Fri, 24 Jul 2026
ဓာတ်ပုံသတင်း - မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ)

ဤဓာတ်ပုံသတင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လအထိ မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အ ဓိကကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ဓာတ်ပုံအထောက်အထားများကို ဖော်ပြထားပါသည်။ ကရင်လူ့ အခွင့်အ‌ရေးအဖွဲ့ (KHRG) မှ အစီရင်ခံစာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၏ သက်ရောက်မှုများကို ဖော်ပြ ထားသည့် ဓာတ်ပုံ ၁,၇၀၁ ပုံကိုလက်ခံရရှိခဲ့ပါသည်။ ဤလူ့အခွင့်အရေးချိုးဖောက်မှုဓာတ်ပုံများတွင် လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း၊ တွေ့လျှင်ပစ်စနစ်၊ အဓမ္မဖမ်းဆီးခြင်းနှင့် အခြားလူအခွင့်အရေးချိုးဖောက် မှုများ ပါဝင်ပါသည်။ မြန်မာအာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် ဒုတိယနှင့်တတိယအကြိမ်ကျင်းပသော ဒီမိုကရေးစီ နည်းလမ်းအရ ရွေးချယ်တင်မြောက်ခြင်းမရှိသည့် ရွှေးကောက်ပွဲနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လအတွင်း မြန်မာစစ်တပ်၏ လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှုမှာ ပိုမိုဆိုးရွားလာပါသည်။  KHRG ၏ သတင်းမှတ်တမ်းပြုစုမှု၌ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုများ ပို၍များပြားလာကြောင်းဖော်ပြထားပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နေအိမ် များ၊ စိုက်ပျိုးရေးစိုက်ခင်းများ၊ လူမှုအသိုက်အဝိုင်းအဆောက်အအုံများ ဖျက်ဆီးခံရခြင်းနှင့် ရွာသားများ၏ထွက်ပြေး တိမ်းရှောင်နေရမှုများလည်း ပို၍များပြားလာပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာစစ်တပ်၏စစ်ရေးလှုပ်ရှားမှုများနှင့် မြေ ပြင်စစ်သားများမှ နေရာ‌ဒေသအများအပြားသို့ ဝင်ရောက်မှုများတိုးများလာသဖြင့် ဒေသခံရွာသားများသည် ဖမ်းဆီးခံ ရခြင်း၊ သတ်ဖြတ်ခံရခြင်း၊  နှိပ်စက်ခံရခြင်း၊ ပေါ်တာဖမ်းခံရခြင်း၊ လမ်းပြဖြစ်စေခြင်း၊ အဓမ္မစစ်သားစုဆောင်းခံရခြင်း နှင့် အဓမ္မပျောက်ဆုံးစေခြင်းတို့မှာ ပိုမိုများပြားလာခဲ့ပါသည်။ မြန်မာစစ်တပ်မှကျူးလွန်သည့် ဤကဲ့သို့သော လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများသည် ဒေသခံရွာသားများကို အမြဲတစေ အကြောက်တရားအောက်၌ရှိစေပြီး နေရပ်ရွှေ့ ပြောင်းတိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးကြီးလိုအပ်သည့် ဝန်ဆောင်မှုများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းတို့အား လက်လှမ်းမီနိုင်ရန် အကန့်အသတ်ရှိမှုတို့ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြ ပါသည်။

 

ဓာတ်ပုံသတင်း - မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဒဏ်ရာရမှု၊ သေဆုံးမှု၊ ပိုင်ဆိုင်မှုများပျက်စီးဆုံးရှုံးမှုနှင့် နေရပ်ရွှေ့ပြောင်းတိမ်း‌ရှောင်မှုများကို ဖြစ်ပေါ်စေခြင်း (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ)

၂၀၂၆ ခုနှစ်တွင် မြန်မာအာဏာသိမ်းစစ်တပ်မှ ဒုတိယနှင့် တတိယအကြိမ် စီစဥ်ကျင်းပပြုလုပ်သော ဒီမိုကရေစီနည်း လမ်းအရ ရွေးချယ်တင်မြောက်ခြင်းမရှိသည့် အထွေထွေရွှေးကောက်ပွဲနှင့်အတူ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန် မာစစ်တပ်၏ လူ့အခွင့်အရေးချို့ဖောက်မှုများမှာလည်း ပိုမိုဆိုးရွားလာခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအ တွင်း[1] ဤချိုးဖောက်ကျူးလွန်မှုများထဲတွင် အဓိကအားဖြင့် ဒေသခံရွာသားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြားသေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းတို့ကို မကြာခဏ ဖြစ်ပေါ်စေပါသည်။[2] စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအပါအဝင် အရပ်သားများ ၏နေအိမ်များ၊ စိုက်ပျိုးရေးစိုက်ခင်းများနှင့် လူမှုအသိုက်အဝိုင်းအ‌ဆောက်အအုံများ ဖျက်ဆီးခံရခြင်းနှင့် နေရပ်ရွှေ့ ပြောင်းတိမ်းရှောင်နေရမှုမှာလည်း ပို၍များပြားလာခဲ့ပါသည်။[3] ဤတိုက်ခိုက်မှုများအတွင်း မြန်မာစစ်တပ်မှ တိုက်လေ ယာဥ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် အသေခံဒရုန်းများကို ပိုမိုတိုးမြင့်အသုံးပြုလာကြပြီး ပေါင် ၃၀၀ မှ ၅၀၀ အထိရှိဗုံးများ၊ ခလတ်စတာဗုံးများ၊ အရွယ်အစားအမျိုးမျိုးရှိသောမော်တာများနှင့် စက်သေနတ်များအပါအဝင် လက် နက်အမျိုးမျိုးအသုံးပြုသဖြင့် ဒေသတွင်းသတ်မှတ်ထားသည့် ကရင်ပြည်နယ်ရှိခရိုင်ခုနှစ်ခရိုင်ဖြစ်သော ဒူးသထူ (သ ထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)၊ ဒူးပလာယာနှင့် ဘားအံ ခရိုင်တို့တွင် ပျက်စီးမှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများပိုမိုဖြစ်ပေါ်လာစေပါသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အစီရင်ခံစာကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မြန်မာပြည် အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၄ ကြိမ်နှင့် မြေမြှုပ်မိုင်းဖြစ်ရပ်သုံးခုကို မှတ်တမ်းပြုစုခဲ့ပါသည်။ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေး ၂၂ ဦး (ယောကျ်ားလေး ၁၀ ဦး၊ မိန်းကလေး ၁၁ ဦး၊ ကျား/မ မသိတစ်ဦး) သေဆုံးသွားခဲ့ပြီး ကလေးအနည်းဆုံး ၂၅ ဦး (ယောကျ်ားလေး ၁၀ ဦး၊ မိန်ကလေး ၁၅ ဦး) ဒဏ်ရာရရှိသွားခဲ့ပါသည်။ သက်ကြီးရွယ်အိုများထဲမှ ၄၄ ဦး (အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ကျား/မ မသိတစ်ဦး) သေဆုံးသွားခဲ့ပြီး ၁၀၂ ဦး (အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၄၈ ဦး၊ ကျား/မ မသိ ၁၅ ဦး) တို့ ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် စာသင်ကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၁၀ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅ လုံးနှင့် အခြားနေအိမ် မြောက်များစွာထိခိုက်၊ ပျက်စီးသွားခဲ့ပါသည်။ မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအတော်အတွင်း ဒေသခံရွာသားများ သည် ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ အဓမ္မပေါ်တာဆွဲခံရခြင်း၊ အဓမ္မလမ်းပြဖြစ်စေခြင်း၊ အဓမ္မ စစ်သားစုဆောင်ခံရခြင်းနှင့် အဓမ္မပျောက်ဆုံးစေခြင်းတို့အား ခံစားကြရပါသည်။ KHRG အနေဖြင့် အစီရင်ခံစာကာလ အတွင်း မြန်မာစစ်တပ်၏အဓိကျူးလွန်သော အဓမ္မဖမ်းဆီးခြင်း သို့မဟုတ် လွတ်လပ်စွာသွားလာခွင့်အားတားဆီးခြင်း ဖြစ်ရပ် ၁၅ ခုကို မှတ်တမ်းပြုစုခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ လည်းကျူးလွန်ခဲ့ကြပါသည်။ KHRG မှ KNLA အပါအဝင် မြန်မာစစ်တပ်မှ ကျူးလွန်သော ပစ်သတ်မှုဖြစ်ရပ် ၃  ခုကို မှတ်တမ်းပြုစုခဲ့ပြီး ရွာသား ၁၁ ဦးသေဆုံးသွားခဲ့ပါသည်။ ထို့အပြင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့ပါသည်။

အချို့သောရွာသားများသည် ဒေသခံကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင်များထံမှ မြန်မာစစ်တပ်၏ပြု လုပ်မည့်တိုက်ခိုက်မှုများ သို့မဟုတ် တိုက်ပွဲများနှင့်ပတ်သက်၍ ကြိုတင်သတိပေးခြင်းရှိသော်လည်း ဖြစ်ရပ်အများစု တွင် ဖြစ်စဥ်များသည် ရုတ်တရက်နှင့် ကြိုတင်အသိပေးခြင်းမရှိပဲ ဖြစ်ပေါ်သောကြောင့် ဒေသခံ KNU အာဏာပိုင်များ သည် သတိပေးမှုများမပြုလုပ်နိုင်ကြပါ။ ထိုကြောင့် ဒေသခံလူမှုအသိုက်အဝိုင်းများသည် မြန်မာစစ်တပ်၏တိုက်ခိုက်ခံရ မှုမှ အမြဲတစေသတိဖြင့်နေထိုင်နေကြရပြီး ကြောက်ရွံ့စွာနေထိုင်နေကြရပါသည်။ ရပ်ရွာများနှင့် လူမှုအသိုက်အဝိုင်းအ ဆောက်အအုံများအား ရမ်းသမ်းပစ်ခတ်ခြင်း သို့မဟုတ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများကြောင့်  မြန်မာပြည်အ‌ရှေ့တောင်ပိုင်းရှိရွာသားအများအပြား ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးတိမ်း ရှောင်နေရပြီး တောထဲ၊ ဂူထဲ၊ မြို့များနှင့် နယ်စပ်ဒေသများတွင် ခိုလှုံရာနေရာ ရှာခဲ့ကြရပါသည်။

ဤဓာတ်ပုံသတင်းတွင် အစီရင်ခံစာကာလအတွင်း လက်ခံရရှိသော ဓာတ်ပုံစုစုပေါင်း ၁,၇၀၁ ပုံမှ ၇၆ ဓာတ်ပုံပါဝင်ပြီး မြန်မာအာဏာသိမ်းစစ်တပ်၏ ရွှေးကောက်ပွဲနှင့်အတူ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် မြန်မာပြည်အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်လာသော လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်သည့် သက်ရောက်မှုကို မှတ်တမ်းပြုစုထားပါသည်။ ဤထဲတွင်ပါသော ဓာတ်ပုံ ၅၉ ပုံကို ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေကို လေ့လာ‌စောင့်ကြည့်ရန်အတွက် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်များက ရိုက်ယူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည်ဓာတ်ပုံ ၁၇ ပုံ ကို ရွာသားများနှင့် ဒေသခံအာဏာပိုင်များထံမှ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံများသည် ဒဏ်ရာရသေဆုံးခြင်း၊ နေအိမ် အဆောက်အအုံများ ဖျက်စီးခံရခြင်း၊ နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရခြင်း၊ မြန်မာစစ်တပ်မှလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများအတွင်း လက်နက်မျိုးစုံအသုံးပြုခြင်းစသည်တို့ကို ဖော်ပြထားပါသည်။ ထိခိုက်နစ်နာသူများ၏ အမည်များ၊ ၎င်းတို့၏မျက်နှာနှင့် နေရပ်လိပ်စာအတိအကျကို လုံခြုံရေးအတွက် ဆင်ဆာဖြတ် ထားပါသည်။

 

 

 

 
Fri, 24 Jul 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ခရိုင်ခုနှစ်ခရိုင်ရှိ ဒေသခံများမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။

[2] KHRG မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော “လေယာဉ်ပျံလာပြီး (ကဘောယူဟဲလီး)”၊ စာမျက်နှာ ၃၃ ၊နှင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ တွင်ထုတ်ဝေသော “အန္တရာယ်အောက်ကျရောက်နေသော ရပ်ရွာလူထုနေရာများ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရပ်ရွာအဆောက်အဦး များ နှင့် ရိုးရာယဉ်ကျေးမှုအခမ်းအနားများအား တိုက်ခိုက်ဖျက်ဆီးခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ)” နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “ဓာတ်ပုံသတင်း - SAC မှ အရပ်သားနေရပ်ဒေသများသို့ လေကြောင်းတိုက်ခိုက် မှုများပြုလုပ်သောကြောင့် ဒဏ်ရာရသေဆုံးခြင်းများ၊ ပျက်စီးခြင်းများနှင့် နေရပ်ထွက်ပြေးတိမ်းရှောင်နေရခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအ ထိ)” တွင် ကြည့်ပါ။

[3] KHRG မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “ဓာတ်ပုံသတင်း - ဗမာစစ်တပ်၊ BGF နှင့် အခြားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့ များမှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ် ခြင်းနှင့် ၎င်း၏သက်ရောက်မှုများ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလထိ)” တွင် ကြည့်ပါ။

[4] KHRG မှ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေသော “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်အမျိုး သမီးတစ်ဦးလည်းဒဏ်ရာရရှိခြင်းနှင့်အိုးအိမ်ပစ္စည်းများပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ)” တွင် ကြည့်ပါ။

[5] KHRG မှ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေသော “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - မြန်မာစစ်တပ်၏ဒရုန်းတိုက်ခိုက်မှု ကြောင့် ထောတထူမြို့နယ်မှရွာသားနှစ်ဦးဒဏ်ရာရရှိ (၂၀၂၆ ခုနှစ်၊မတ်လ)” တွင် ကြည့်ပါ။

[6] KHRG မှ ၂၀၂၆ ခုနှစ်၊ မေလတွင် ထုတ်ဝေသော “တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေါ်ဖားခိုမြို့နယ်ရှိ အသက် (၁၆) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ် (၆) လုံးလည်းထိခိုက်ပျက်စီး (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လ)” တွင် ကြည့်ပါ။

[7] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော “ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် မြန်မာ စစ်တပ်မှ မြေပြင်စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် မှုတို့ကိုလုပ်ဆောင်၍ ကလေး(၁၅)ဦးအပါအဝင် အနည်းဆုံး ရွာသား (၃၁) ဦးထိ မှန်သေဆုံးခြင်း၊ အခြားရွာသားများ ဒဏ်ရာရရှိခြင်း၊ ရပ်ရွာအိုးအိမ်များ ထိခိုက် ပျက်စီးခြင်းနှင့်နေရပ်စွန့်ခွာရခြင်းများဖြစ်ပွား (၂၀၂၆ ခုနှစ်၊ မတ်လ)” တွင် ကြည့်ပါ။

[8] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသော “မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် လူသောမြို့နယ်ရှိ ရွာသား (၃) ဦးထိမှန်သေဆုံး၍ (၁၂) ဦးဒဏ်ရာရရှိပြီး ရပ်ရွာအဆောက်အဦးများလည်းထိခိုက်ပျက်စီး (၂၀၂၆ ခုနှစ်၊ ဧပြီလ) ” တွင် ကြည့်ပါ။

[9] KHRG မှ ၂၀၂၆ ခုနှစ်၊ မေလတွင် ထုတ်ဝေသော “ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - နို့တကောမြို့နယ်အတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းနှင့်မြန်မာစစ် တပ်၏ရွေးကောက်ပွဲကို ရွာသားများဆန့်ကျင်ဆန္ဒပြခြင်း (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ)” တွင် ကြည့်ပါ။

[10] KHRG မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - နို့တကောမြို့နယ်တွင် မြန်မာစစ်တပ်မှ ရွာသားတစ်ဦးကိုပစ်သတ် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ) ” တွင် ကြည့်ပါ။

[11] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော “ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - နို့တကောမြို့နယ်တွင် မြန်မာ စစ်တပ်မှ အသက် (၁၆)နှစ်အရွယ်ယောင်္ကျာလေးတစ်ဦးအပါအဝင် ရွာသားလေးဦးအား ဖမ်းဆီးရိုက်နှက် (၂၀၂၆ ခုနှစ်၊ မတ်လ)” တွင် ကြည့်ပါ။

[12] KHRG မှ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော “ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်၏ဒရုန်းတိုက် ခိုက်မှုကြောင့် နို့တကောမြို့နယ်ရှိ ရွာသားနှစ်ဦးသေဆုံးပြီး ကလေးတစ်ဦးဒဏ် ရာရရှိ၍ အရပ်သားပိုင်ဆိုင်မှုပစ္စည်းများ ထိခိုက်ပျက်စီးခြင်း (၂၀၂၆ ခုနှစ်၊ မတ်လ)” တွင် ကြည့်ပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်