ဝမ်းမြောက်ခြင်းများစွာဖြင့် (၂၄) ကြိမ်မြောက်သတင်းလွှာကို KHRG မှ တစ်ဖန် ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်။ ဤသတင်းလွှာကို တစ်နှစ်တွင်နှစ်ကြိမ် ထုတ်ဝေလျှက်ရှိပါသည်။ ယခုအကြိမ်ထုတ်ဝေသည့် ဤသတင်းလွှာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလအထိ KHRG မှလက်ခံရရှိခဲ့သည့် သတင်းအချက်အလက်များနှင့် ၎င်းမတိုင်မီအချိန်မှ သတင်းဖြစ်ရပ်များလည်း ထည့်သွင်းရေးသားထားပါသည်။
ဤသတင်းလွှာအား ဖြန့်ဝေရသည့်ရည်ရွယ်ချက်မှာ KHRG မှ လက်ခံရရှိခဲ့သော အချက်အလက်များကို ခရိုင်(၇)ခုအတွင်းရှိ ပြည်သူလူထုများအကြား မျှဝေပေးလိုခြင်းကြောင့်ဖြစ်သည်။ စာဖတ်သူများသည် ခရိုင်တစ်ခုချင်းစီမှ ဖြစ်ပွားခဲ့သည့် အမျိုးမျိုးသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖတ်ရှုနိုင်ရန်၊ ကရင်ပြည်နယ်ရှိ ခရိုင်အားလုံးမှ လူ့အခွင့်အရေးအခြေအနေများကို သိရှိရန်နှင့် မျက်စိပွင့်နားပွင့်လာရန်ရည်ရွယ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။
ဤ KHRG သတင်းလွှာတွင် ပါရှိသောအချက်အလက်များကို ကရင်ပြည်နယ် ၏ ခရိုင်(၇)ခုဖြစ်သော ဒူးသထူ (သထုံ)ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ် လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ် (မြိတ်-ထားဝယ်) ခရိုင်၊ မူတြော် (ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဘားအံခရိုင်တို့မှ ကောက်ယူ၍ ရေးသားတင်ဆက်ထားပါ သည်။ ဤသတင်းလွှာထဲမှ လူ့အခွင့်အရေးချိုး ဖောက်မှုပြဿနာတစ်ခုချင်းစီသည် ခရိုင်အားလုံးတွင်ဖြစ်ပွားခဲ့ပြီး အချို့နေရာတွင် ချိုးဖောက်မှုပုံစံတူညီမှုရှိကြပြီး အချို့တွင် ကွဲပြားမှုများရှိနေသည်ကို စာဖတ်သူများအနေဖြင့် သိရှိနိုင်မည်ဖြစ်သည်။
ဤဖော်ပြပါသတင်းစာစောင်ထဲ၌စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကွန်ရက် (GANHRI) မှဖယ် ရှားခြင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုများ၊ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှု၊ ပညာရေးနှင့် ကျန်းမာရေး၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကျည်အကြွင်းအကျန်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ စသည့်အကြောင်းအရာများ ပါဝင်ပါသည်။၊
နောက်ဆုံးအနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသအတွင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စာဖတ်သူများမှ သိရှိနားလည်ပြီး ရွာသားများရင်ဆိုင်ကြုံတွေ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ၎င်းတို့၏ခံစားချက်များကို စာဖတ်သူများအနေဖြင့် ရှုမြင်ခံစားနိုင်မည်ဟု KHRG မှ ယုံကြည်ပါသည်။ ထို့အပြင် ဖြစ်နိုင်မည်ဆိုလျှင် ရွာသားများကြုံတွေ့ ခံစားရသည့် ပြဿနာရပ်များအား ရှေ့ဆက်၍ အနာဂတ်တွင် အတူတကွကိုင် တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရန်ဖြစ်ပါသည်။
