Tue, 30 Sep 2025
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့် မှတ်တမ်းလွှာ- SAC ၏ အောင်ဇေယျစစ် ကြောင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော်တရီမြို့နယ်အတွင်း ရွာသားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ရွာသားများ၏နေအိမ်များနှင့် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ရခြင်း (၂၀၂၅ ခုနှစ်၊ ဧပြီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၌ဖြစ်ပွားခဲ့သော ရွာသားများ အားလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုအပါအဝင် အဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာအနီးတွင်အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အောင်ဇေယျစစ်ကြောင်းသည် ရွာသားများအိပ်နေစဥ် အအ--- ကျေးရွာ သို့ လက်နက်ကြီးနှစ် လုံးပစ်ခတ်ခဲ့သဖြင့် ရွာသားနှစ်ဦးဖြစ်သည့် အသက် ၄၁ နှစ်ရှိ နော်အ--- နှင့် အသက် ၂၁ နှစ်ရှိ စောဘ--- တို့ဒဏ်ရာရရှိသွားခဲ့ပါသည်။ အဆိုပါလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွင် နေအိမ်နှစ်လုံး၊ လက်ထွန်စက် တစ်စီး နှင့် လယ်ထွန်ရာတွင်အသုံးပြုသော မီးစက်တစ်လုံးလည်း ပျက်စီးသွားခဲ့ပါသည်။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်အ---

စောဘ---

အသက်

၄၁ နှစ်

၂၁ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

အအ--- ကျေးရွာ

အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရပါ [နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စစ်သားများ]

-

အောင်ဇေယျစစ်ကြောင်း

[အအ--- ကျေးရွာအနီးတောင် ပေါ်၌ယာယီအခြေစိုက်]

  •  

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

[ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊] အဘ--- ကျေးရွာမှ ရွာသားတစ်ဦးသည် [ဤမှုခင်းအကြောင်းအရာကို] KHRG ၏ သတင်းမှတ်တမ်းပြုစုသူအား အကြောင်းကြားခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းသတင်းမှတ်တမ်းပြုစုသူမှ [ကော်တ ရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU)] ခေါင်းဆာင်တစ်ဦးနှင့် ဆက်သွယ်ခဲ့ပါသည်။ ပြီးသည့်နောက် အဆိုပါသတင်းမှတ်တမ်းပြုစုသူမှ အအ--- ကျေးရွာသို့သွားရောက်ခဲ့ပြီး ကျေးရွာလူကြီးနှင့်ပြောခဲ့ပါသည်။ ရွာလူကြီးမှ [မှုခင်းသတင်းအချက်အလက်] ကို သတင်းမှတ်တမ်းပြုစုသူအားရှင်းပြခဲ့ပြီး [မှုခင်းဖြစ်ပွားသည့်နေရာ]တဝိုက်အား လိုက်ပြ ပေးခဲ့ပါသည်။ ထို့နောက် ကျေးရွာလူကြီးသည် ကျူးလွန်ခံသူမိသားစုဝင် [ဒဏ်ရာရရှိသူ] တစ်ဦးနှင့်တွေ့ဆုံရန် သတင်း မှတ်တမ်းပြုစုသူအတွက် စီစဥ်ပေးခဲ့ပါသည်။ သို့သော်လည်း သတင်းမှတ်တမ်းပြုစုသူမှ ဒဏ်ရာရရှိသူနှစ်ဦးနှင့်မတွေ့ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော ၎င်းတို့သည် ဆေးကုသမှုခံယူသည့်နေရာသို့ ပို့ဆောင်ခံလိုက်ရပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။ သတင်းမှတ်တမ်းပြုစုသူသည်  ဒဏ်ရာရရှိသူများထဲမှ တစ်ဦးဖြစ်သောစောဘ--- ၏ မိသားစုဝင်နှစ်ဦးအားမေး မြန်းပြီး ဓာတ်ပုံများရိုက်ယူခဲ့ပါသည်။ သတင်းမှတ်တမ်းပြုစုသူမှ နော်အ--- ၏နေအိမ်သည် တံခါးပိတ်နေခဲ့သဖြင့် [သူမ သည်တစ်ဦးထဲနေပြီး ထိုအချိန်တွင် ဆေးရုံတက်ခဲ့ပါသည်။] ၎င်း၏ မိသားစုဝင်တစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ဆုံနိုင်ခဲ့ ပါ။ သူမ၏မိသားစုဝင်များသည် အခြားကျေးရွာတွင်နေထိုင်ပါသည်။] [KHRG သတင်းမှတ်တမ်းပြုစုသူမှ မှုခင်းဖြစ်ပွား သည့်နေရာတွင်ရှိသည့် ရွာသားအချို့နှင့် သာမှန်စကားပြောဆိုခဲ့ပါသည်။]

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

စောဘ--- ဇနီးနော်ဒ--- နှင့် စောဘ--- ၏ ယောက္ခထီး စောဒ--- တို့မှ [KHRG သတင်းမှတ်တမ်းပြုစုသူ] အား အချက် အလက်ပေးခဲ့ပါသည်။ ကျေးရွာလူကြီးမှလည်း ကျွန်ုပ်အား [သတင်းမှတ်တမ်းပြုစုသူ] အား သတင်းအချက်အလက်ကို ပြောပြခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅  ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ညဖက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် SAC ၏ အောင်ဇေယျစစ်ကြောင်းမှ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖို့ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သဖြင့် အအ--- ကျေးရွာမှ ရွာသားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါသည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံး၊ ရေတွင်းနှင့် လယ်ထွန်စက်တစ်စီး ပျက်စီးသွားခဲ့ပါသည်။ ဒေသခံရွာသားများနှင့် ကျေးရွာလူကြီးမှ ပစ်ခတ်လိုက်သောလက်နက်ကြီးများမှာ ၈၁ မမ လက်နက်ကြီးဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံးကြောင့် ရွာသားနှစ်ဦး လုံး ထိမှန်ဒဏ်ရာရရှိသွားခဲ့ပါသည်။

 

  • စောဘ--- ဒဏ်ရာရရှိမှု

ရွာသားများသည် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် အိပ်နေခဲ့ကြပါသည်။ စောဘ--- သည်ဗိုက်ဆာနေခဲ့သဖြင့် မီးဖိုချောင်သို့သွားရောက် ထမင်းစားခဲ့ပါသည်။ လက်နက်ကြီးသည် ၎င်း၏အိမ်ပေါ်သို့ကျရောက်ခဲ့ပြီး လက်နက်ကြီးအပိုင်းအစများဖြင့် ထိမှန်ခဲ့ပါသည်။ လက်နက်ကြီးပစ်ခတ်မှုပြီးသည့်နောက် ၎င်း၏အိမ်နီးချင်းအပါအဝင် ရွာသားအားလုံး ၎င်းအားလာရောက်ကြည့်ရှုခဲ့ကြပါသည်။ ၎င်းသည် ညာဖက်ပေါင်‌ပေါ်တွင် ဒဏ်ရာရရှိသွားခဲ့ပါသည်။

 

၎င်း၏ယောက္ခထီးဖြစ်သူစောဒ--- မှ ပထမဦးစွာ ၎င်းကို သူနာပြုဆရာမ နော်ဃ--- ၏အိမ်သို့ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက်ဒေသခံခေါင်းဆောင်များမှ ၎င်းအား အအ--- ၏ ကျေးရွာဖက်အပြင်ဖက်ရှိ KNLA/PDF [ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့] စီမံကွပ်ကဲသော ဆေးခန်းတစ်လုံးသို့ ပို့ဆောင်ပေးခဲ့ကြ ပါသည်။ KNLA/PDF ဆေးခန်းမှ စောဘ--- ၏ဆေးကုသမှုအဖိုးအခအား မတောင်းခဲ့ကြပါ။

 

စောဘ--- ၏ ဇနီးဖြစ်သူ နော်ဆ--- မှ KHRG ထံသို့ရှင်းပြခဲ့ပါသည်။ “အရင်က ကျွန်မယောကျ်ားနဲ့ ကျွန်မလယ်ထဲမှာ [နေ့စားအလုပ်သမားတွေအဖြစ်] အတူတူ အလုပ်လုပ်ကြတယ်။ တခါတလေ အိမ်ကို သူပိုက်ဆံပြန်ယူလာနိုင်တယ်။ ဒါပေမဲ့ သူဒဏ်ရာရသွားတဲ့အတွက် [အခုအချိန်မှာ] အိမ်ကို သူပိုက်ဆံပြန်မယူလာနိုင်တော့ဘူး။” [ရလာဒ်အနေဖြင့်] သူမ သည် မိမိကိုယ်တိုင်နှင့် အသက်သုံးနှစ်အရွယ်ရှိသား၏ အသက်မွေးဝမ်းကြောင်းအတွက် [ကိုယ်တိုင်] ထောက်ပံ့ခဲ့ရပါသည်။ သူမမှ “ကျွန်မ ငြိမ်းချမ်းစွာနဲ့နေပြီးအလုပ်လုပ်ချင်တယ်။ ပြီးတော့ ကျွန်မကလေးနဲ့အတူ လွတ်လွတ်လပ်လပ်ခရီးထွက်ချင်တယ်။ ဒါပေမဲ့ အခုတော့၊ ကျွန်မကလေးအပြင်ထွက် ကစားပြီးဆိုရင် သူကိုပြန်ခေါ်တယ်။ ပြီးတော့ ကျွန်မအလုပ်လုပ်တဲ့အချိန်မှာ ကျွန်မသားလေးအတွက် စဥ်းစား [စိုးရိမ်] ရတယ်။” ဟုရှင်းပြခဲ့ပါသည်။

 

  • နော်အ--- ဒဏ်ရာရရှိမှု

နော်အ--- သည် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် အိမ်ထဲ၌ ရှိနေခဲ့ပါသည်။ လက်နက်ကြီးတစ်လုံးသည် သူမ၏အိမ်ခေါင်မိုးပေါ်သို့ကျရောက်ခဲ့ပြီး သူမ၏အိမ်ခေါင်မိုး၊ နံရံ၊ လယ်ထွန်စက်နှင့် လယ်လုပ်ရာတွင်အသုံးပြုသောမီးစက်တစ်လုံးပျက်စီးသွားခဲ့ပါသည်။ သူမသည် ဝမ်းဗိုက်တွင်ဒဏ်ရာရရှိသွားခဲ့ပါသည်။ ဒေသခံခေါင်းဆောင်များမှ သူမကို KNLA/PDF ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြပါသည်။ ထို့နောက်၊ KNLA/PDF ဆေးခန်းတွင် နော်အ--- ၏ ဒဏ်ရာကို ကုသရန်အတွက် ပစ္စည်းကိရိယာလုံလောက်မှုမရှိသဖြင့် နော်အ--- ကို ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင်တည်ရှိသည့် အဆ--- ကျန်းမာရေးကုသရာနေရာသို့ လွဲပြောင်းခဲ့ပါသည်။ [သူမသည် KNLA/PDF ဆေးခန်းနှင့် အဆ--- ကျန်းမာရေးကုသရာ နေရာတွင် ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်ပေးရန်မလိုခဲ့ပါ။]

 

ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူနှစ်ဦးစလုံးသည် အအ--- ကျေးရွာမှဖြစ်ကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင်နော်အ--- ၏ မိသားစုဝင်များသည် မှုခင်းအဖြစ်အပျက်ကိုမသိရှိခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် အပျိုဖြစ်ပြီးအိမ်ထဲတွင်တစ်ဦးထဲသာနေထိုင်ပါသည်။ [သူမ၏မိသားစုဝင်များသည့် အခြားရွာတွင်နေထိုင်ကြပါသည်။]

 

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြပြီး ၎င်းသည် ရွာသားများ၏ အသက်မွေးဝမ်းကြောင်း အန္တရာယ်ကိုပါဖြစ်စေခဲ့ပါသည်။ ၎င်းတို့သည် လူ့အခွင့်အရေးချိုး‌ဖောက်မှုဖြစ်ပါသည်။  အအ--- ကျေးရွာရှိ ရွာသားအချို့ မှ လက်နက်ကြီးများအား SAC စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း KHRG ကို ပြောပြခဲ့ပါ သည်။ KHRG နှင့်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ချိန်တွင် စောဘ--- ၏ဇနီးဖြစ်သူ နော်ဆ--- မှ “အောင်ဇေယျစစ်ကြောင်းကအအ--- ကျေးရွာနဲ့ သိပ်မဝေးတဲ့ တောင်ပေါ်မှာရှိနေတယ်။ အဲ့ဒီမှာ အောင်ဇေယျစစ်ကြောင်းကလွဲပြီး ဘယ်သူမှမနေ ဘူး။” ဟုပြောခဲ့ပါသည်။ သို့သော်လည်း လက်နက်ကြီးကို မည်သည့်နေရာမှ ပစ်ခတ်လိုက်သည်ကို ရွာသားများမသိကြ ပါ။ [KHRG ၏သတင်းမှတ်တမ်းပြုစုသူ၏ ပြောပြချက်အရ အခြားသောလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ကျေးရွာ အနီးတွင်ရှိပါသည်။] 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

တွေ့ဆုံမေးမြန်းခဲ့သည့် ဒဏ်ရာရရှိသူတစ်ဦး၏မိသားစုဝင်များမှ KHRG အား ဤသတင်းအချက်အလက်များကို ဖြန့် ဝေရန်အတွက် ခွင့်ပြုချက်ပေးခဲ့ပါသည်။ ကျေးရွာလူကြီးမှလည်း ဤသတင်းအချက်အလက်ကို ဖြန့်ဝေရန်အတွက် သ တင်းမှတ်တမ်းပြုစုသူကို ခွင့်ပြုချက်ပေးခဲ့ပါသည်။

Tue, 30 Sep 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် ဇွန်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်းရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်