ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ် ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်နေ့မှစ၍ မြန်မာစစ်တပ်သည် စစ်အစိုးရရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြာအင်းဆိပ်ကြီးမြို့ အနီးတစ် ဝိုက်တွင် စစ်သားများပို၍ထားရှိပြီး လုံခြုံရေးကိုတင်းကြပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာစစ် တပ်ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၂) မှ စစ်သားများသည် တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာကို ဒရုန်း ဖြင့်တိုက်ခိုက်၍ ရော်ဘာခြံထဲတွင်အလုပ်လုပ်နေသည့်ရွာသားနှစ်ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် စောအ--- သည် ဒဏ်ရာအလွန်ပြင်းထန်သဖြင့် ၎င်းကို ထိုနေ့တွင်ပင် ဘုရားသုံးဆူမြို့ရှိဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံ၊ ကန်ချနိုင်းပူရီခရိုင်နယ်စပ်အနီးတွင်တည်ရှိသည်။) အစီရင်ခံစာ ကာလအတွင်း ၎င်းအနေဖြင့် ဆေးရုံမှမဆင်းနိုင်ခဲ့ပေ။ အကြောင်းမှာ ၎င်းဒဏ်ရာမှာရှိသည့်ဗုံးအစကို ဖယ်ရှားမည်ဆို လျှင် ၎င်းမျက်လုံးကိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများသည် ၎င်းအား ဒုတိယအကြိမ်ခွဲစိတ်ကုသမှုပြု လုပ်ရန်ုလိုအပ်နေသေးသည်။ အဆိုပါဒဏ်ရာရရှိသည့်ရွာသားနှစ်ဦး၏မိသားစု များသည် မည်သည့်ငွေကြေးအကူအညီမှမရရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့မိသားစုသည် ဆွေးမျိုးသားချင်းများဆီမှ ငွေချေး၍ ဆေးကုသမှုကုန်ကျစရိတ်ကိုပေး ဆောင်ခဲ့ရသည်။ တစ်ချို့ရွာသားများလည်း မြန်ုမာစစ်တပ်မှ ရွေးကောက်ပွဲအတွက် နယ်မြေအတွင်း လုံခြုံရေးတပ်သား များထားရှိသည့်အကြောင်းကိုကြားသိရှိရပြီးနောက် ကြောက်ရွံ့ကြပြီး အခြားနေရာသို့ ပြေးပုန်းရှောင်ခဲ့သည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
(လေကြောင်းတိုက်ခိုက်မှု) မြန်မာစစ်တပ်၏ဒရုန်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ် ဦးထိမှန်ဒဏ်ရာရရှိ |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
|
အမည် |
စောဘ--- |
စောအ--- |
|
အသက် |
၄၀ နှစ် |
၄၃ နှစ် |
|
ကျား/မ |
ကျား |
ကျား |
|
လူမျိုး |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
ရှိ |
|
အလုပ်အကိုင် |
ခြံ |
ခြံ |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါက လိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါက လိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
(မြန်မာစစ်တပ်) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၂) |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာ အင်းဆိပ်ကြီးမြို့ (ဆိပ်ကြီးမြို့ဟုလည်း ဒေ သခံများခေါ်ဝေါ်ကြသည်။) |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
(မြန်မာစစ်အအစိုးရမှ ကျင်းပသော) ၂၀၂၆ ခုနှစ်ရွေးကောက်ပွဲကာလအတွင်း SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ) စစ်သားများသည် ကြာအင်းဆိပ်ကြီးမြို့ရှိ ရွေးကောက်ပွဲမဲရုံနယ်မြေဒေသအတွင်း သွားလာလှုပ်ရှားနေလျှက်ရှိ သည်။ (ကြာအင်းဆိပ်ကြီးမြို့ကို ဒေသခံများက ဆိပ်ကြီးမြို့ဟုလည်းခေါ်ဝေါ်ကြသည်။) အကယ်၍ တစ်စုံတစ်ခုဖြစ်ပွား လာလျှင် ကျွန်တော့်ကို (KHRG သတင်းစုဆောင်းသူ) အကြောင်းကြားရန် အအ---ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အား ပြောပြခဲ့သည်။ ဤဖြစ်စဉ်အကြောင်းကို ကျွန်တော် (KHRG သတင်းစုဆောင်းသူ) သိရှိခဲ့ရသည့်အကြောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကိုပြောပြခဲ့ခြင်းဖြစ်သည်။ (ထို့အပြင် KHRG သတင်းစုဆောင်းသူသည် ကျေးရွာ လုံခြုံရေးတာဝန်ရှိသူ မောင်က---၊ ဗုံးထိမှန်ဒဏ်ရာရရှိသူ၏ယောက္ခမဖြစ်သူ နော်စ---နှင့်ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ် သည့်စောဘ--- တို့အား အင်တာဗျူးခဲ့ပါသည်။) |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
(KHRG သတင်းစုဆောင်းသူသည်) ကျေးရွာလုံခြုံရေးတာဝန်ရှိသူ မောင်က---၊ ဗုံးထိမှန်ဒဏ်ရာရရှိသူနှင့် ၎င်း၏ယော က္ခမတို့အား အင်တာဗျူးခဲ့ပါသည်။ ထို့ကြောင့် ဤသတင်းမှန်ကန်ကြောင်းဆိုနိုင်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၆ ခုနှစ်အတွင်း SAC သည် (မြန်မာစစ်တပ်) ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကို ဆက် လက်ထိန်းချုပ်နေဆဲဖြစ်သည်။ KNU သည် (ကရင်အမျိုးသားအစည်းအရုံး) ထိုမြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။ SAC သည် (မြန်မာစစ်တပ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့တွင် (ရွေးကောက်ပွဲအလွန်ကာလ) ရွေးကောက်ပွဲကို ကျင်းပရန်အစီအစဉ်ရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ မြန်မာစစ်တပ်ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃)၊ (၂၈၄) နှင့် (၃၂) တပ်ရင်းများမှ စစ်သားများသည် ကြာအင်းဆိပ်ကြီးမြို့အနီးတစ်ဝိုက်တွင် လုံခြုံရေးကင်းချ၍ သွားလာလှုပ်ရှားနေလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် SAC စစ်သားများသည် (မြန်မာစစ်တပ်) ကင်းစောင့်နေသည့်ကာလအတွင်း ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ တခါကလိုးကျေးရွာအုပ်စု၊ အဘ--- ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို သူမ၏ခြံထဲတွင် ပစ်သတ်ခဲ့သည်။
ရက်အနည်းအကြာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ (၄)နာရီခန့်တွင် SAC ခလရ (၃၂) သည် (ကြာအင်း ဆိပ်ကြီးမြို့အနီး) အအ--- ကျေးရွာအနီးရှိ ရော်ဘာခြံထဲတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးသည် ရော်ဘာခြံထဲရှိ ရွာသားတစ်ဦး၏တဲအိမ်အရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အချိန်တွင် ရွာသားများက ရော်ဘာခြံထဲတွင် အလုပ် လုပ်နေသည်။ ဗုံးပေါက်ကွဲ၍ အအ--- ကျေးရွာမှ ဒေသခံရွာသားနှစ်ဦးအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွား သည့်အချိန်တွင် ရွာသားတစ်ဦးဖြစ်သူ စောဘ--- (၄၀နှစ်) သည် တဲအိမ်ထဲတွင်ရှိနေပြီး စောအ--- သည် (၄၃နှစ်) တဲအိမ် အောက်တွင်ရှိနေခဲ့သည်။ စောဘ---မှာ သူ၏ဘယ်ခြေထောက်ခြေမတွင် ဒဏ်ရာရရှိခဲ့သည်။ စောအ---မှာ သူ၏မျက်နှာ နှင့်ဘယ်ဖက်တင်ပါးတွင် ဗုံးစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဗုံးအစတစ်ခုသည် သူ၏မျက်နှာတွင် စိုက်ဝင်ပြီးကျန် ရှိနေသည်။ အဆိုပါဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးသည် ယောက်ဖများဖြစ်ကြသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောဘ--- သည် KHRG အား ယခုလိုပြောပြသည်။ “အခြားသူတွေပြောတာကြားမိတာက အခြေအနေမကောင်းဘူးတဲ့။ ထမင်းစားပြီးရင် ရွာကိုပြန်မယ်လို့စီစဉ်ထားတာ။ မပြန်ခင်မှာ ဒရုန်းတစ်စီးက ကျွန်တော်တို့အပေါ်ကို ပျံဝဲလာတယ်။ ကျွန် တော်တို့တွေ မပြေးခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒရုန်းက ကျွန်တော်တို့ကို ဗုံးကြဲချမှာကြောက်တယ်။ အဲဒါနဲ့ ဗုံးက ကျွန်တော်တို့တဲအိမ်အရှေ့မှာ ကျသွားတယ်။ အခင်းဖြစ်တဲ့အချိန်မှာ ကျွန်တော့်ယောက်ဖက တဲအိမ်ထဲမှာရှိနေတယ်။ ကျွန်တော်တို့ကိုထိမှန်ပြီးဒဏ်ရာရပြီးနောက်မှာ အနီးအနားမှာ ဘယ်သူ့ကိုမှရှာမတွေ့ဘူး။ သူ့ရဲ့ဒဏ်ရာက (စောအ---) ပြင်းထန်တယ်။ ကျွန်တော်က ခြေမမှာဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို ဆိုင်ကယ်ပေါ်တင်ပြီး ရွာကိုပြန် ခေါ်လာခဲ့တယ်။”
စောဘ--- သည် ဒဏ်ရာအနည်းငယ်သာရရှိပြီး စောအ--- ကိုဆိုင်ကယ်ပေါ်တင်၍ ရွာကိုပြန်ခေါ်လာနိုင်ခဲ့သည်။ စောဘ--- သည် ဆိုင်ကယ်ကိုဖြေးဖြေးမောင်း၍ ညနေ (၅) နာရီခန့်တွင် ရွာကိုပြန်ရောက်လာသည်။ စောအ--- သည် ဒဏ်ရာ ပြင်းထန်စွာရရှိ၍ ၎င်းဆွေမျိုးတစ်ဦးက သူ့အား ဘုရားသုံးဆူမြို့ရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ (ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံ၊ ကန်ချနိုင်းပူရီခရိုင်နယ်စပ်အနီးတွင်တည်ရှိသည်။) ထိုညတွင် စောဘ---လည်း အအ--- ဆေးခန်းသို့သွား၍ ၎င်း၏ခြေမဒဏ်ရာအတွက် ဆေးကုသမှုခံယူခဲ့သည်။ (အအ--- ဆေးခန်းသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန - KDHW မှ စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။)
ဒဏ်ရာရရှိသူ၏ယောက္ခမဖြစ်သူ နော်စ--- ကလည်း KHRG အား ဤသို့ပြောပြသည်။ “ရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်မကြားတယ်။ ကျွန်မကြောက်မိနေခဲ့တယ်။ တစ်ချို့ရွာသားလည်း ရွာကနေထွက်ပြေးပုန်းရှောင်ကြတယ်။ မြန်မာ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ကျွန်မကြားတယ်။ အဲဒါနဲ့သူတို့က စစ်သားတွေကိုပိုပြီး ကင်းချထားတယ်။ (…) သူတို့က (ဒဏ်ရာရရှိသူများ) ကျွန်မကို ဖုန်းနဲ့ခေါ်ပြီးပြောပြတယ်။ သူတို့ကိုရွာပြန်လာခိုင်းတယ်။ (ဘာဖြစ်လို့လဲဆို တော့ ကင်းစောင့်နေတဲ့စစ်သားတွေအများကြီးပဲလေ။) ဖုန်းပြောပြီးခဏအကြာမှာ ဒရုန်းတစ်စီးက ရောက်လာတယ်။ အဲဒါနဲ့ သူတို့က ကျွန်မကိုနောက်တစ်ခေါက်ထပ်ခေါ်ပြီး အကြောင်းကြားတယ်။ သူတို့တွေဒဏ်ရာရနေတယ်တဲ့။ ရွေး ကောက်ပွဲလုပ်နိုင်ဖို့အတွက် ပြည်သူတွေကို ထိခိုက်အောင်လုပ်တာတွေ၊ သတ်ဖြတ်တာတွေကို မလုပ်သင့်ဘူး။ ကျွန်မ တို့က ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တယ်။ မြန်မာစစ်တပ်က သူတို့တွေ ရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတယ်။ ဒါ ပေမဲ့ သူတို့က ဒရုန်းတွေနဲ့လိုက်ပြီးရမ်းသမ်းဗုံးကြဲတော့တာပဲ။”
အစီရင်ခံစာကာလအတွင်း (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့) စောအ--- သည် ဆေးရုံမှမဆင်းနိုင်သေးပါ။ ကျန်းမာ ရေးဝန်ထမ်းများက သူ၏မျက်နှာတွင်စိုက်ဝင်နေသည့်ဗုံးအစကို ဖယ်ရှားနိုင်ခြင်းမရှိသေးပါ။ ထိုဗုံးစကို ဖယ်ရှားမည်ဆို လျှင် သူ၏မျက်လုံးကိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများက ထိုဗုံးစကို ဖယ်ရှားနိုင်ရန်အတွက် ဒုတိယအကြိမ်ခွဲစိတ်ကုသမှုလုပ်ရန်လိုအပ်နေသည်။ စောအ--- သည် ပဏာမအနေဖြင့် ဆေးကုသမှုစရိတ်ကို ဘတ်ငွေ (၃၀၀၀) ဝန်းကျင်ပေးဆောင်ခဲ့ရသည်။ စောအ--- သည် မည်သည့်ငွေကြေးအကူအညီမှ လက်ခံရရှိခြင်းမရှိခဲ့ပါ။ ၎င်း၏ မိသားစုသည် ဆွေမျိုးသားချင်းများဆီမှ ငွေချေးပြီး ဆေးကုသမှုစရိတ်ကို ပေးဆောင်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လက်ခံရရှိသည့်သတင်းအရ အအ--- ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရ သည့်တစ်ချို့ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာနေထိုင်နိုင်ခြင်းမရှိသေးပါ။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဤသတင်းအကြောင်းအရာကို အသုံးပြုရန်ခွင့်ပြုချက်ရထားပါသည်။ (ဒဏ်ရာရရှိသူစောဘ---နှင့် သူ၏ယောက္ခမတို့က ဤသတင်းကို ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။) |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၄) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-47-I1 ၊ #26-47-A1-I1၊ #26-47-A2-I1 နှင့် #26-47-A3-I1 တို့ဖြစ်သည်။
