Wed, 27 May 2026
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - မြန်မာစစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေါ်ဖားခိုမြို့နယ်ရှိ အသက် (၁၆) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ် (၆) လုံးလည်းထိခိုက်ပျက်စီး (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည်‌ တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့်လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်များကို ဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေ‌‌ဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်မှ ဝေထူးကျေးရွာအုပ်စုရှိ အဘ---ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးနှစ်လုံးလာရောက်ကြဲချခဲ့ကာ ရွာသားများ၏ နေအိမ်ခြောက်လုံးထိခိုက်ပျက်စီးသွားခဲ့သည်။ ထို့နောက်၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင် တိုက်လေယာဉ်တစ်စီးသည်  ဝေထူးကျေးရွာအုပ်စုရှိ အဒ---ကျေးရွာအတွင်းသို့ ဗုံးနှစ်လုံးလာရောက် ကြဲချခဲ့ကာ အသက် ၁၆ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါမိန်းကလေးအား ကရင်ကျန်းမာ ရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) မှ စီမံကွပ်ကဲသည်ဟုယူဆရသည့် ဝေထူးကျေးရွာအုပ်စုရှိ အဗ--- ဆေးခန်းသို့ ပို့ ဆောင်ခဲ့ပြီး ၎င်းဒဏ်ရာအား   ဆေးကုသပေးခဲ့သည်။ [1]

 

 

၂၀၂၆ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်တွင် SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြန်မာစစ်တပ်ဟုလည်းသိကြသည်) ဒရုန်းတစ်စင်းသည် တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်၊ ဝေထူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ (အဘ--- ဟုလည်းသိကြသည်) ဗုံးနှစ်လုံးလာရောက်ကြဲချခဲ့ပါသည်။ [အခင်း ဖြစ်ပွားသည့်အချိန်တွင် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ကြားသိရပါသည်။] ပထမဗုံးတစ်လုံးသည် ရွာ အပြင်ဘက်သို့ ကျရောက်ခဲ့ပြီး [ထိခိုက်ဒဏ်ရာရမှုနှင့်ထိခိုက်ပျက်စီးမှုမရှိကြောင်း ကြားသိရသည်။] ဒုတိယဗုံးတစ်လုံး သည် ကျေးရွာအထက်ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားများ၏ နေအိမ်ခြောက်လုံးပျက်စီးခဲ့သည်။

ပထမဗုံးတစ်လုံးကျရောက်ပေါက်ကွဲပြီးနောက်တွင် ရွာသားများသည် ‌ကျေးရွာအနီးရှိ မြစ်ကမ်းပါးတစ်နေရာသို့ ထွက် ပြေးတိမ်း‌ရှောင်ခဲ့ကြပါသည်။ ထို့ကြောင့် ဒုတိယဗုံးတစ်လုံးသည် ကျေးရွာ၏အထက်ပိုင်းသို့ ကျရောက်ပေါက်ကွဲသွား ချိန်တွင် ရွာသားများသည် ၎င်းနေရာမှ [ကျေးရွာ၏အထက်ပိုင်း] မီးခိုးငွေ့များထွက်လာသည်ကို မျက်မြင်တွေ့ခဲ့ကြပါ သည်။ ဒုတိယဗုံးကျ‌ရောက်ပေါက်ကွဲပြီး‌နောက် ရွာသားများသည် ကျေးရွာအတွင်းသို့ ပြန်လာ၍  မည်သည့်အရာများ ပျက်စီးသွားသည်ကို စစ်ဆေးခဲ့ကြပါသည်။ အသက် ၉၁ နှစ်အရွယ်ရှိ သက်ကြီးရွယ်အို ရွာသားတစ်ဦးဖြစ်သည့် ဒေါ်အ--- သည် အသက်ကြီး၍ မပြေးနိုင်တော့သည့်အတွက် အချိန်မီမထွက်ပြေးနိုင်ခဲ့ကြောင်း  ရွာသားများတွေ့ရှိခဲ့သည်။ သူမ သည်အိမ်အောက်၌ ပုန်းအောင်းနေခဲ့ပါသည်။ ထိုဒုတိယဗုံးတစ်လုံးသည် ဒေါ်အ---ပုန်းအောင်းရာနေရာအနီး [ရှောက်ပင်တစ်ပင်]ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပါသည်။ [သူမသည် မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပါ။] ရွာသူ ရွာသားများ သည် သူမအား နှစ်သိမ့်စကားများဖြင့် အားပေးခဲ့ကြသည်။  

ဒုတိယအကြိမ် ဒရုန်းကြဲချသည့်(ဗုံး)တစ်လုံးသည် ရှောက်ပင်တစ်ပင်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ဗုံးကွဲစများ သည် အခြားစိုက်ပျိုးပင်များနှင့် ရွာသားများ၏နေအိမ်ခြောက်လုံးကိုလည်း ထိမှန်ခဲ့ပါသည်။ အများစုသည် ရွာသား များ၏နေအိမ်ခေါင်မိုးများကို ထိမှန်ပျက်စီးခဲ့သည်။ နေအိမ်ခြောက်လုံး၏ပိုင်ရှင်များမှာ စောဘ--- (အသက် ၆၂ နှစ်), ဦး ဆ--- (အသက် ၅၃ နှစ်), စော ဒ--- (အသက် ၄၁ နှစ်), ဦး ဃ--- (အသက် ၅၈ နှစ်), ဦး ဗ--- (အသက် ၅၁ နှစ်) နှင့် ဂ--- (အသက်၄၉ နှစ်) တို့ဖြစ်သည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း စောဟ---အား မေးမြန်းရာတွင် ထိုဒရုန်းဗုံးကြဲတိုက်ခိုက်မှုသည် ရေသာဖြူအရပ် (ဝေထူးကျေးရွာအုပ်စု)တွင် အခြေစိုက်သော အောင်ချမ်းသာတပ်စခန်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆ ရကြောင်း ၎င်းကဆိုပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ သင် တန်းဆင်းအခမ်းအနားအား ‌ကျေးရွာမှ ၁.၅ မိုင် (၂.၄ ကီလိုမီတာ) အကွာရှိနေရာတစ်နေရာတွင် ကျင်းပခဲ့ကြောင်း ၎င်းက ဆက်လက်ဆိုခဲ့ပါသည်။ ထို့အပြင်၊ ဒရုန်းဗုကြဲတိုက်ခိုက်မှုသည် (PDF) တပ်ဖွဲ့ဝင်တို့၏သင်တန်းဆင်းအခမ်း အနားကိုပစ်မှတ်ထားပြီး [ကျေးရွာကိုမဟုတ်ကြောင်း] ၎င်းမှထင်မြင်ယူဆပါသည်။ သို့သော်၊ ထို [ဒရုန်း] သည် ကျေးရွာ အား (PDF) တပ်ဖွဲ့တို့၏သင်တန်းဆင်းအခမ်းအနားနေရာနှင့်လွဲမှား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေ့လယ် (၁၂း၃၀) မိနစ်ဝန်းတွင် SAC ၏တိုက်လေယာဉ်တစ်စင်းသည် ပေါင် ၂၅၀ အလေးချိန်ရှိသော ဗုံးနှစ်လုံးအား ဝေထူးကျေးရွာအုပ်စု၊ အဒ--- [အဃ---ဟုလည်းသိကြသည်] ကျေးရွာအတွင်းသို့ လာ ရောက်ကြဲချခဲ့ကာ ရွာသားတစ်ဦးအား [ကလေး]  ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ဖြစ်စဥ်ဖြစ်ပွားချိန်တွင် အသက် ၁၆ နှစ်အရွယ် မဧ---သည် [ဘုရားကျောင်းဝင်းအနီးရှိ] စမ်းချောင်းတစ်ခုတွင် ဟင်းသီးဟင်းရွက်များ၊ ကောက်ကောက်ညွှန့် များနှင့်ဟင်းနုနွယ်ပင်များခူး၍ ငါးဖမ်းနေစဉ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ SAC ၏တိုက်လေယာဉ်တစ်စင်းမှ ပေါင် ၂၅၀ အလေးချိန်ရှိသော ဗုံးကြီးနှစ်လုံးအား ကြဲချခဲ့ပြီး အဒ---ရွာရှိ စနေသင်း (SDA) ဘုရားကျောင်းဝင်းအတွင်း ကျရောက် ခဲ့သည်။ ပထမဗုံးတစ်လုံးသည် မြေပြင်ပေါ်သို့ကျရောက်ခဲ့ကာ [မပေါက်ကွဲသေးဘဲကျန်ရှိနေပြီး KHRG မှ ထိုမပေါက်ကွဲ သေးသည့် ဗုံးကြီးအားဘာဖြစ်သွားသည်ကို မကြားသိရပေ။] ဒုတိယဗုံးတစ်လုံးသည် သစ်ပင်တစ်ပင်ပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ဗုံးကွဲစများလွင့်စင်သွားကာ အသီးအရွက်နှင့် ငါးများရှာဖွေနေသည့် မဧ---အား သူမ၏ဘယ်ဘက်ပုခုံး ပြင်တွင်  ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ PDF [စစ်သားများ] သည် ထိုဒဏ်ရာရရှိသော မဧ--- အား ဝေထူးကျေးရွာအုပ်စု၊ အဗ---‌‌‌ဆေးခန်းသို့ ဆိုင်ကယ်ဖြင့်ပို့ဆောင်ခဲ့ပြီး သူနာပြုဆရာမတစ်ဦးမှ သူမ၏ဒဏ်ရာကို ဆေးထည့်၍ ကုသပေးခဲ့ပါ သည်။ အင်တာဗျူးတစ်ခုတွင် သူမက ထိုဆေးခန်းသည် KDHW [ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန] မှ စီမံခန့်ခွဲ သည့်ဆေးခန်းဖြစ်ကြောင်း ယူဆရသည်ဟု ဆိုပါသည်။ မဧ---အနေဖြင့် ဆေးကုသမှုအတွက် အခကြေးငွေပေးရန်မလို ပါ၊ သို့သော်လည်း သူမသည် စေတနာအလျောက် အလှူငွေပေးခဲ့ပါသည်။

Wed, 27 May 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်ဧပြီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတိုသည်‌ မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၆) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-21-D1 ၊ #26-21-A1-I1 ၊ #26-21-P1 ၊ 26-126-D1 ၊ 26- 126-A1-I1 နှင့် #26-126-P1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်