Sun, 30 Nov 2025
၂၅ ကြိမ်မြောက်ထုတ်ဝေသော ကရင်လူ့အခွင့်အရေးအဖွဲ့၏ သတင်းလွှာစာစောင် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

    

 

ဝမ်းမြောက်ခြင်းများစွာဖြင့် (၂၅) ကြိမ်မြောက်သတင်းလွှာကို KHRG မှ တစ်ဖန် ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်။ ဤသတင်းလွှာကို တစ်နှစ်တွင်နှစ်ကြိမ် ထုတ်ဝေလျှက်ရှိပါသည်။ ယခုအကြိမ်ထုတ်ဝေသည့် ဤသတင်းလွှာကို ၂၀၂၅ ခုနှစ်၊  မတ်လမှ သြဂုတ်လအထိ KHRG မှလက်ခံရရှိခဲ့သည့် သတင်းအချက်အလက်များနှင့် ၎င်းမတိုင်မီအချိန်မှ သတင်းဖြစ်ရပ်များလည်း ထည့်သွင်းရေးသားထားပါသည်။

ဤသတင်းလွှာအား ဖြန့်ဝေရသည့်ရည်ရွယ်ချက်မှာ KHRG မှ လက်ခံရရှိခဲ့သော အချက်အလက်များကို ခရိုင်(၇)ခုအတွင်းရှိ ပြည်သူလူထုများအကြား မျှဝေပေးလိုခြင်းကြောင့်ဖြစ်သည်။ စာဖတ်သူများသည် ခရိုင်တစ်ခုချင်းစီမှ ဖြစ်ပွားခဲ့သည့် အမျိုးမျိုးသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖတ်ရှုနိုင်ရန်၊ ကရင်ပြည်နယ်ရှိ ခရိုင်အားလုံးမှ လူ့အခွင့်အရေးအခြေအနေများကို သိရှိရန်နှင့် မျက်စိပွင့်နားပွင့်လာရန်ရည်ရွယ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

ဤ KHRG သတင်းလွှာတွင် ပါရှိသောအချက်အလက်များကို ကရင်ပြည်နယ် ၏ ခရိုင်(၇)ခုဖြစ်သော ဒူးသထူ (သထုံ)ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ် လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ် (မြိတ်-ထားဝယ်) ခရိုင်၊ မူတြော် (ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဘားအံခရိုင်တို့မှ ကောက်ယူ၍ ရေးသားတင်ဆက်ထားပါ သည်။ ဤသတင်းလွှာထဲမှ လူ့အခွင့်အရေးချိုး ဖောက်မှုပြဿနာတစ်ခုချင်းစီသည် ခရိုင်အားလုံးတွင်ဖြစ်ပွားခဲ့ပြီး အချို့နေရာတွင် ချိုးဖောက်မှုပုံစံတူညီမှုရှိကြပြီး အချို့တွင် ကွဲပြားမှုများရှိနေသည်ကို စာဖတ်သူများအနေဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ဤဖော်ပြပါသတင်းစာစောင်ထဲ၌ စစ်ကောင်စီ၏ ဒေသခံများအပေါ် လေယာဉ်နှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်မှုများ၊ ပညာရေးနှင့် ကျန်းမာရေး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှ စစ်ကောင်စီအား ပုဒ်မ ၃၃ ဖြင့်အရေးယူခြင်း၊ ဒေသခံများကြုံတွေ့ရသည့် မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ဖက်ဆိုင်ရာ လှုပ် ရှားမှုများ၊ စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက်ဆုံးရှုံးမှု၊ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများ ပါဝင်ပါသည်။

နောက်ဆုံးအနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသအတွင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စာဖတ်သူများမှ သိရှိနားလည်ပြီး ရွာသားများရင်ဆိုင်ကြုံတွေ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ၎င်းတို့၏ခံစားချက်များကို စာဖတ်သူများအနေဖြင့် ရှုမြင်ခံစားနိုင်မည်ဟု KHRG မှ ယုံကြည်ပါသည်။ ထို့အပြင် ဖြစ်နိုင်မည်ဆိုလျှင် ရွာသားများကြုံတွေ့ ခံစားရသည့် ပြဿနာရပ်များအား ရှေ့ဆက်၍ အနာဂတ်တွင် အတူတကွကိုင် တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရန်ဖြစ်ပါသည်။

Sun, 30 Nov 2025

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်