ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ထွားနီကုန်းကျေးရွာအုပ်စု၊ အ--- ကျေးရွာထဲသို့ ဟောင်ဝစ်ဇာ နှစ်လုံးပစ်ခတ်ခဲ့သဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖားရှာထွက်ပြီး အိမ်သို့ပြန်လာသည့်အချိန်တွင် ထိမှန်၍ ဒဏ်ရာရရှိသွားခဲ့ပါသည်။ ဒဏ်ရာရရှိသွားပြီးသည့်နောက်ပိုင်း ၎င်း၏ညီကိုနှင့် ရွာသားအချို့မှ ၎င်း၏အနာကိုပတ်စည်းရန်အတွက် သူနာပြုတစ်ဦး၏အိမ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီးနောက် မူးမြို့နယ်၊ ကြောင်ပျံကျေးရွာအုပ်စုရှိ ဆေးရုံတစ်လုံးသို့လွှဲပြောင်းခဲ့ပါသည်။ ဆေးရုံတွင် ဆေးဝါးများပြတ်လပ်ခြင်းကြောင့် ၎င်းမှ လုံလောက်သောဆေးဝါးများကိုမရရှိသဖြင့် ၎င်း၏မိသားစုမှ အခြားသောနေရာတွင်ဝယ်ယူခဲ့ရပါသည်။ SAC ၏လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများသည်အမြဲတစေစိုးရိမ်ပူပန်နေကြရပြီး ၎င်းတို့၏စိုက်ပျိုးခြံများသို့သွားသည့်အချိန်တွင် သတိဝိရိယရှိနေရပါသည်။ ထိုကဲ့သို့တိုက်ခိုက်မှုများကြောင့် ရွာသားအချို့သည့် ၎င်းတို့၏နေအိမ်မှထွက်ပြေးခဲ့ကြပါသည်။[1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
လက်နက်ကြီးပစ်ခတ်မှုနှင့် ဒဏ်ရာရရှိမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ထွားနီကုန်းကျေးရွာအုပ်စု၊ အ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
|
အမည် |
စောဒ--- |
|
အသက် |
၄၆ နှစ် |
|
ကျား/မ |
ကျား |
|
လူမျိုး |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
ရှိ |
|
အလုပ်အကိုင် |
လယ်သမား |
|
ကိုးကွယ်သည့် ဘာသာ |
နတ်ကိုးကွယ်ယုံကြည်မှု |
|
ရာထူးအဆင့် |
- |
|
နေရပ် ရွာအမည် |
အ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိ အမည် |
|
[မသိရှိပါ] |
[မသိရှိပါ] |
SAC [နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ] [တပ်ရင်းမသိရှိရပါ] |
[ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်တွင် တည်ရှိသည့်]ကွင်းချောင်းရွာစခန်း |
[မသိရှိပါ] |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
မှုခင်းဖြစ်ပွားပြီး [ကရင်ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဌာန မှဖွင့်လှစ်လည်ပတ်သော] ဃ--- ဆေးရုံသို့ ထိခိုက်ဒဏ်ရာရရှိသူအား ပို့ဆောင်ခဲ့ပြီးသည့်နောက် နော်ဘ--- အမည်ရှိသူနာပြုတစ်ဦးမှ ဖြစ်ပွားခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ် [KHRG သတင်းမှတ်တမ်းပြုစုသူ] ထံသို့ချဥ်းကပ်ခဲ့ပါသည်။ ထို့နောက် ကျွန်ုပ် [သတင်းမှတ်တမ်းပြုစုသူ] မှ [ဒဏ်ရာရရှိသူ၏ညီကိုဖြစ်သော စောဆ--- နှင့်တွေ့ဆုံမေးမြန်းခဲ့ပြီး] သတင်းမှတ်တမ်း ဆက်လက်ပြုလုပ်ခဲ့ပါသည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
မှုခြင်းဖြစ်ပွားချိန်တွင် ဒဏ်ရာရရှိသူထံသို့ရောက်ရှိခဲ့သော ဒဏ်ရာရရှိသူ၏ညီကိုဖြစ်သည့် စောဆ--- မှ သတင်းအချက် အလက်များအားကို ပေးခဲ့ပါသည်။ ထို့နောက် ဒဏ်ရာရရှိသူအား ဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် (ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်တွင်တည်ရှိသည့်) ကွင်းချောင်းရွာစစ်တပ်စခန်းတွင်အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မူးမြို့နယ်၊ ထွားနီကုန်းကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့ ဟောင်ဝစ်ဇာနှစ်လုံးပစ်ခဲ့ပါသည်။ ဟောင်ဝစ်ဇာတစ်လုံးသည် ကျေးရွာ၏အနောက်ခြမ်းအပြင်ဖက်သို့ကျရောက်ခဲ့ပြီး အခြားတစ်လုံးသည် အသက် ၄၆ နှစ်အရွယ်ရှိ စောဒ--- အနီးသို့ကျရောက်ခဲ့ပါသည်။
စောဒ--- ၏ကနဦးနေရပ်ဇာတိသည် အ--- ကျေးရွာဖြစ်ပါသည်။ ၎င်း၏နေအိမ်သည် လယ်ယာမြေအနီးရှိ အ--- ကျေးရွာ၏အနောက်ဖက်တွင် တည်ရှိပါသည်။ [၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့] ညနေ ၇ နာရီအချိန်တွင် အနီးအနားရှိလယ်ယာမြေတွင် ဟင်းစားမရှိသဖြင့် ညစာအတွက်ဖားရှာထွက်ခဲ့ပါသည်။ ဖားရှာထွက်ပြီးအိမ်သို့ပြန်လာနေစဥ် လက်နက်ကြီးမှ ၎င်း၏အနီးသို့ ကျရောက်ပေါက်ကွဲသွားခဲ့ကာ ၎င်း၏ ညာဖက်ခြေထောက်နှင့် မေးစေ့ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းသည် နာကျင်ကြောက်ရွံ့မှုမှ အကူအညီအတွက် လှမ်းအော်ခဲ့ပါသည်။
မှုခင်းဖြစ်ပွားပြီးနောက် ၎င်း၏ညီကိုဖြစ်သူ စောဆ--- သည် အ--- ကျေးရွာတွင်ရှိသော သူနာပြုတစ်ဦး၏အိမ်သို့ ၎င်းအားခေါ်ဆောင်သွားခဲ့ပါသည်။ သူနာပြုဆရာမထံသို့အလည်လာသော KNLA (ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်) ဗိုလ်မှုးတစ်ဦးမှ ၎င်း၏ ဒဏ်ရာအားပတ်စည်းပေးခဲ့ပါသည်။ ထို့နောက် စောဆ--- နှင့် ရွာသားများသည် မူးမြို့နယ်၊ ကြောင်ပျံကျေးရွာအုပ်စု၊ ဃ--- ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) စီမံခန့်ခွဲ့သောဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
ဆေးရုံရှိဆရာဝန်များမှ ၎င်း၏အနာများကိုကုသပေးခဲ့ကြသော်လည်း ၎င်း၏သွေးမှာအလွန်နည်းနေပြီး အားမရှိတော့ သဖြင့်ထိုနေ့တွင် ၎င်း၏ခြေထောက်အား ဖြတ်တောက်ပေးခြင်းမပြုခဲ့ကြပါ။ သို့သော်လည်း နောက်နေ့တွင် ၎င်း၏ခြေထောက်ကို ဖြတ်တောက်ပေးခဲ့ကြပါသည်။ ၎င်း၏ဒဏ်ရာအခြေအနေသည် အလွန်နူးညံ့သောကြောင့်၊ ဒဏ်ရာအားလုံး ကိုတစ်ချိန်တည်းတွင် ခွဲစိတ်ကုသရန်ကြိုးစားခြင်းသည် အသက်အန္တရာယ်ဖြစ်နိုင်သည်။ ထို့ကြောင့် ဆရာဝန်များသည် စောဒ----- ၏ညီကိုအား ၎င်း (စောဒ---) အနေဖြင့်သည် အချိန်ကြာမြင့်သောကုသမှုလိုအပ်ကြောင်း အသိပေးခဲ့သည်။ စောဆ--- ၏ပြောပြချက်အရ ဆေးရုံတွင်ဆေးဝါးများပြတ်လပ်နေသည့်ကြားမှ ဆရာဝန်များသည် ဆေးဝါးကုသမှုအားအကောင်းဆုံးကုသပေးခဲ့ပါသည်။
ဒဏ်ရာရရှိသူ၏ညီကိုဖြစ်သော စောဆ--- မှ “သူ့ (စောဒ---) ကို ဟ--- ဆေးရုံကိုလွှဲပေးဖို့ ကျွန်တော်တို့ စီစဥ်ခဲ့ပေမဲ့ ဒီ (အ-- ကျေးရွာ) ကနေဆိုတကယ်ဝေးတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်ငွေကိုသုံးပြီးတော့ပဲ သူ့ကိုလိုက် ပို့ခဲ့တယ်။ ကျွန် တော်တို့သာသွားခဲ့ရင် ဟ--- ဆေးရုံကိုမရောက်ခင် အပြင်မှာတစ်ညအိပ်ရမယ်။” [ဟ--- ဆေးရုံသည် မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ယဲမူပလောကျေးရွာအုပ်စု၊ သ--- နေရာတွင်တည်ရှိပြီး ၎င်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စီမံခန့်ခွဲပါသည်။]
၎င်းမှဆေးဝါးကုသမှုခံယူနေစဥ် ဃ--- ဆေးရုံတွင် ဆေးဝါးများလုံလောက်စွာမရှိသောကြောင့် ၎င်း၏မိသားစုမှ မူးမြို့နယ်၊ ထွားနီကုန်းကျေးရွာအုပ်စု၊ ဧ--- ကျေးရွာမှ ဆေးဝယ်ယူခဲ့ရပြီး အနည်းဆုံး ၅၀၀,၀၀၀ ကျပ်ကုန်ကျခဲ့ပါသည်။
KHRG ၏သတင်းမှတ်တမ်းပြုစုသူ၏ပြောပြချက်အရ တစ်ခါတစ်ရံတွင် SAC စစ်သားများသည် မည်သည့်တိုက်ပွဲ သို့မဟုတ် ရှင်းလင်းသည့်အကြောင်းပြချက်မရှိပဲ အ--- ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါသည်။ ရလဒ်အနေဖြင့်ထိခိုက်ဒဏ်ရာရသေဆုံးမှုနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ အ--- ကျေးရွာရှိရွာသားများသည်အမြဲတစေ သတိဝိရိယဖြင့်နေထိုင်နေကြရပြီး စိုးရိမ်ပူပန်နေခဲ့ကြရပါသည်။ အချို့ရွာသားများသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရန်အတွက် စိုက်ပျိုးခြံထဲသို့မသွားရဲကြပါ။ ထို့အပြင်၊ ရွာသားများသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၎င်းတို့သွားသည့်နေရာတွင် အမြဲတစေ သတိဝိရိယရှိနေရပါသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် စောဒ---ဒဏ်ရာရရှိသွားသည့်အချိန်တွင် ရွာသားများသည် ဗုံးခိုကျင်းများ ပြင်ဆင်နေခဲ့ကြပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဒဏ်ရာရရှိသူ စောဒ--- မှ ဤမှုခင်းနှင့်ပတ်သက်၍ နိုင်ငံတစ်ဝှမ်းလုံးတွင်နေထိုင်ကြသူများ သိရှိရန်အတွက် သတင်း အချက်အလက်ကိုဖြန့်ဝေရန် KHRG အားခွင့်ပြုချက်ပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
