Fri, 29 Aug 2025
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်တပ်၏တိုက်ခိုက်မှုများကြောင့် အရပ်သား များ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းထိခိုက်ပျက်စီးမှုများ (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ  လက်နက်ကိုင်ဆောင်သူများ၏ စစ်ရေးပဋိပက္ခများ၊ တိုက်ခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကျရောက်မှုတို့ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သား ရွာသားများ၏စားဝတ်နေရေးဖူလုံရန်အတွက် ၎င်းတို့ကြုံတွေ့နေရသောအခက်အခဲစိန်ခေါ်မှုများကို သက်သေ အထောက်အထားများနှင့်အတူ ဤသတင်းဓာတ်ပုံတွင် ဖော်ပြထားပါသည်။ ဤကာလအတွင်း KHRG မှ လက်နက်ကိုင် စစ်သားများအပါအဝင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ကွပ်ကဲမှုအောက်ရှိ မြန်မာစစ်တပ်မှ အဓိက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် မတရားသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း၊ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်းနှင့် ရွာသားများ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအပေါ် ထပ်ခါတလဲလဲတိုက်ခိုက်မှုများကို သက်သေနှင့်တကွ အထောက်အထားများစွာကို မှတ်တမ်းတင်ရရှိထားပါသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့်၊ ရွာသားများ ထိခိုက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက ၎င်းတို့၏ ကောက်ပဲသီးနှံများပျက်စီးသွားခြင်း၊ အိမ်မွှေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းနှင့် အသက်မွေးဝမ်းကြောင်းများ အတွက် ၎င်းတို့၏အဓိက မှီခိုအားထားရသည့်အိုးအိမ်ပိုင်ဆိုင်မှုများပျက်စီးရှုံးဆုံးသွားခြင်းနှင့် အစားအစာငတ်မွတ် ခေါင်းပါးခြင်း ကပ်ဘေးအန္တရာယ်များကို ပိုမိုတိုးများလာစေခဲ့ပါသည်။ ယခုဆက်လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် စစ်ရေးပဋိပက္ခနှင့် (SAC) စစ်သားများ၏တိုက်ခိုက်မှုများသည် ရွာသားများ၏လုံခြုံရေးနှင့် ၎င်းတို့၏အသက်မွေးဝမ်း ကြောင်းပြုရန် လွတ်လပ်စွာသွားလာခွင့်နှင့် စားနပ်ရိက္ခာမလုံလောက်မှုတို့ကို ပိုမိုဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် ရေကြီးရေလျှံမှု နှင့် အင်းဆက်ပိုးမွှားဝင်ရောက်မှုကဲ့သို့သော သဘာဝဘေး အန္တရာယ်များ ကျရောက်မှုတို့ကြောင့် အသိုင်းအဝိုင်းများစွာတွင် ၎င်းတို့၏ မူလကြုံတွေ့နေရသောအခြေနေကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ရွာသားများသည် ထိုခက်ခဲနက်နဲသော စိန်ခေါ်မှုများကြားထဲမှ   အသက်မွေးဝမ်းကြောင်းများဖူလုံစေရန်အတွက် နည်းလမ်းတစ်ခုအနေ ဖြင့် ထိခိုက်ဒဏ်ရာရရှိသောအိမ်မွေးတိရစ္ဆာန်များကို ပြန်လည်ကုသခြင်းနှင့် ယာယီရွှေ့ပြောင်းတိမ်း‌ရှောင်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

 

ဓာတ်ပုံသတင်း-  မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်တပ်၏တိုက်ခိုက်မှုများကြောင့် အရပ်သား များ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းထိခိုက်ပျက်စီးမှုများ (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ)

၂၀၂၄ ခုနှစ်တွင် (မြန်မာပြည်)  အရှေ့တောင်ပိုင်းရှိ ‌ဒေသခံရွာသားများသည် ၎င်းတို့၏ စားဝတ်နေရေးဖူလုံရေးအတွက် ဆက်လက်ရုန်းကန်နေကြရပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC)  ၏ တိုက်ခိုက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ သက်ရောက်မှုများ ကြောင့် ဖြစ်ပေါ်လာသောခက်ခဲစိန်ခေါ်မှုများကို KHRG မှ မှတ်တမ်းဓာတ်ပုံပေါင်း ၁,၇၄၃ ကျော်ကို သက်သေ အထောက်အထားနှင့်တကွ လက်ခံရရှိထားပါသည်။ ဗမာတပ်မတော်သည်  အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ လယ်ကွင်းများ၊ စိုက်ခင်းများ၊ လယ်မြေများနှင့် လမ်းများပေါ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရန်းသမ်းပစ်ခတ်ခြင်းကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများမှတဆင့် ပြင်းထန်သောချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ SAC ၏ အလွဲသုံးစားပြုမှုများထဲတွင် တောင်သူလယ်သမားများကို ညှဉ်းပန်းနှိပ်စက် ခြင်း၊ ခရီးသွားလာခွင့် တင်းကျပ်ထားခြင်းနှင့် ရွာသားများ၏ ပိုင်ဆိုင်မှုများလုယက်ခြင်း တို့ပါဝင်ပါသည်။ ဖြစ်စဥ် ချိုးဖောက်မှုအချို့ကို ‌ကော်သူးလေတပ်မတော် (KTLA)  ကဲ့သို့သော အခြားသောလက်နက်ကိုင်အဖွဲ့များမှ ချိုးဖာက်ပြုလုပ်ခဲ့ကြပါသည်။ ဤတိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေသည့်အပြင် နေအိမ်များ၊ စပါးကျီများ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စုဆောင်းငွေများ၊ မွေးမြူရေး၊ လယ်ယာစိုက်ခင်းများ၊ လယ်ယာအဆောက်အဦးနှင့် ကိရိယာများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်အဆောက်အဦးများ၊ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင်များကဲ့သို့သော[1] အခြေခံအသက်မွေးဝမ်းကြောင်းပစ္စည်းများကိုဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းများကို ဖြစ်စေပါသည်။  ရွာသားများသည် ခက်ခဲစိန်ခေါ်မှုများရှိနေ သော်လည်း  ၎င်းတို့၏ ထိခိုက်ဒဏ်ရာရရှိထားသောအိမ်မွေးတိရစ္ဆာန်များကို ပြန်လည်ကုသပေးခြင်း၊ ကုန်ပစ္စည်းနှင့် သီးနှံများကို ၎င်းတို့တိမ်းရှောင်ရာနေရာများသို့ ပို့ဆောင်ခြင်း၊ အနီးနားရှိလယ်ယာမြေများရှိရာသို့ တိမ်း‌ရှောင်ပြောင်းရွှေ့ နေထိုင်သွားခြင်း၊ နေအိမ်မီးလောင်မှုမှ ပစ္စည်းအချို့ကိုပြန်ရရန် မီးငြှိမ်းသတ်ခြင်း၊ ကျန်ရှိသည့်အရာများကို ပြန်လည်စုဆောင်းခြင်းများ အပါအဝင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းဖူလုံရန်အတွက် ရုံးကန်ခဲ့ကြပါသည်။

ဤဓာတ်ပုံများတွင်၊ ကရင်ပြည်နယ်ရှိ  ခရိုင်ခုနှစ်ခုလုံးမှ ဒေသအလိုက်ရွေးခြယ်ထားသည့် ဓာတ်ပုံ ၈၀ ပုံ ပါဝင်သည့် ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်)၊ မြိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)၊ ဒူးပလာယာနှင့် ဘားအံခရိုင် တို့ဖြစ်ပါသည်။ ဤဓာတ်ပုံများသည် ဒေသခံရွားသားများအပါအဝင် KHRG မှ လေ့ကျင့်သင်ကြားပေးထားသည့် ဒေသခံအဖွဲ့၀င်များက ၎င်းတို့သက်ဆိုင်ရာဒေသများရှိ လူ့အခွင့်အရေးအခြေအနေ များကို စောင့်ကြည့်လေ့လာကာ ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါသည်။ ထိခိုက်လူနာများ၏အမည်၊ ၎င်းတို့၏ ဓာတ်ပုံများနှင့် နေရပ်အတိအကျကို လုံခြုံရေးအရ မဖော်ပြထားပါ။ ဤဓာတ်ပုံများသည် ရွာသားများ၏ အသက်မွေးဝမ်းကြောင်းမှုအပေါ် လက်ငင်းနှင့် ရေရှည်အကျိုးကို သက်ရောက်မှုများရှိစေပါသည်။

‌ဒေသခံရွာသားများ၏ နေအိမ်အဆောက်အဦးများနှင့် ပိုင်ဆိုင်မှုများဖျက်ဆီးခံရသည့်သက်သေအထောက် အထား ဓာတ်ပုံမှတ်တမ်းများ

Fri, 29 Aug 2025

Footnotes: 

[1] See also: KHRG, Defying Hunger: State Administration Council (SAC)’s systematic destruction of civilian livelihoods and food systems in Southeast Burma (January - December 2024), May 2025.

[2] KHRG, “Taw Oo District Short Update: SAC indiscriminate shelling killed one villager and injured six, including children, and destroyed villagers’ property in Daw Hpah Hkoh and Htaw Ta Htoo Townships (October and December 2024)”, February 2025.

[3] KHRG, “Kler Lwee Htoo District Short Update: SAC drone strikes and indiscriminate shelling caused casualties, destruction, and livelihood and education challenges in Ler Doh Township (November to December 2024)”, March 2025.

[4] KHRG, “Dooplaya District Situation Update: SAC air strikes and shelling caused death, injury, damage, and displacement in Kaw T’Ree Township (December 2023 to March 2024)”, March 2025.

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်