ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်တွင်ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၉ ရက်နေ့တွင် မူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာနှင့်မူးမြို့နယ်၊ မြောင်းမကုန်းကျေးရွာအုပ်စု၊ အဘ---ကျေးရွာတို့ကြားရှိ လမ်းမပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ အအ---ရွာမှ ရွာသား နှစ်ဦးသည် မြစ်ချောင်းကမ်းနားတွင်ငါးရှာဖမ်းနေရင်း တံတားတစ်ခုအနီးမှာ ရောက်ရှိလာသောအချိန်တွင် မြေမြှုပ်မိုင်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မောင်အ--- သည် မြစ်ချောင်းထဲမှထွက်လာ၍ ကုန်းပေါ်သို့ပြန်တက်သည့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောင်းထားသောမြေမြှုပ်မိုင်းတစ်လုံးကို မတော်တဆနင်းမိခဲ့သည်။ PDF အနေဖြင့် ဒေသအတွင်း သွားလာလှုပ်ရှားနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများကို ပစ်မှတ် ထားတိုက်ခိုက်ရန်အတွက် အဆိုပါမြေမြှုပ်မိုင်းကို ထောင်ထားခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းထိမှန်၍ မောင်အ---၏ ဘယ်ဖက်ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိပြီး ခြေထောက်ကိုဖြတ်ခဲ့ရသည်။ သူ၏သူငယ်ချင်းလည်း ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ မောင်အ--- ကို မူးမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ အဒ--- ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဒ---ဆေးရုံသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) ၏စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။ ဒဏ်ရာအနည်း ငယ်ရရှိသည့် မောင်အ---၏သူငယ်ချင်းကိုမူ ဒေသခံ PDF ဆေးမှူးတစ်ဦးက ၎င်းအား ဆေးကုသပေးခဲ့သည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
မြေမြှုပ်မိုင်းထိမှန်၍ ရွာသားများဒဏ်ရာရရှိမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာနှင့် မြောင်းမကုန်းကျေးရွာအုပ်စု၊ အဘ--- ကျေးရွာတို့ကြားရှိ တံတားတစ်ခုမှာ ဖြစ် ပွားခဲ့သည် |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
|
အမည် |
မောင်အ--- |
|
အသက် |
၁၇ နှစ် |
|
ကျား/မ |
ကျား |
|
လူမျိုး |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
မရှိ |
|
အလုပ်အကိုင် |
နေ့စား |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
|
နေရပ် ရွာအမည် |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
PDF (ပြည်သူ့ကာကွယ်ရေး တပ်မတော်) စစ်သားများ |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ အဆ---ကျေးရွာ |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) အဃ--- ကျေးရွာအုပ်စုမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ (လုံခြုံရေး အတွက် ၎င်း၏ရာထူးအသေးစိတ်ကိုဖော်ပြ၍မရပါ) စောဘ--- ဆီသို့သွားရောက်လည်ပတ်သည့်အချိန်တွင် ဤသတင်း အကြောင်းအရာကိုသိရှိခဲ့ရခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာရရှိသည့်ရွာသားတစ်ဦးသည် (မူးမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ အဒ--- ကျေးရွာရှိ) အဒ--- ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း စောဘ---က ကျွန် တော့်ကို (KHRG သတင်းစုဆောင်းသူ) ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) ထိုဆေးရုံသို့သွား၍ သတင်းသွားကောက်ယူခဲ့သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ဤဖြစ်စဉ်သည် မြေမြှုပ်မိုင်းထိမှန်၍ ဒဏ်ရာရရှိသည့်ရွာသားတစ်ဦး၏အကြောင်းဖြစ်သည်။ ထိုရွာသား၏နာမည်သည် မောင်အ--- ဖြစ်ပြီး ၎င်းသည် ဒေါ်ဆ--- ၏သားဖြစ်သည်။ ဒေါ်ဆ--- သည် ကျွန်တော့်ကို (KHRG သတင်းစုဆောင်းသူ) ဤသတင်းဖြစ်စဉ်အား ပြောပြခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသည် သားဖြစ်သူကို အဒ--- ဆေးရုံသို့ကိုယ်တိုင်လိုက်ပို့ ပေးခဲ့သူဖြစ်သည်။ သားဖြစ်သူဆေးရုံတက်ရသည့်အချိန်တွင် သူမလည်း ဆေးရုံတွင် သားကိုပြုစုစောင့်ရှောက်ခဲ့သည်။ သူမအနေဖြင့် သားဖြစ်သူဒဏ်ရာရရှိသည့်အကြောင်းစုံကို သိရှိရသူတစ်ဦးဖြစ်သည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာမှ မောင်အ--- နှင့်သူ၏သူငယ်ချင်းနှစ်ဦးတို့သည် အအ---ကျေးရှိ မြစ်ချောင်းထဲတွင် ငါးဖမ်းရှာရန် ဆိုင်ကယ်ဖြင့် ထွက် သွားခဲ့သည်။ ၎င်းတို့၏ဆိုင်ကယ်များကို တံတားတစ်ခုပေါ်တွင် ကျန်ထားခဲ့သည်။ ၎င်းတံတားသည် အအ--- ကျေးရွာ နှင့်အဘ--- ကျေးရွာအကြားတွင်ရှိသည်။ အဘ--- ကျေးရွာသည် မူးမြို့နယ်၊ မြောင်းမကုန်းကျေးရွာအုပ်စုတွင် တည်ရှိ သည်။
နေ့လယ်မွန်းတည့်ချိန်ရောက်ခါနီး (၁၁) နာရီဝန်းကျင်တွင် ၎င်းတို့ဗိုက်ဆာလာသည်။ ထို့ကြောင့် ၎င်းတို့သည် နေ့လယ် စာစားရန်အတွက် မြစ်ချောင်းထဲမှတစ်ဖြည်းဖြည်းထွက်လာပြီး ၎င်းတို့ဆိုင်ကယ်များထားရှိရာနေရာသို့ ပြန်သွားခဲ့ သည်။ ၎င်းတို့ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထမင်းဗူးများကို ထားရှိထားပါသည်။ ဆိုင်ကယ်ရှိရာနေရာသို့ ပြန်သွား သည့်အခါတွင် မောင်အ---၏သူငယ်ချင်းနှစ်ဦးသည် မြစ်ချောင်းထဲမှ ကမ်းပေါ်သို့တက်ခဲ့သည်။ (မောင်အ---က ဆက် လက်ငါးရှာနေခဲ့သည်။)
ထို့နောက် မနက် (၁၁း၃၀) မိနစ်တွင် မောင်အ--- သည် မြစ်ချောင်းထဲကနေ ကမ်းပေါ်သို့တက်လာခဲ့သည်။ ကမ်းပေါ်သို့ ရောက်အခါတွင် သူသည် မြေမြှုပ်မိုင်းတစ်လုံးကို မတော်တဆနင်းမိ၍ ပေါက်ကွဲသွားခဲ့သည်။ ကမ်းပေါ်တွင် ရောက်နှင့် နေပြီးဖြစ်သော သူ၏သူငယ်ချင်းတစ်ဦးက အရှေ့တွင်လမ်းလျှောက်နေသည့်အတွက်ကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲမှု တွင် ထိမှန်ခြင်းမရှိပဲဒဏ်ရာမရခဲ့ပါ။ သို့သော် အခြားသူငယ်ချင်းတစ်ဦးက မြေမြှုပ်မိုင်းအစထိမှန်၍ ဒဏ်ရာအနည်းငယ် သာရရှိခဲ့သည်။ ဒဏ်ရာအနည်းငယ်သာရရှိသည့်သူငယ်ချင်းဖြစ်သူကို ဒေသခံ PDF ဆေးမှူးတစ်ဦးက ဆေးကုသပေးခဲ့ သည်။ မည်သို့ပင်ဖြစ်စေ KHRG အနေဖြင့် မောင်အ---၏ သူငယ်ချင်းနှစ်ဦးအကြောင်းကို အသေးစိတ်မေးမြန်း ရယူခြင်းမရှိခဲ့ပါ။
မောင်အ---သည် ပြင်းထန်စွာဒဏ်ရာရရှိပြီး အကူအညီလှမ်းတောင်းခဲ့သည်။ သို့သော်လည်း သူ၏သူငယ်ချင်းနှစ်ဦးက မြေမြှုပ်မိုင်းပေါက်ကွဲသည့်အချိန်တွင် တုန်လှုပ်ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် မောင်အ---ကို ပြန်လည်ကြည့်ရှု၍မရဲပဲ အခင်းဖြစ်ပွားသည့်နေရာမှ ထွက်ပြေးခဲ့သည်။ မောင်အ--- သည် ဒဏ်ရာကြောင့် သူ၏ဆိုင်ကယ်ဆီရာသို့ တွားသွား၍ ရောက်အောင်ကြိုးစားခဲ့သည်။ သို့သော် ဆိုင်ကယ်သို့မရောက်ရှိနိုင်ခဲ့ပေ။ ထို့နောက် (မည်သည့်အရပ်ကလာတဲ့မသိရ သော) ခရီးသွားသည့်ရွာသားတစ်ဖွဲ့သည် မောင်အ---ကို လမ်းပေါ်တွင်တွေ့ရှိခဲ့သည်။ ထိုရွာသားများက မောင်အ---ကို ကူညီ၍ သူ၏အိမ်သို့ ဆိုင်ကယ်ဖြင့်ပို့ဆောင်ခဲ့သည်။
အအ--- ကျေးရွာမှ မောင်အ---၏မိခင်ဖြစ်သူ အသက် (၅၀)အရွယ် ဒေါ်ဆ---သည် သူမ၏သားဒဏ်ရာနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့်ဖြစ်စဉ်ကို ယခုလိုပြောပြသည်။ “အခင်းဖြစ်တဲ့နေရာကနေ ကျွန်မအိမ်ကိုဆိုင်ကယ်နဲ့ပြန်လာရင် မိနစ် (၃၀)ကြာတယ်။ သူအိမ်ကိုရောက်တဲ့အချိန်မှာ သူသွေးထွက်လွန်နေပြီးလေ။ အဲဒါကြောင့် (PDF) ဂိတ် (စစ်ဆေးရေး ဂိတ်) ကို အကြောင်းကြားပြီး (PDF) ဆေးမှူးရောက်လာတယ်။ ပြီးတော့ သူက သားကိုအရေးပေါ်ဆေးကုသပေးလိုက် တယ်။ (…) အဲဒါပြီးတော့ သားကို စက်လှေနဲ့တစ်နေရာကိုခေါ်သွားတယ်။ (…) စက်လှေနဲ့ခေါ်သွားပြီးနောက် သူ့ကို ကားနဲ့ခေါ်သွားပြန်တယ်။ (ဆိုင်ကယ်၊ စက်လှေ၊ ကားနဲ့) သုံးခါခေါ်သွားပြီးနောက်မှာ ကျွန်မတို့တွေ (အဒ--- ကျေးရွာ မှာရှိတဲ့) ဆေးရုံကိုရောက်သွားခဲ့တယ်။ မနက် (၁၁) နာရီဝန်းကျင်မှာ သူဒဏ်ရာရတယ်။ ညနေ (၅) နာရီဝန်းကျင်မှာ ဆေးရုံကိုရောက်တယ်။” (အဒ--- ဆေးရုံသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသော ဆေးရုံဖြစ်သည်။)
ဒေသခံရွာသားများ၏ပြောပြချက်အရ ၎င်းမြေမြှုပ်မိုင်းကို အဘ---နှင့်အဆ--- ကျေးရွာများတွင်အခြေစိုက်သည့် PDF စစ်သားများက ထောင်ထားခဲ့သည်။ ၎င်းတို့သည် (PDF) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများ ပုံမှန် သွားလာလှုပ်ရှားနေသောလမ်းတစ်လျှောက်တွင် ထောင်ထားခဲ့သည်။ အကြောင်းမှာ PDF အနေဖြင့် SAC စစ်သားများမှ ၎င်းတို့ (PDF) တပ်စခန်းသို့လာရောက်ချီတက်မည်ဆိုပါက မိမိကိုယ့်ကို ကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းကို ထောင် ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အအ--- ကျေးရွာမှ အဆိုပါရွာသားများသည် (မောင်အ---နှင့်သူ့သူငယ်ချင်းများ) ငါးရှာဖမ်းရန် အဘ--- တံတားတွင်ရောက်ရှိသည့်အချိန်တွင် တံတားအနီးရှိ လမ်းပေါ်တွင် မြေမြှုပ်မိုင်းထောင်ထားခဲ့ ကြောင်းကို မသိရှိခဲ့ရပါ။ ထို့ကြောင့် မောင်အ--- သည် မြေမြှုပ်မိုင်းထိမှန်၍ သူ၏ဘယ်ဖက်ခြေထောက်မှာ ဒဏ်ရာပြင်း ထန်စွာရရှိပြီး အဒ--- ဆေးရုံတက်ရသည့်အထိဖြစ်ခဲ့ရသည်။ ဒဏ်ရာအလွန်ပြင်းထန်သောကြောင့် မောင်အ---၏ခြေ ထောက်ကို ဖြတ်ခဲ့ရသည်။ ဆေးရုံက ဆေးကုသမှုကို အခမဲ့ပေးခဲ့သည်။ သို့သော်လည်း စေတနာရှိသလောက် ပေးလှူ ရန် မောင်အ---၏မိသားစုကို ပြောပြခဲ့သည်။
မောင်အ---၏မိခင်ဖြစ်သူ ဒေါ်ဆ---က ဤသို့ထပ်မံပြောပြသည်။ “သူတို့က (PDF) သူတို့ရဲ့ရန်သူတွေ (SAC စစ်သား များ) သူတို့ကိုလာတိုက်ခိုက်မှာကို ကြောက်တယ်လေ။ အဲဒါကြောင့် သူတို့က ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် မြေမြှုပ်မိုင်းကိုထောင်ထားခဲ့တယ်။ ပြီးတော့ မြေမြှုပ်မိုင်းထောင်တာကိုလည်း ကျွန်မတို့ကိုအသိမပေးဘူး။ ကျွန်မတို့ရွာ နဲ့တော့ ဝေးတယ်။ အဲဒါကြောင့် အဲနေရာမှာ မြေမြှုပ်မိုင်းထောင်ထားတာကို မသိခဲ့ဘူး။ (…) ကျွန်မတို့ကလေးတွေက (လူငယ်လေးတွေ) အဲဒီနေရာကို (PDF လှုပ်ရှားသောနေရာ) ဖြတ်ပြီးသွားလာခဲ့တယ်။ အဲဒါကြောင့် အခုလိုဖြစ်သွား တာပေါ့။” ဒေါ်ဆ---က သူမ၏သားဆေးကုသမှုခံယူရသည့်အခြေအနေနှင့်ပတ်သက်ပြီး (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်) ယခုလိုရှင်းပြသည်။ “သူ့ရဲ့ခြေထောက်ကို ဖြတ်ခဲ့ရတယ်။ မနေ့ညက (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့) သူ့ခြေ ထောက်ကိုဖြတ်ရမယ်လို့ ဆရာဝန်ကပြောတယ်။ ဒါ ပေမဲ့ (အဲဒီချိန်မှာ) ဆရာဝန်ပြောတာက အတွင်းထဲကဒဏ်ရာတွေ ချုပ်ဖို့အပ်မရှိဘူးတဲ့။ ဒီမနက်မှာ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့) (ကျွန်မသားရဲ့ခြေထောက်ကို) ဖြတ်ရမယ်လို့ သူတို့က ကျွန်မကိုပြောတယ်။ အဲဒါနဲ့ သားကိုအစာမကျွေးဖို့ ကျွန်မကိုလာပြောတယ်။ အခုချိန်မှာ ဆရာမတစ်ဦးလာ ပြောတာက ဆရာဝန်က အိပ်ယာမထသေးဘူးတဲ့။ အဲဒါကြောင့် သားကိုအစာကျွေးချင်ရင် ကျွေးလို့ရတယ်တဲ့။ အဲဒါဆို ရင် ခြေထောက်ဖြတ်ဖို့ပိုအဆင်ပြေသွားမယ်။ (ခြေဖြတ်ရန်ခံနိုင်ရည်လိုအပ်သည်။ ထို့ကြောင့်အစာစားဖို့လိုသည်။) သား လေးက အသက်ငယ်သေးတယ်။ သူ့အသက် (၁၈)နှစ်တောင်မပြည့်သေးဘူး။”
၂၀၂၁ ခုနှစ် SAC အာဏာသိမ်းပြီးနောက် (မြန်မာပြည်အရှေ့တောင်ပိုင်းရှိ) ပြည်သူများသည် SAC ၏ဖမ်းဆီးညှဉ်းပမ်း ခံရခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းနှင့်မြေမြှုပ်မိုင်းထိမှန်သည့်ဖြစ်စဉ်များကို ရင် ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် SAC စစ်လှုပ်ရှားမှုနှင့်ပြည်သူများကို ဖမ်းဆီးညှဉ်းပမ်းနှိပ်စက်ခြင်းအပါအဝင် လက် နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏လှုပ်ရှားမှုများကြောင့် အရပ်သားပြည်သူများသည် သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်ပို၍ ကြုံတွေ့နေရသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
မြေမြှုပ်မိုင်းထိမှန်သည့်ကလေး၏မိသားစုဝင်တစ်ဦးက (မိခင်ဖြစ်သူ) ဤသတင်းဖြစ်စဉ်ကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေး သားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
