အကြမ်းဖက်စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး ဿေဆုံးပြီး ၄ ဦး ဒဏ်ရာရ

Tue, 21 Jul 2026

   

 

ဒူးသထူ (သထုံ) ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦး ဿေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတစ်ရွာကို လေကြောင်းကနေ အကြောင်းမဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပေါင် ၃၀၀ ဗုံးကြီး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဒီလို ပေါက်ကွဲမှုကြောင့် ညအချိန် အိပ်မောကျနေတဲ့ အရပ်သားပြည်သူ ၁ ဦး ထိမှန်ဿေဆုံးခဲ့ရသလို အရပ်သားပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေ မွေးမြူထားတဲ့ ဝက် ၅ ကောင်နဲ့ ကြက် အကောင် ၅၀ ဝန်းကျင်လည်း ထိမှန်ဿေဆုံးခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၂ လုံးနဲ့ ဆန် ၂၈ တင်း ထိမှန်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်တစ်စီးနဲ့ အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Related Readings