Thu, 06 Jan 2022
ခလယ်လွီထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို : SAC တပ်ဖွဲ့မှ ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ရွာသားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ (၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင်ဖြစ်ပွား ခဲ့သောအကြောင်းအရာများကို ဖော်ပြထားပါသည်။ SAC နှင့် KNLA တပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နောက် SAC စစ်သားများမှ ကျေးရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားသုံးဦး (ကလေးနှစ်ဦးနှင့် လူကြီးတစ်ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ပစ်ခတ်တိုက်ခိုက်မှု  ဖြစ်ပွားခဲ့ပြန်ပြီး SAC တပ်ဖွဲ့မှ ၎င်းတို့သေနတ်ဖြင့် လယ်ယာတွင်အလုပ်လုပ်နေသော မိခင်တစ်ဦးနှင့်သားတစ်ဦးကိုပစ် ခတ်ခဲ့ပြန်သည်။ [1]

 

 

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့ ညနေပိုင်းတွင် ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ခဲဒဲကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ အမှတ် (၃) ဒေသခံကရင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ပူးပေါင်း၍ ဟ--- တပ်စခန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင် တပ်ရင်း (ခလရ) အမှတ် (၇၅)အား တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာ၏တောင်ဖက်တွင်တည်ရှိသည့် တပ်စခန်းတွင် အခြေစိုက်နေထိုင်သော တပ်ရင်းမှူး ဇော်ဇော်နိုင်ဦးဆောင်သည့် SAC (ခလရ) အမှတ် (၇၅) သည်  ဟ---ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ရွာထဲတွင် လက်နက်ကြီးနှစ်လုံးပေါက်ကွဲ၍ ရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲသည် ညနေ (၇း၀၅) မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်။ ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များသည် ခရစ်စမတ်ပွဲတော်အား ကျင်းပရန်အတွက် ပြင်ဆင်သည့်အနေဖြင့် ဘုရားကျောင်းတွင် စုဖွဲ့၍ အကများနှင့် သီချင်းများ လေ့ကျင့်သီဆိုနေသည့်အချိန်တွင် ဟ---ကျေးရွာအနီးတွင် သေနတ်ပစ်ခတ်သံများကြားရ၍ ရွာထဲသို့ ခြေဦးတည့်ရာ ထွက်ပြေးခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC (ခလရ) အမှတ် (၇၅) သည် ရွာထဲသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့၍ ရွာသားသုံးဦးထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ရွာသားသုံးဦးမှာ အမျိုးသားတစ်ဦးဖြစ်သူ အသက် ၂၅နှစ်အရွယ် စောဒ---၊ ၁၁နှစ် အရွယ် ယောင်္ကျားလေးဖြစ်သူ စောဘ---နှင့် ၁၁နှစ်အရွယ် မိန်းကလေးဖြစ်သူ နော်စ---တို့ဖြစ်ကြသည်။ (၎င်းတို့သုံးဦးသည် ဘုရားကျောင်းတွင် ရောက်ရှိခဲ့ပြီး သေနတ်ပစ်ခတ်သံကို ကြားရ၍ ရှောင်ပြေးခဲ့သူများ ဖြစ်သည်။) စောဒ---သည် ၎င်း၏ဘယ်ဖက်နို့သီးအောက်ပိုင်းတွင် လက်နက်ကြီးအစအန ထိမှန်ခဲ့သည်။ စောဘ---၏ဘယ်ခြေတွင် လက်နက်ကြီးအစအနထိမှန်ပြီး ၎င်း၏ခြေချောင်းတစ်တစ်ချောင်း ပြတ်ထွက်ခဲ့ သည်။ နော်စ---၏ဘယ်ပေါင်တွင် လက်နက်ကြီးအစအနထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဤဖြစ်စဉ် နှင့်ပတ်သက်ပြီး KHRG အား တင်ပြခဲ့သောရွာသား တစ်ဦး၏ပြောပြချက်အရ ကျေးရွာတွင် ဆေခန်းနှင့် ဆေးရုံမရှိသောကြောင့် အစပိုင်းတွင် ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးက အဆိုပါဒဏ်ရာရရှိခဲ့သော ထိုရွာ သားသုံးဦးကို ဆေးကုသပေးခဲ့သည်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့ မနက်ပိုင်းတွင် (ခလရ) အမှတ် (၇၅) မှ SAC စစ်သားများသည် ဟ---ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်၍ ထိုဒဏ်ရာရရှိခဲ့သော ရွာသားသုံးဦးအကြောင်းကို မေးမြန်းစုံစမ်းခဲ့ပြီး ဆေး ဝါးကုသမှုရရှိစေရန်အတွက် ထိုရွာသားသုံးဦးအား ဟ--- တပ်စခန်းသို့ပို့ဆောင်ပေးရန် SAC မှ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်ရွာသားများကို ခိုင်းစေခဲ့သည်။ အဆိုပါဒဏ် ရာရရှိခဲ့သော ရွာသားသုံး ဦးကို (ခလရ) အမှတ် (၇၅) တပ်စခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိုတွင်ဆေးကုသမှု ခံယူစေခဲ့သည်။ စောဘ---နှင့် နော်စ---တို့သည် ၎င်းတို့ဒဏ်ရာများ ပြင်းထန်ခြင်း (အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အခြေအနေတွင်) မရှိ သည့်အတွက်ကြောင့် တပ်စခန်းတွင် (လုံလောက်သော) ဆေးကုသမှုကို လက်ခံရရှိခဲ့သည်။ စောဒ---၏ဒဏ် ရာများမှာမူ အလွန်ပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု SAC စစ်သားများမှ ရွာသား များအား ပြောပြခဲ့သည်။

SAC မှ ၎င်းတို့သည် တပ်စခန်းတွင် စောဒ---၏ဒဏ်ရာရရှိသည့်အခြေအနေပေါ်မူတည်၍ စောဒ--အား ထိရောက်စွာ ဆေးကုသမှုမပေးနိုင်ခဲ့ဟု စောဒ---၏မိဘဖြစ်သူကို ပြောပြခဲ့သည်။ အဘယ် ကြောင့်ဆိုသော် စောဒ---၏နှလုံးရှိသည့်နေရာအနီးတွင် လက်နက်ကြီးကျည်ဆံအစအန ထိမှန် ခဲ့ခြင်းကြောင့်ဖြစ်သည်။ ရွာသားတစ်ဦး၏ပြောဆိုချက်အရ စောဒ---၏မိဘနှစ်ပါးမှာ ၎င်းတို့သား အား ဆေးကုသမှုပေးနိုင်ရန်အတွက် ရွေးချယ်စရာနှစ်ခုရှိခဲ့သည်။ ပထမတစ်ခုက ၎င်းတို့သားကို လယ်ဒိုမြို့သို့ပို့ဆောင်ပြီး မြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူစေရန်ဖြစ်ပြီး ဒုတိယတစ်ခုက ၎င်းတို့ သားကို မူတြော်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ် မြေတွင်ရှိသော ဆေးရုံ သို့ပို့ဆောင်ရန်ဖြစ်သည်။ လယ်ဒိုမြို့သည် ဟ---ကျေးရွာနှင့် အလှမ်းဝေးပြီး မြို့သို့သွားလာရာတွင် လမ်းခရီးခက်ခဲပါသည်။ ထို့ကြောင့် စောဒ---၏မိဘများက ၎င်းအား မူတြော်ခရိုင်ရှိ KNU ထိန်းချုပ်နယ်မြေတွင်ရှိသော ဆေးရုံသို့ပို့ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ (မူတြော် ခရိုင်ရှိ ဆေးရုံသည်လည်း ဟ---ရွာနှင့်ဝေးသည်။ သို့သော်လည်း စောဒ---၏မိဘများက ၎င်းတို့သားအား ထိုဆေးရုံသို့ပို့ဆောင်ရာတွင် ပို၍လုံခြုံမှုရှိသည်ဟု ခံစားရသည်။) ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့ ညနေပိုင်း တွင် အခြားရွာသားများက စောဒ---အား ပုခတ်ထဲတွင်ထည့်၍ ၎င်းအားသယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ သည်။ ယခုအချိန်တွင် စောဒ---သည် မူတြော်ခရိုင်ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူနေပါသည်။

သူတို့ (ရွာသားများ)က ကြောက်ရွံ့နေကြသည်ဟု ရွာသားတစ်ဦးမှ တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက ထိုတိုက်ပွဲဖြစ်ပွားရခြင်း၏အကြောင်းရင်းမှာ ရွာသားများက အပြင်လူတွေနဲ့ (အပြင်လူဆိုသည်မှာ SAC မှ KNLA နှင့် KNDO စစ်သားများကို ရည်ညွှန်း ပြောဆိုသည်ကို ရွာသားများက နားလည်သိရှိထားသည်) ပူးပေါင်းပြီး KNLA က ၎င်းတို့အား (SAC စစ်သား များအား) တိုက်ခိုက်ရန်ကူညီပေးနေသောကြောင့်ဖြစ်သည်ဟု SAC စစ်သားများမှ ရွာသားများကို ပြောခဲ့ သည်။ အကယ်၍ KNLA မှ ၎င်းတို့အား (SAC စစ်သားများအား) တိုက်ခိုက်ပစ်ခတ်မည်ဆိုလျှင် ၎င်းတို့ထင် မြင်ယူဆသည့် ပစ်ခတ်မှုနေရာများကို ပြန်လည်ပစ်ခတ်တိုက်ခိုက်မည်ဟု SAC စစ်သားများမှ ရွာသားများ အားပြောပြခဲ့သည့်အကြောင်းကို ရွာသားတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။ (ဆိုလိုသည်မှာ SAC စစ်သား များသည် ပစ်ခတ်မှုရှိသည့်မည်သည့်နေရာမဆို ပြန်လည်၍ ရမ်းသန်းပစ်ခတ်မည်ဖြစ်ပြီး ကျေးရွာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်နိုင်သည်။)

SAC မှ ဒေသအတွင်းရှိ ကားလမ်းများကို ပြုပြင်ဆောက်လုပ်ရန်အတွက် ဟ---တပ်စခန်းသို့ ၎င်းတို့၏ စစ်ကားများ ပိုမို၍သယ်ယူပို့ဆောင်ပြီး ရှေ့တန်းတပ်စခန်းများသို့လည်း ရိက္ခာများပို့ဆောင်နေသည်ဟု ရွာသားတစ်ဦးမှ တင်ပြခဲ့သည်။ ဒေသခံ KNU နှင့် KNLA အာဏာပိုင်များမှ SAC အား ထိုသို့မပြုလုပ်ရန် တင်းကြပ်စွာတားမြစ်ထားသော်လည်း SAC မှ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ဒေသခံ KNLA စစ်သားများ၏သတင်း အချက်အလက်များအရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် SAC မှ လက်နက်ခဲ ယမ်းများ၊ အခြားသော စစ်အသုံးအဆောင်များနှင့် ဆန်အိတ်ပေါင်း ၂၄၀၀ အိတ်ခန့်တင်ဆောင်လာသော စစ်ကားအစီးပေါင်း ၅၁စီး ကို ဟ--- တပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် SAC တပ်ရင်းလေးတပ်ရင်းကို ထိုဒေသသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါတပ်ရင်းလေးရင်းဖြစ်ကြသော (ခလရ) အမှတ် (၁၂၄)၊ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁)၊ ခမရ (၅၉၈)နှင့် ခမရ (၄၄၀) တို့သည် ထိုဒေသအတွင်း ရောက်ရှိနေပြီးဖြစ်သည်။ ထို့ကြောင် ယခုချိန် တွင် (ဟ--- ရွာအနီးတစ်ဝိုက်တွင်) တပ်ရင်းငါးရင်း လှုပ်ရှားနေ ပြီးဖြစ်သည်။ ၎င်းတို့မှ (SAC) ဒေသအတွင်း တပ်အင်အားများ ပို၍ဖြည့်တင်းလာပြီး စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် လုံခြုံရေးစောင့်ကြပ်သည့် လှုပ်ရှားမှုများလည်း ပိုမို၍လုပ်ဆောင်လာသည့်အတွက် ကြောင့် ဒေသခံရွာသားများလည်း အရမ်းခက်ခဲသည့်အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ ဟ---ကျေးရွာ သည် ကားလမ်းမဘေးတွင်တည်ရှိပြီး ၎င်းပတ်လည်တွင် တောင်တန်းများတည်ရှိနေသောကြောင့် ရွာသား များလည်း အခြားနေရာများသို့ ပြောင်းရွှေ့ရန် မလွယ်ကူပေ။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့မှစ၍ ရွာသားများသည် စပါးရိတ်သိမ်းရန်အတွက် ၎င်းတို့လယ်ယာများသို့ မသွားဝံ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများမှ လယ်ယာထဲသို့ လက်နက်ကြီးများ ပစ်ခတ် မည်ကို ရွာသားများမှ စိုးရိမ်ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ ထို့ပြင် SAC တပ်ဖွဲ့များမှလည်း စစ်လှုပ် ရှားမှုများကို ပို၍စတင်လုပ်ဆောင်လာခဲ့ပြီး ဒေသခံရွာသားများအတွက် စားဝတ်နေရေးအခက်အခဲများ ပို၍ ဖြစ်စေခဲ့သည်။

ဒုတိယဖြစ်စဉ်

ပထမဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ငါးရက်မြောက်နေ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ (၁)နာရီခန့်တွင် ဒေသ ခံ KNLA နှင့် KNDO တို့ပူးပေါင်းပြီး ဟ---ကျေးရွာအရှေ့ဖက်ခြမ်းရှိ လ---နေရာတွင် SAC စစ်သားတစ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ SAC စစ်သားများသည် (လုံခြုံရေးကင်းလှည့်ပြီးနောက်) ဟ---တပ်စခန်း သို့ပြန်လာသည့်အချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လည် (၂)နာရီခန့် တွင် တိုက်ခိုက်ခံရသော ထို SAC စစ်သားများသည် လယ်ယာတွင်အလုပ်လုပ်နေသော သားအမိနှစ်ဦးဆီကို ပြန်လည်၍ ရမ်းသန်းပစ်ခတ်ခဲ့သည်။ SAC တပ်ဖွဲ့မှ လက်နက်ငယ်များနှင့် M-79 လောင်ချာသေနတ်ကို အသုံးပြုပြီး (လ---နေရာနှင့် ဟ---ကျေးရွာကြားတွင်တည်ရှိသော) ည---နေရာတွင်နေ၍ ပြန်လည်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ ထိုသားအမိနှစ်ဦးသည် ထိုလယ်ယာမှ ထွက်ပြေးခဲ့သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိ ခြင်း မရှိခဲ့ပေ။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် အချို့ရွာသားများသည် ၎င်းတို့လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည်၍ အလုပ်လုပ်ကိုင်ခဲ့ကြသည်။ သို့သော်လည်း  ရွာသားများအနေဖြင့် SAC စစ်သားများမှ ၎င်းတို့အား ပစ်ခတ် မည်ကို စိုးရိမ်ကြရသောကြောင့်အထူးသတိထားနေထိုင်နေကြရပါသည်။

Thu, 06 Jan 2022

Footnotes: 

[1] ဤနောက်ဆုံးရဒေသတွင်းသတင်းတိုကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်း ဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်