Mon, 01 Jun 2026
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို- ထောတထူမြို့နယ်တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ကလေး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း၊ လူနေအိမ်များပျက်စီးပြီး ရွာသားများထွက်ပြေး တိမ်းရှောင်ရခြင်း (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့်လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များအား ဖေါ်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာ စစ်တပ်မှ ဇရပ်ကြီးတောင်ခြမ်းအုပ်စု၊ အအ---ရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ  အသက် (၁၄) နှစ်နှင့်အသက် (၇) နှစ်အရွယ်ရှိသော မိန်းကလေးငယ်နှစ်ဦးတို့အား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်များလည်းထိမှန် ပျက်စီးခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။ ထိုနေ့ မနက်နောက်ပိုင်းတွင် ရွာသားများတိမ်းရှောင်ပြီးနောက် မြန်မာစစ်တပ်ပိုင်လေယာဥ်တစ်စီးသည် ကျေးရွာကို လေ ကြောင်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် မည်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ရွာသားများ၏နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့သည်။ ထို့တစ်နေ့အတွင်းတွင် မြန်မာစစ်တပ်မှ ထပ်မံ၍ လက်နက်ကြီး များပစ်ခတ်ခဲ့ရာ ရွာသားတစ်ဦး၏နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့သည်။ [1]

 

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း (၈) နာရီခွဲဝန်းကျင်တွင် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) မှ ပစ်လိုက်သော လက်နက်ကြီး (၃) လုံးသည်  တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ဇရပ် ကြီးတောင်ခြမ်းအုပ်စု၊ အအ---ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး (၂) လုံးသည် ဒေါ်အ---၏ နေအိမ် ခြံဝန်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ပထမတစ်လုံးသည် ၎င်း၏အိမ်နောက်ဖက်တွင် ကျပေါက်ကွဲခဲ့ပြီး ဒုတိယ တစ်လုံးသည် အိမ်ခြံဝန်းအနောက်ဖက်ရှိ ရေအိုင်ထဲကျခဲ့သည်။ သို့သော် ဒုတိယအကြိမ်ပစ်လိုက်သော လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲခဲ့ပါ။ တတိယလက်နက်ကြီးတစ်လုံးသည် ၎င်းအိမ်ရှေ့အုတ်ခုံခြေရင်းတွင် ကျရောက်ပေါက် ကွဲခဲ့သည်။ 

ပထမလက်နက်ကြီးတစ်လုံးပေါက်ကွဲစဉ် ဒေါ်အ----အိမ်ဘေးကပ်ရပ်၌ နေထိုင်သော မဘ----၏သမီးနှစ်ဦးအား ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ဒေါ်အ---သည် ဒဏ်ရာရရှိသည့်မိန်းကလေး (၂)ဦး၏အဖွားဖြစ်သည်။  သမီးကြီးဖြစ်သူ  မဆ---သည် အသက် (၁၄) နှစ်ရှိပြီး သူမ၏ဘယ်ဖက်လက်ချောင်းများနှင့် ညာဖက်လက်မောင်း၌ ထိမှန်ဒဏ်ရာရရှိခဲ့သည်။ သမီးငယ်ဖြစ်သူ မဒ---သည် အသက် (၇) နှစ်အရွယ်ရှိပြီး သူမ၏နဖူး၌ ထိရှဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျည်စ များသည် ၎င်းတို့၏နေအိမ်ကို ထိမှန်ခဲ့ရာ လုံးဝပျက်စီးသွားခဲ့သည်။ ထိုပျက်စီးသွားသော၎င်းတို့အိမ်ကို ပြန်လည်ပြုပြင် ပါက ကုန်ကျစရိတ်ငွေကျပ် ၅,၀၀၀,၀၀၀ ခန့်ရှိမည်။

ဒုတိယလက်နက်ကြီးနှင့် တတိယလက်နက်ကြီး (၂)လုံးမပစ်ခတ်မီအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသော မိန်းကလေးနှစ် ဦးနှင့် ထိုဒေသရှိရွာသားများအားလုံး အခြားနေရာသို့ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ထို့ကြောင့် အခြားရွာသားများ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ကျန်းမာရေးဝန်ထမ်းများသည် မဆ---ကို ဆေးကုသမှု ခံယူနိုင်ရန် မြန်မာစစ်တပ်မှ စီမံခန့်ခွဲသော တောင်ငူမြို့ရှိ အဘ---ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ထိုဆေးရုံ၌ သူမ၏ လက်ချောင်းများထဲ စတီးရိုးထည့်ပြီးချုပ်ခဲ့ရသည်။  သို့သော် သူမ၏လက်ချောင်းများသည် အရင်ပင်ကိုကဲ့သို့ မလုပ် ရှားနိုင်တော့ပါ။ PDF ကျန်းမာရေးဝန်ထမ်းများမှ သူမ၏လမ်းခရီးကိုစီစဉ်ဆောင်ရွက်ပေးသောကြောင့် လမ်းပန်းဆက် သွယ်ရေး၌ အခက်အခဲမရှိခဲ့သော်လည်း သူမ၏ဆေးကုသမှုစရိတ်အတွက် ကျပ်ငွေ ၂,၀၀၀,၀၀၀ ကုန်ကျခဲ့ပါသည်။ မဒ---၏ဒဏ်ရာကို အိမ်၌သာကုသခဲ့ပါသည်။  

၎င်းတို့မိသားစုသည် မည်သူ့ဆီကမှ အထောက်အပံ့မရရှိခဲ့သည့်အပြင် ဆေးကုသမှုကုန်ကျစရိတ်အားလုံးကိုလည်း ပေး ဆောင်ခဲ့ရသည်။ ထို့ကြောင့် ဤမိသားစုသည် ငွေကြေးအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့မိသားစုသည် တစ်နေ့လုပ်မှ တစ်နေ့စားရသည့်သူများဖြစ်ကြသည်။ သူတို့မှာ စုဆောင်းထားသည့်ငွေလည်း မရှိပါ။

ထိုတစ်နေ့ထဲတွင် ဂျက်လေယာဉ်တစ်စီးသည် နံနက် (၁၀) နာရီနှင့် (၁၁) နာရီကြားတွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ သည်။ ရွာသားများသည် လက်နက်ကြီးကျပေါက်ကွဲပြီးနောက်  တိမ်းရှောင်နိုင်ခဲ့သောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပါ။ သို့သော် ကိုဃ---နှင့်ကိုဖ----တို့၏အိမ်(၂)လုံးသည် လုံးလုံးပျက်စီးသွားခဲ့သည်။ ထို့အပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဂ---၏အိမ်ကိုလည်းထိမှန်ပျက်စီးခဲ့သည်။

ရွာသားများ၏ထွက်ဆိုချက်အရ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် အသက် (၄၀) နှစ်အရွယ်ရှိ  ဦးဟ---၏အိမ်နောက်ဖက်မီးဖိုချောင်နားတွင် ကျပေါက်ကွဲခဲ့ သည်။ ၎င်း၏မိသားစုဝင်များသည် အရင်ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။

ရွာသားများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ-၇၃) မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အအ---ကျေးရွာအား ပစ်မှတ်ထားပြီး  လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တင်ပြခဲ့ပါသည်။ ထိုနေ့၌ လက် နက်ကြီး (၈) လုံးထက်မနည်းပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ဖြစ်ပွားခဲ့သည်။ စုစုပေါင်းလက်နက်ကြီး မည်မျှပစ်ခတ်ခဲ့သည်ကို အတိအကျမသိရှိရပါ။  ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဧ---၏ပြောကြားချက်အရ လူနေအိမ် (၈) လုံး ထိမှန်ပျက်စီးခဲ့သည်။

Mon, 01 Jun 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်းတိုကို မြေ ပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ # 26-102-D1 နှင့် # 26-102-A1-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်