ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော မိုင်းပေါက်ကွဲမှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဘားအံမြို့နယ်၊ ဘဃ--- ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာမှ ရွာသားတစ်ဦးသည် ငါးသွားရှာဖမ်းရန် ဘဃ--- ကျေးရွာအုပ်စု၊ အဆ--- ကျေးရွာသို့သွားခဲ့သည်။ ငါးရှာဖမ်းပြီးနောက် ၎င်းသည် အခြားရွာသားတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ဘားအံ မြို့နယ်၊ ဘဘ--- ကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာသို့သွားလည်ရန် ဆိုင်ကယ်တစ်စီးဖြင့် အတူတကွသွားခဲ့သည်။ ဘဘ--- ကျေးရွာအုပ်စု၊ ဘဘ---နေရာတွင်ရောက်ရှိသည့်အခါတွင် မိုင်းကြိုးကိုတိုက်မိ၍ပေါက်ကွဲသွားပြီး ၎င်းတို့နှစ်ဦး အားထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဆွဲမိုင်းကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) မှ ထောင်ထားခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် DKBA တပ်ဖွဲ့သည် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို ဆဟ--- ကျေးရွာအုပ်စုရှိ အဃ--- ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ထိုရွာသားနှစ်ဦးကို ဆေးကုသမှုစရိတ် မပေးခဲ့ပေ။ ဒဏ်ရာရရှိသည့်ရွာသားတစ်ဦးသည် ယခင်ကဲ့သို့ပုံမှန်လမ်းလျှောက်၍မရနိုင်တော့ပါ။ ဒဏ်ရာရသည့် အခြားရွာသားတစ်ဦးလည်း ဒဏ်ရာပျောက်ကင်းခြင်းရှိ၊မရှိ မသိရသေးပါ။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
(မြေမြှုပ်မိုင်း) ဆွဲမိုင်းပေါက်ကွဲမှုဖြစ်စဉ် |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဘဘ--- ကျေးရွာအုပ်စု၊ ဘဆ--- နေရာ (ဘဆ--- နေရာကို ဘဟ--- နေရာဟုလည်းခေါ်ဝေါ်ကြသည်) |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
|
အမည် |
စောအ--- |
စောဘ--- |
|
အသက် |
၄၀ နှစ် |
၃၇ နှစ် |
|
ကျား/မ |
ကျား |
ကျား |
|
လူမျိုး |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
အိမ်ထောင်ကွဲ |
|
အလုပ်အကိုင် |
လယ်ယာ |
ကိုင်း |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
|
နေရပ်ရွာအမည် |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဘဃ---ကျေး ရွာအုပ်စု၊ အဘ--- ကျေးရွာ (ဘဃ---အုပ်စုကို ဆဘ--- အုပ်စုဟုလည်းခေါ်ဝေါ်ကြသည်) |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဘဃ---ကျေး ရွာအုပ်စု၊ အဒ---ကျေးရွာ (ဘဃ---အုပ်စုကို ဆဘ--- အုပ်စုဟုလည်း ခေါ်ဝေါ်ကြသည်) |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) တပ်ဖွဲ့ များ (တပ်ရင်း၊ တပ်ခွဲအမှတ်မသိရ) |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မယ်က ရောကျေးရွာအုပ်စု၊ ကျားဂူနေရာရှိ ကြာအင်းပေါ်တော်မူကျောင်း |
စောဘိုဘိ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ဘဃ--- ကျေးရွာအုပ်စုမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောက---သည် (လုံခြုံရေးအရ ၎င်း၏ရာထူးအသေးစိတ် ကိုမဖော်ပြ) ပေါက်ကွဲမှုအသံတစ်ခုကိုကြားခဲ့သည်။ ထို့နောက် ၎င်းသည် ပေါက်ကွဲမှုဖြစ်သည့်နေရာကိုသွားရောက်စစ် ဆေးခဲ့ပြီး ရွာသားတစ်ဦးမှာ ဆွဲမိုင်းထိမှန်၍ ဒဏ်ရရခဲ့သည်ကို သိရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဖြစ်စဉ် ကိုစစ်ဆေးသိရှိပြီးနောက် ၎င်းသည် (စောက---) ကျွန်တော့်ကို (KHRG သတင်းစုဆောင်းသူ) အကြောင်းကြား၍ ဤဖြစ် စဉ်ကိုပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) အဆ--- ကျေးရွာသို့သွား၍ ဒဏ်ရာရရှိ သည့်ရွာသားတစ်ဦးဖြစ်သူ စောအ--- အား တွေ့ဆုံအင် တာဗျူးခဲ့ပြီး သတင်းမှတ်တမ်းပြုစုခဲ့သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ဤသတင်းဖြစ်စဉ်သည် မှန်ကန်ကြောင်းဆိုနိုင်ပါသည်။ ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) မိုင်းထိမှန်၍ ဒဏ်ရာရခဲ့သည့်ရွာသား စောအ--- အား ကိုယ်တိုင်အင်တာဗျူးခဲ့သည်။ ထို့အပြင် ဓာတ်ပုံသက်သေများကိုလည်း ရိုက်ယူ ခဲ့သည်။ (KHRG သတင်းစုဆောင်းသူသည် စောအ--- ၏ဇနီးဖြစ်သူ နော်ဂ--- ကိုလည်း မေးမြန်းခဲ့ပါသည်။) |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဘဃ--- ကျေးရွာအုပ်စုမှ (ဆဘ--- အုပ်စုဟုလည်းခေါ်ဝေါ်ကြသည်) ရွာသားနှစ်ဦး သည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဘဘ--- ကျေးရွာအုပ်စုရှိ ဘဆ--- နေရာတွင် ဆွဲမိုင်းထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ (ဘဆ--- နေရာကို ဘဟ--- နေရာဟုလည်းခေါ်ဝေါ်ကြသည်။)
ဖြစ်စဉ်မှာ ဘဃ--- ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာတွင်နေထိုင်သည့်ရွာသား စောအ--- (ခေါ်) စောဒ--- သည် ဘဃ--- ကျေးရွာအုပ်စု၊ အဆ--- ကျေးရွာတွင် ပိုက်ကွန်ဖြင့်ငါးဖမ်းရန်အတွက် ထွက်သွားခဲ့သည်။ ငါးဖမ်းပြီးနောက် ၎င်းသည် (စောအ---) သူ၏သူငယ်ချင်းဖြစ်သူ စောဘ---နှင့်တွေ့ဆုံခဲ့သည်။ စောဘ---သည် အဆ---ကျေးရွာတွင်နေထိုင်သည့် ရွာသားတစ်ဦးဖြစ်သည်။ (သို့သော် ယခင်က သူသည် ဘဃ--- ကျေးရွာ အုပ်စု၊ အဒ--- ကျေးရွာတွင်နေထိုင်ခဲ့ဖူးသည်။) ထို့နောက် ၎င်းတို့သည် (ဘဘ--- ကျေးရွာအုပ်စု) ဘဘ--- ကျေးရွာသို့သွားလည်ရန် သဘောတူဆုံးဖြတ်ခဲ့သည်။ ၎င်းတို့ ခရီးနင်သည့်အချိန်သည် မိုးစချုပ်နေပြီးဖြစ်သည်။ စောအ---သည် ဆိုင်ကယ်ကိုမောင်းပြီး စောဘ---သည် ဆိုင်ကယ် နောက်တွင်ထိုင်၍လိုက်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဘဘ--- ရွာသို့မသွားခင်တွင် အရက်သောက်ခဲ့ကြသည်။
၎င်းတို့သည် (ဘဘ--- ရွာသို့သွားသည့်ခရီးလမ်းတွင်) ဘဆ--- နေရာတွင်ရောက်ရှိသည့်အခါတွင် လမ်းခလယ်ရှိ ကျောက်တုံးတစ်လုံးကို ရုတ်တရက်ရှောင်လိုက်ရာမှ ဆိုင်ကယ်အနောက်ဘီးမလွတ်ဘဲ မိုင်းကြိုးကိုတိုက်မိ၍ ပေါက်ကွဲ သွားခဲ့သည်။ အဆိုပါဆွဲမိုင်းကို လမ်း၏ဘယ်ဖက်နေရာတွင် ထောင်ထားခဲ့သည်။ ထို့ကြောင့် မိုင်းစများသည် ၎င်းတို့နှစ် ဦး၏ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းကို လွင့်စင်ထိမှန်ခဲ့ပါသည်။ (ထိုဒေသတွင် DKBA တစ်ဖွဲ့သာ သွားလာလှုပ်ရှားနေသည့် အတွက် DKBA စစ်သားများသည် အမှုဖြစ်စဉ်ကိုကိုင်တွယ်၍ ဒဏ်ရာရသည့်ရွာသားများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ သည်။ ဒေသခံရွာသားများသည် ၎င်းဆွဲမိုင်းကို DKBA အဖွဲ့က ထောင်ထားခဲ့ကြောင်း ယုံကြည်ကြသည်။)
ဆိုင်ကယ်မောင်းသည့်စောအ---သည် လည်ပင်းအနောက် ပခုံး၏အထက်တွင်မိုင်းစရှ၍ ထိမှန်ထားပြီး ဘယ်ဖက်ပေါင် တွင် မိုင်းစနှစ်စနှင့်ဒူးအောက်နားရှိ အရိုးနှင့်အကြောကိုလည်း မိုင်းစတစ်စထိမှန်ထားပါသည်။ စောဘ---သည် ဘယ် ဖက်ခြေထောက်တစ်ချောင်းလုံးနှင့်ကျောတစ်ပြင်လုံး မိုင်းစများလွင့်စင်ထိမှန်ခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက် DKBA စစ်သားများသည် ၎င်းတို့နှစ်ဦးကို အဃ---ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် (ဒဏ်ရာရသူများ) ဆေးကုသမှုစရိတ်အတွက် (သို့မဟုတ် လျော်ကြေးအဖြစ်) DKBA ထံမှ ကူညီထောက်ပံ့မှုများမရရှိခဲ့ပါ။ အဃ--- ဆေးရုံ သည် SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) စီမံအုပ်ချုပ်သောဆေးရုံဖြစ်ပြီး ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဆဟ--- ကျေးရွာအုပ်စုတွင်တည်ရှိသည်။
DKBA ဆွဲမိုင်းထိမှန်၍ဒဏ်ရာရခဲ့သူ စောအ---သည် KHRG အား ယခုလိုပြောပြသည်။ “ပေါက်ကွဲမှုဖြစ်ပြီး နောက်မှာ သူတို့က (DKBA စစ်သားများ) ရောက်လာတယ်။ သူတို့က ကျွန်တော်တို့ကို သေနတ်နဲ့ထုထောင်းမယ့်အချိန်မှာ ကျွန် တော်တို့က ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှမပက်သက်ပါဘူးလို့ သူတို့ကိုပြောပြတယ်။ လက်အုပ်ချီပြီး သူတို့ကို တောင်း ပန်တယ်။ အဲဒါနဲ့ သူတို့က ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းတယ်။ ပြီးတော့ သူတို့အထက်လူကြီးတစ်ဦးဆီက ဖုန်းလာ တယ်။ သူတို့အချင်းချင်းစကားပြောပြီးနောက်မှာ ကျွန်တော်တို့ကို ကားအမဲတစ်စီးပေါ်ကို တက်ခိုင်းတယ်။ ကားက vigo ကားလား၊ ဘာကလားလဲတော့မသိဘူး။ ကျွန်တော်တို့က ကားအနောက်မှာ လိုက်ပါစီးခဲ့တယ်။ ပြီတော့ သူတို့က ကျွန်တော်တို့ကို ဆေးဝါးကုသဖို့အတွက် အဃ---ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။” စောအ---သည် ဤသို့ဆက်လက် ပြောပြသည်။ “ပြီးတော့ ဆေးဆရာက ကျွန်တော်တို့ရဲ့အနာပေါ်မှာရှိနေတဲ့မိုင်းစတွေကို ခွဲနှုတ်ပေးတယ်။ ပြီးတော့ လည်း စောဘ---ရဲ့ကြောပြင်မှာ ထင်ကျန်နေတဲ့မိုင်းအစအသေးအမွှားတွေကို လိုက်နှုတ်ပေးတာ မြင်လိုက်မိတယ်ပေါ့ နော်။ နောက်တော့ (ဘားအံမြို့နယ်၊ ဆဟ--- ကျေးရွာအုပ်စုရှိ) ဘမ--- ကျေးရွာမှာနေတဲ့စောဘ---ရဲ့တစ်ဝမ်းကွဲက ကျွန်တော်တို့ကို လာကြိုတယ်။ အဲဒီညမှာ သူ့အိမ်မှာပဲအိပ်လိုက်တယ်။ နောက်နေ့မနက်ရောက်တော့ သူ့ရဲ့ဝမ်းကွဲ အကိုက ကျွန်တော်တို့ကို သုံးဘီးဆိုင်ကယ်နဲ့အိမ်ပြန်ပို့ပေးခဲ့တယ်။”
စောအ--- သည် ၎င်းကျေးရွာသို့ပြန်ရောက်လာပြီး လည်ပင်းအနောက်ဒဏ်ရာနှင့်ပေါင်ဒဏ်ရာမှာ သက်သာလာခဲ့သည်။ (၎င်းသည် ဆေးကုသမှုစရိတ်ကို ပေးဆောင်ရန်မလိုခဲ့ပေ။ အကြောင်းမှာ ထိုဆေးရုံရှိ ကျန်းမာရေးလုပ်သားများသည် ၎င်းအား ရင်းနှီးသိကျွမ်းကြပြီး သနားမိသောကြောင့်ဖြစ်သည်။) သို့သော်လည်း စောအ---သည် ဒူးအောက်နားထိမှန် ထားသော ဒဏ်ရာသည် သက်သာပျောက်ကင်းမှုမရှိသေးသောကြောင့် ယခင်လိုပကတိအတိုင်း လမ်းလျှောက်ရတာ အားသိပ်မရတော့ပေ။ တစ်ခါတစ်လေတွင် ထုံကျင်ကိုက်ခဲသောကြောင့် ခြေထောက်ကိုကြိုးနှင့်ချိတ်ပြီး မတင်ရသည့် အခြေအနေရှိကြောင်း သူက ဆိုပါသည်။ (စောအ--- သည် ယခင်လိုအလုပ်ပြန်မလုပ်နိုင်သည့်အတွက်ကြောင့် သူ၏ မိသားစုစားဝတ်နေရေးအား ထိခိုက်မှုရှိစေသည်။) စောအ--- မှာ ဇနီးနှင့်သားနှစ်ဦးရှိသည်။
အခြားတဖက်မှာ စောဘ---သည် အိမ်ထောက်ကွဲဖြစ်၍ သမီးတစ်ဦးရှိသည်။ သူ၏ဇနီးသည် အိမ်ထောင်ထပ်မံပြုခဲ့ သည်။ ပဏာမဆေးကုသမှုခံယူပြီးနောက် စောဘ----သည် သူ့မိခင်ရှိရာ အဒ---ကျေးရွာသို့ပြန်သွား၍ ဆေးကုသမှု ထပ် မံခံယူခဲ့သောကြောင့် ၎င်း၏ကျန်းမာရေးအခြေအနေကို မသိရှိခဲ့ရပါ။
အပြစ်မရှိသည့်ရွာသားနှစ်ဦးသည် ယခုလိုဆွဲမိုင်းထိမှန်၍ ဒဏ်ရာရသည့်အခြေအနေနှင့်ပတ်သက်၍ ဒေသခံရွာသား များသည် DKBA အဖွဲ့က ၎င်းမိုင်းကိုထောင်ထားခဲ့သည်ဟုယုံကြည်ကြသည်။ DKBA အနေဖြင့် ၎င်းဖြစ်စဉ်ကို ပြန်လည် တုံ့ပြန်ခြင်းမရှိသလို ဒဏ်ရာရရှိသည့်ရွာသားများအတွက် ဆေးကုသမှုစရိတ်ကိုလည်း ကူညီထောက်ပံ့ပေးခြင်းမရှိခဲ့ပါ။ စောအ---၏ဇနီးဖြစ်သူ နော်ဂ---က ယခုလိုရှင်းပြသည်။ “သူတို့တွေမိုင်းထိပြီးနောက် နောက်တစ်မနက်အထိမှာ ဆိုင် ကယ်က အခင်းဖြစ်တဲ့နေရာမှာ ရှိနေတုန်းပဲ။ ဆိုင်ကယ်မော်ဒယ်က Wave Fi အမျိုးအစားတစ်စီးပါ။ ဆိုင်ကယ်တစ်စီး လုံးမှာ ယမ်းငွေ့ယမ်းသက်တွေပဲအနံ့ရတယ်။ ဆိုင်ကယ်က မောင်းလို့ရတယ်။ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ဆိုင်ကယ်ကာဗာ ကတော့ မိုင်းစအနည်းငယ်ထိသွားတာပေါ့။”
စောဘိုဘိဦးဆောင်သော DKBA တပ်ဖွဲ့များသည် ကြာအင်းပေါ်တောမူကျောင်းထိုင်ဆရာတော် ဦးနဒ္ဒသာရနှင့် ပေါင်းပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တပ်ဖွဲ့ဝင်များ၏ကွပ်ကဲမှုအောက်တွင်လစာယူ၍ တာဝန်ထမ်း ဆောင်နေလျှက်ရှိသည်။ ထို့ကြောင့် ၎င်းတပ်ဖွဲ့ဝင် (DKBA) များသည် SAC ၏ခိုင်းစေမှုကိုလိုက်နာ၍ အရှိန်မြင့်လာနိုင် သည့် KNU (ကရင်အမျိုးသားအစည်းအရုံး) ၏အုပ်ချုပ်ရေးနှင့် KNLA (ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်) ၏စစ်ရေးယန္တရားများကို အားနည်းလာအောင် နည်းမျိုးစုံဖြင့်ဆောင်ရွက်နေလျှက်ရှိသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဤသတင်းအကြောင်းအရာများကို အသုံးပြုရန်အတွက် မိုင်းထိမှန်သူ စောအ---နှင့်၎င်း၏ဇနီးဖြစ်သူ နော်ဂ---တို့က ခွင့် ပြုချက်ပေးထားပါသည်။ SAC နှင့်၎င်းလက်အောက်ခံပူးပေါင်းတပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တစ်နေ့ တစ်နေ့ကျုးလွန်သည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-286-I1 နှင့် #25-286-A1-I1 တို့ဖြစ်သည်။
