင်းများ၊ လူမှုအသိုက်အဝိုင်းအဆောက်အအုံများ ဖျက်ဆီးခံရခြင်းနှင့် ရွာသားများ၏ထွက်ပြေး တိမ်းရှောင်နေရမှုများလည်း ပို၍များပြားလာပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာစစ်တပ်၏စစ်ရေးလှုပ်ရှားမှုများနှင့် မြေ ပြင်စစ်သားများမှ နေရာ‌ဒေသအများအပြားသို့ ဝင်ရောက်မှုများတိုးများလာသဖြင့် ဒေသခံရွာသားများသည် ဖမ်းဆီးခံ ရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ပေါ်တာဖမ်းခံရခြင်း၊ လမ်းပြဖြစ်စေခြင်း၊ အဓမ္မစစ်သားစုဆောင်းခံရခြင်း နှင့် အဓမ္မပျောက်ဆုံးစေခြင်းတို့မှာ ပိုမိုများပြားလာခဲ့ပါသည်။ မြန်မာစစ်တပ်မှကျူးလွန်သည့် ဤကဲ့သို့သော လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများသည် ဒေသခံရွာသားများကို အမြဲတစေ အကြောက်တရားအောက်၌ရှိစေပြီး နေရပ်ရွှေ့ ပြောင်းတိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးကြီးလိုအပ်သည့် ဝန်ဆောင်မှုများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းတို့အား လက်လှမ်းမီနိုင်ရန် အကန့်အသတ်ရှိမှုတို့ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြ ပါသည်။

နောက်ဆုံးရသတင်း

KHRG ၏လှုပ်ရှားရာနယ်မြေ (ဒေသတွင်း သတ်မှတ်ထားသောကရင်ပြည်နယ်နှင့် မြန်မာအစိုးရသတ်မှတ်ထားသော ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များ)

ကျွန်ုပ်တို့မှ ရွာသားများအား အလူ့အခွင့်အရေးဆိုင်ရာ အသိပညာရရှိရန်၊ ၎င်းတို့၏ အတွေ့အကြုံများ မျှဝေရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုမှ မိမိတို့ကိုယ်တိုင် ကာကွယ်သည့်နည်းလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကျေးရွာအဆင့် အလုပ်ရုံဆွေးနွေးပွဲများအား ပြုလုပ်ပေးပါသည်။

အနာဂတ်တွင် ဖြစ်ပွားလာနိုင်မည့် လူအခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန်နှင့် မှတ်တမ်းပြုစုရန်အတွက် ကျွန်ုပ်တို့မှ CBOs နှင့် EAOs များအား လူ့အခွင့်အရေးအသိပညာသင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေများဆိုင်ရာ သင်တန်းများကို ပို့ချသင်ကြားပေးပါသည်။

ကျွန်ုပ်တို့မှ လူထုအဖွဲ့ဝင်များအား ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတို့ကို မှတ်တမ်းတင်ရန် လေ့ကျင့်ပေးထားပြီး ရွာသားများ၏ ထင်မြင်ယူဆချက်များအားဝေမျှရန် ဘာသာပြန်ခြင်းနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းတို့အား ပြုလုပ်ပါ သည်။

ကျွန်ုပ်တို့မှ ရွာသားများ၏ဘဝများအပေါ် လွမ်းမိုးနိုင်မည့် ဆုံးဖြတ်ချက်ချသူများထံသို့ ၎င်းတို့၏အသံများ သေချာစွာရောက် ရှိစေရန် ပြည်တွင်းနှင့်နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်သူများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပါသည်။

ထုတ်ပြန်ကြေညာချက်များ

အကြောင်းအရာအလိုက်နှစ်ချုပ်အစီရင်ခံစာများ ထုတ်နုတ်တင်ပြချက်အစီရင်ခံစာများ

သတင်းလွှာ