ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ခလယ်လွီထူ (ညောင်လေးပင်ခရိုင်)၊ မူး (မုန်းမြို့နယ်)၊ မူးအထူးဒေသတွင် ဖြစ်ပွားခဲ့သည် အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက် ၁၁း၁၅ အချိန်တွင် ဗမာစစ်တပ်၏ တိုက်လေယာဥ်တစ်စင်းသည် မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ ဗုံးလေလုံးကြဲချခဲ့ပါသည်။ ထိုကဲ့သို့ဗုံးကြဲခဲ့ခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးခြင်း၊ အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအပါအဝင် ရွာသားနှစ်ဦးသည် ၎င်းတို့၏နေအိမ်တွင်နေထိုင်စဥ် ဒဏ်ရာရရှိသွားခဲ့ပါသည်။ ထို့အပြင်၊ ရွာသားများ၏နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) လုံးပျက်စီးသွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုပြီးသည့်နောက် တစ်အချို့သောရွာသားများသည် ပို၍လုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသောရွာသားများသည် ကြောက်ရွံ့မှုဖြင့် ကျေးရွာထဲတွင်ဆက်လက်နေထိုင်ခြင်းနှင့် အမြဲတစေနိုးကြားနေရမည်ဖြစ်ပြီး ရွာသားအများစုသည် ဗုံးခိုကျင်းထဲတွင် အိပ်ကြပါသည်။၊[1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
လေကြောင်းတိုက်ခိုက်မှု (ဗမာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာ သားတစ်ဦးသေးဆုံးခြင်း၊ ရွာသားနှစ်ဦးဒဏ်ရာရရှိခြင်နှင့် ရွာသားများ၏နေအိမ် |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေး ရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
အမည် |
ဦးအ--- |
ဦးဘ--- |
ဦးဆ--- |
|
အသက် |
၇၅ နှစ် |
၅၅ နှစ် |
၂၇ နှစ် |
|
ကျား/မ |
ကျား |
ကျားမ |
မ |
|
လူမျိုး |
ဗမာ |
ဗမာ |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
မသိရပါ |
မသိရပါ |
|
အလုပ်အကိုင် |
သုဘရာဇာ |
မသိရပါ |
မသိရပါ |
|
ကိုးကွယ်သည့် ဘာသာ |
မသိရပါ |
မသိရပါ |
မသိရပါ |
|
ရာထူးအဆင့် |
မသိရပါ |
မသိရပါ |
မသိရပါ |
|
နေရပ် ရွာအမည် |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ မြပဲခူးကျေးရွာ အုပ်စု၊ အအ--- ကျေး ရွာ |
ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်၊ မူးအထူးဒေသ၊ မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊မူးအထူးဒေသ၊ မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|||
|
လေယာဥ်အမျိုးအစား |
ပင်မတပ် |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိအမည် |
|
တိုက်လေယာဥ် |
မြန်မာစစ်တပ်၏ လေတပ် |
မသိရှိရ |
ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ မြန်မာ့တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်(လေ) |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ကျွန်ုပ် [KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦး] သည် ဤအဖြစ်ပျက်နှင့်ပတ်သက်၍ အအ--- ရွာသားတစ်ဦးဖြစ်သူ ကိုဧ--- နှင့်ဆက်သွယ်ခဲ့ပြီး ၎င်းမှ ကျွန်ုပ်အား မှုခြင်းအဖြစ်အပျက်ကိုပြောပြခဲ့ပါသည်။ ကျွန်ုပ် [KHRG သတင်းမှတ် တမ်းပြုစုသူတစ်ဦး] သည် အအ--- ကျေးရွာသို့သွားခဲ့ပြီး ကျူးလွန်ခံရသူ၏ မိသားစုဝင်တစ်ဦးဖြစ်သော မတ--- နှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ ကျွန်ုပ် [KHRG သတင်းမှတ် တမ်းပြုစုသူတစ်ဦး] သည် မှုခင်းအဖြစ်အပျက်ကိုလည်း ဓာတ်ပုံရိုက်ယူခဲ့ပါသည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်ုပ်အား သတင်းအချက်အလက်ပေးသောသူများသည် ထိုဒေသတွင်ရှိသော KNU ဒေသခံအာဏာပိုင်များနှင့် အချို့သောအချက်အလက်ပေးသူများသည် အခင်းဖြစ်ပွားသည့်အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ခဲ့ရသော ကျူးလွန်ခံရသူများဖြစ်ကြပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁း၁၅ အချိန်တွင် ဗမာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဥ်တစ်စင်းသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ ဗုံး (၄) လုံးကြဲချခဲ့ပါသည်။ ကျေးရွာအတွင်းသို့ ဗုံးအားလုံးသည် ကျရောက်ပေါက်ကွဲသွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးဘ--- သည် ၎င်း၏နေအိမ်ထဲတွင်ရှိနေစဥ် ဗုံးအပိုင်းအစထိမှန်ခဲ့ခြင်း၊ ဦးအ--- သည် ၎င်း၏မိသားစုနှင့် နေအိမ်အောက်တွင်ထိုင်နေစဥ် ဗုံးအပိုင်းအစထိမှန်ခဲ့ခြင်းနှင့် မဆ--- သည် ၎င်း၏နေအိမ်အောက်တွင်ရှိနေစဥ် ဗုံးအပိုင်းအစထိမှန်ခဲ့ပါသည်။ ထို့အပြင်၊ ရွာသားများ၏နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) လုံးပျက်စီးသွားခဲ့ပါသည်။ ရွာသားများသည်တိုက်လေယာဥ်လာရောက်၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ကို မသိခဲ့ကြသဖြင့် ဒဏ်ရာရသေဆုံးခြင်းနှင့် ပျက်စီး ခြင်းများဖြစ်ပေါ်ခဲ့ပါသည် [လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အချိန်တွင် ရွာထဲတွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခဲ့ ခြင်းမရှိပါ]။
လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသောသူမှာ အသက် (၅၅) နှစ်ရှိ ဦးဘ--- ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွင်ဒဏ်ရာရရှိကြသူများမှာ အသက် (၇၅) နှစ်ရှိ ဦးအ--- နှင့် အသက် (၂၇) နှစ်ရှိ မဆ--- တို့ဖြစ်ကြပါသည်။ ဦးဘ--- သည်ဗုံးစထိမှန်ပြီး ၎င်းကျောကုန်းတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ဦးအ--- သည် ၎င်း၏ညာဘက်လက်မောင်းတွင်ဒဏ်ရာရရှိခဲ့ပြီး မဆ--- သည် ညာဘက်ပါးတွင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။ ထို့အပြင်၊ ဦးဘ--- ၏နေအိမ်၊ ဒေါ်ဝ---၏နေအိမ်နှင့် ဦးအ--- တို့နေအိမ်များ၏သွပ်မိုးများနှင့် နံရံများပျက်စီးသွားခဲ့ပြီး ဘုန်းကြီးကျောင်း၏နံရံလည်း အနည်းငယ်ပျက်စီးသွားခဲ့ပါသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် ဦအ--- နှင့် ဦးဘ--- တို့ကို မူးအထူးဒေသ၊ ကျောက်ပြကျေးရွာအုပ်စု၊ အဘ--- ကျေးရွာရှိ အဘ--- ဆေးခန်းသို့ ကုသမှုခံယူရန်အတွက် ကားဖြင့်ပို့ဆောင်ပေးခဲ့ကြပါသည်။ အဆိုပါဆေးခန်းကို KDHW [ကရင်ကျန်းမာရေးနှင့် လူမှုဖှူလှုံရေးဌာန] မှ ဖွင့်လှစ်ထားပါသည်။ မဆ--- မှာမူ ဒဏ်ရာအနည်းငယ်သာရရှိခဲ့သဖြင့် အခြားရွာထဲတွင်သာဆေးကုသမှုခံယူခဲ့ပါသည်။ ဦးဘ--- သည် လေကြောင်းတိုက်ခိုက်သည့် ထိုနေ့ရက် နေ့လည်တွင် ဆေးခန်းသို့ပို့ဆောင်ခံရပြီးသည့်နောက် သေဆုံးသွားခဲ့ပါသည်။ လေးရက်ကြာပြီးနောက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဦးအ--- သည် ပြန်လည်သက်သာလာခဲ့ပြီး ဆေးခန်းမှပြန်ဆင်းလာခဲ့ပါသည်။ ဦးအ--- သည် ကုသမှုအတွင် ငွေကြေးမပေးဆောင်ခဲ့ရပါ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုပြီးသည့်နောက် ရွာသားအားလုံးသည် လေယာဥ်ထပ်မံလာရောက် ပစ်ခတ်မည်ကိုကြောက်ရွံ့ကြသဖြင့် ရွာသားအချို့သည် ၎င်းတို့၏ လယ်ယာများနှင့် စိုက်ခင်းများ၊ အချို့ရွာသားများသည် အနီးအနားကျေးရွာများဖြစ်ကြသော ဘအ--- နှင့် ဘဘ--- ကျေးရွာများသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိကြသော ရွာသားများသည် ကြောက်ရွံ့မှုဖြင့်နေထိုင်နေကြ ရပြီး အချို့တို့သည်ညဖက်အချိန်တွင် ဗုံးခိုကျင်းထဲ၌ အိပ်စက်ကြပါသည်။
ဦးအ--- ၏သမီးဖြစ်သော မတ--- မှ ယခုကဲ့သိုရှင်းပြခဲ့ပါသည်။ “ကလေးတွေအော်သံကို ကျွန်မကြားတယ်။ ‘လေယာဥ်လာနေပြီး’ ပြီးတော့၊ ကျွန်မဗုံးခိုကျင်းထဲကို မဝင်ခင် ဗုံးကကျပြီးနေပြီ။ ဗုံးပေါက်ကွဲပြီးတဲ့နောက်မှာ ကျွန်မတို့တွေကထွက်ပြေးဖို့ကြောက်ကြတယ်။ နောက်တော့ ကျွန်မတို့အဒေါ်က ကျွန်မတို့ကိုခေါ်ပြီး ကျွန်မတို့အဖေ [ဦးအ---] ထိမှန်သွားပြီးလို့ပြောပြီး ကျွန်မတို့ကို ကလေးတွေကိုခေါ်ခိုင်ပြီး အိမ်နောက်ဘေးဘက်ကိုပြေးခိုင်းလို့ ကျွန်မတို့တွေ အနောက်ဘက်ခြမ်းကိုပြေးသွားခဲ့တယ်။ ဗမာစစ်တပ်က ဘာလို့လာပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရတာလဲဆိုတာ ကျွန်မ မသိဘူး။ [...] လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လေယာဥ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတွေအတွက် သတိနဲ့နေနေရတယ်။ အသံကြားတာနဲ့ ကျွန်မတို့တွေ ဗုံးခိုကျင်းထဲဝင်နေကြတယ်။ ကျွန်မတို့ အဲ့ဒီလိုပဲနေနေရတယ်။ လေယာဥ်နဲ့လာပစ်လို့ ကျွန်မလုံခြုံဘူးလို့ခံစားရပြီး ကြောက်တဲ့အတွက် ထမင်းမစားနိုင်ဘူး။ ကျွန်မက တခြားရွာသားတစ်ဦးရဲ့ဗုံးခိုကျင်းထဲမှာအိပ်တယ်။ သူတို့ကတော့ အိမ်ထဲမှာ ကျွန်မကိုအိပ်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက အိမ်ထဲမှာ မအိပ်ရဲ ဘူး။ ဒါကြောင့် ဗုံးခိုကျင်းထဲမှာပဲအိပ်တယ်။”
ဗမာအာဏာသိမ်းစစ်တပ်၏ ဤကဲ့သို့သော လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းဖြင့်တိုက်ခိုက်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် မူးအထူးဒေသတွင်နေထိုင်နေကြသော အရပ်သားများသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီးနေရာထိုင်ခင်းအခက်အခဲ၊ အစားအစာပြတ်လပ်မှုနှင့် ဖျားနာမှုများကို ရင်ဆိုင်ကြုံတွေ့နေကြရပြီး စိုးရိမ်ကြောက်ရွံ့မှုဖြင့်အမြဲတစေနေထိုင်နေကြရပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ကျွန်ုပ်တို့အား သတင်းအချက်အလက်များပေးသော မတ--- နှင့်အခြားသောကျူးလွန်ခံရသူနှစ်ဦး၏ မိသားစုဝင်များ သည် ဤသတင်းအချက်အလက်များကို အသုံးပြုရန်အတွက် KHRG ကို ခွင့်ပြုချက်အပြည့်အဝပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤအစီ ရင်ခံစာသည် လက်ခံရရှိထားသော အစီရင်ခံစာအချို့ကို KHRG အတွင်းအသုံးပြုသော မှတ်တမ်းနံပါတ်များဖြင့် ပေါင်းစပ်ထားသည်။ #26-56-I1၊ #26-56-A1-I1 နှင့် #26-56-M1။
