ဤသတင်းဓာတ်ပုံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ နယ်ခြားစောင့်တပ် (BGF) နှင့် ပျူစောထီးအပါအဝင် ဗမာစစ်တပ်နှင့်ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များမှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများနှင့်လူမှုအသိုက်အဝန်းနေရာများတွင် လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများ၏ ဓာတ်ပုံသက်သေအထောက်အထားများကို ဖော်ပြထားပါသည်။ ဤကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် စစ်သားများ၊ အထူးသဖြင့် ဗမာအာဏာသိမ်းစစ်တပ်၏ အမိန့်ပေးမှုအောက်ရှိ ဗမာစစ်တပ်မှ အရပ် သား နေထိုင်ရာဒေသများတွင် ကြိမ်ဖန်များစွာ တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ကျူးလွန်ခဲ့သော အထောက်အထားများစွာ မှတ်တမ်းပြုစုခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အ ချိန်မှစ၍ SAC ၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများသည် ပိုမိုများပြားလာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဆက်လက်ဖြစ် ပွားလာနေခဲ့ပါသည်။ ထိုကဲ့သို့သောလက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရွာသားများ ဒဏ်ရာရ သေဆုံးခြင်း၊ နေအိမ်များ၊ လယ်ယာမြေများ၊ ပိုင်ဆိုင်မှုများနှင့် လူမှုအသိုက်အဝန်းအဆောက်အဦးများ ပျက်စီးခြင်း၊ မပေါက်ကွဲ သေးသောလက်နက်ကြီး (UXOs) ၏ရန်ကိုကြောက်ရွံ့ရခြင်း၊ ရွာသားများမှ အသက်မွေးဝမ်းကြောင်းလိုက်လံရှာဖွေ ရန်လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရခြင်းနှင့် များစွာသော နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤကဲ့သို့သော အခက်အခဲများရှိနေသော်လည်း ရွာသားများသည် လူမှုအသိုက်အဝန်းအတွင်းရှိ ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန်ပို့ဆောင်ခြင်းနှင့် ဘေးကင်းလုံခြုံသောနေရာများသို့ပြောင်းရွှေ့ခြင်းအပါအဝင် အသက်မွေးဝမ်းကြောင်းပြုရန်အတွက် ကာကွယ်မှုနည်းလမ်းများကို အသုံးပြုခဲ့ကြပါသည်။
ဓာတ်ပုံသတင်း - ဗမာစစ်တပ်၊ BGF နှင့် အခြားလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များမှ မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နေအိမ်များ၊ လူမှုအသိုက်အဝန်းအ ဆောက်အဦးများ၊ လယ်ယာမြေများနှင့် အဆောက်အဦးများပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင် ဘာလထိ)
၂၀၂၅ ခုနှစ်တွင် ဗမာအာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများ အရပ်သားများနေထိုင်ရာဒေသများတွင် ဆက်လက်၍ဖြစ်ပွားလာသည့်နှင့်အမျှ ရွာသားများသည် ဒဏ်ရာရသေဆုံးခြင်း၊ နေအိမ်များနှင့် လယ်ယာမြေများ ပျက်စီးခြင်းတို့ကို ပို၍ရင်ဆိုင်လာခဲ့ကြရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ရောက် မှုများဖြစ်သော ရွာသားများဒဏ်ရာရသေဆုံးခြင်း၊ ရွာသားများ၏နေအိမ်များ၊ လူမှုအသိုက်အဝန်းအဆောက်အဦး များနှင့် လယ်ယာမြေများပျက်စီးခြင်းစသည့် ဓာတ်ပုံသက်သေအထောက်အထား (၁၃၀၈) ပုံကို မှတ်တမ်းပြုစုခဲ့ပါသည်။ ဤကဲ့သိုသော တိုက်ခိုက်မှုများကြောင်း ရွာသားများသည် အခက်အခဲများဖြင့်ရင်ဆိုင်နေကြရပြီး ၎င်းတို့၏ဘဝတွင် ရေရှည်ဆိုးကျိုးသက်ရောက်မှုများ ခံစားနေကြရပါသည်။ ထို့အပြင်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ပျူ စောထီးအဖွဲ့များမှ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
အချို့သောဖြစ်ရပ်များတွင် ဗမာစစ်တပ်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏တိုက်ခိုက်ခြင်းခံရပြီးသည့်နောက် ကျေးရွာထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ပြီး အချို့ဖြစ်ရပ်များတွင် ဗမာစစ်တပ်အနေဖြင့် မည်သည့်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့်တိုင် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုများကြောင့် အရပ်သားများ (ကလေးများအပါအဝင်) သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့ပြီး နေအိမ်များ၊ စပါးကျီများ၊ အိမ်သုံးပစ္စည်းများ၊ စုဆောင်းထား သောငွေကြေးများ၊ အိမ်မွေးတိရိစ္ဆာန်များ၊ လယ်ယာမြေများနှင့် စိုက်ခင်းများ၊ စိုက်ပျိုးရေးပစ္စည်းများ၊ ယာဉ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်နေရာများစသည့် အသက်မွေးဝမ်းကြောင်းအတွက် အဓိက အရင်းအမြစ် များကို ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ဤကဲ့သို့သောတိုက်ခိုက်မှုများကြောင့် ရွာသားများအနေဖြင့် မလုံခြုံမှုနှင့် အန္တရာယ်များအောက်တွင် အမြဲတစေ နေထိုင်နေကြရပါသည်။ ၎င်းတို့အနေဖြင့် နေအိမ်၊ စာသင်ကျောင်း၊ ဘုရား ရှိခိုကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင်ရှိနေသည့်အချိန်နှင့် လယ်ယာမြေများတွင်အလုပ်လုပ်နေချိန် သို့မဟုတ် ခရီးသွားလာချိန်များတွင် အန္တရာယ်နှင့်ကြောက်ရွံ့မှုအောက် နေထိုင်နေကြရပါသည်။ တောထဲ၌ခိုလှုံမှုရှာဖွေပြီး ထွက်ပြေးတိမ်းရှောင်သည့်နေရာများတွင် ခိုလှုံရာနေရာများဆောက်လုပ်ခြင်းဖြင့် ရွာသားများသည် ၎င်းတို့၏ ကာကွယ်ရေးနည်းလမ်းများနှင့် ကြံကြံခံနိုင်စွမ်းကို တင်ပြကြပါသည်။
ဤဓာတ်ပုံသတင်းတွင် ဒေသတွင်းသတ်မှတ်ထားသည့် ကရင်ပြည်နယ်ရှိခရိုင်ခုနှစ်ခုဖြစ်သော ဒူးသထု (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ့်လွီးထု (ညောင်လေးပင်)၊ ဘိတ်-ထားဝယ် (မြိတ်-ထားဝယ်)၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဖားအံ (ဘားအံ) ခရိုင်တို့မှ ရွေးချယ်ထားသော ဓာတ်ပုံ (၆၄) ပုံပါဝင်ပါသည်။ ဤဓာတ်ပုံများသည် ၎င်းတို့နေရပ်ဒေသရှိ လူ့အခွင့်အရေးအခြေအနေများအား စောင့်ကြည့်ရန် KHRG မှ လေ့ကျင့်ပေးထားသော ဒေသခံလူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသားများမှ ရိုက်ယူခဲ့ပါသည်။ ကျူးလွန်ခံရသူများ၏အမည်များ၊ ဓာတ်ပုံများနှင့် နေရပ်အတိအကျများကို ၎င်းတို့၏ဘေးကင်းလုံခြုံရေးအတွက် ဆင်ဆာဖြတ်ထားခြင်းဖြစ်ပါသည်။
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းများအပေါ် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသော အခြေအ နေကိုနားလည်ရန် နောက်ထပ်အချက်အလက်များကို အောက်ပါ KHRG အစီရင်ခံစာများတွင် ဖတ်ရှုနိုင်ပါသည်။
- ပျောက်ဆုံးနေသည့် ကလေးဘဝများ - ပဋိပက္ခကာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသများတွင် ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှုများ၊ အရေးပေါ်လိုအပ်ချက်များနှင့် ရပ်ရွာ လူထုဆိုင်ရာကာကွယ်မှုနည်းလမ်းများ၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ။
- ဆာလောင်မှုအား တွန်းလှန်ခြင်း - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မြန်မာပြည်အရှေ့တောင် ပိုင်းရှိ ပြည်သူလူထုများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာစုဆောင်းမှုစနစ်များကို စနစ်တကျ ဖျက်ဆီးခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ)၊ ၂၀၂၅ ခုနှစ်၊ မေလ။
- ဓာတ်ပုံသတင်း - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများကြုံတွေ့ရသည့် ဆိုးကျိုးသက်ရောက်မှုများ (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါ ရီလအထိ)၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ။
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဒူးသထူခရိုင်၊ ဓနုကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာအနီး၌ ရိုက်ယူခဲ့ပါသည်။ ဤပုံတို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် သထုမြို့နယ်၊ ကျိုက်ကောမြို့အနီးရှိ ဝင်းပကျေးရွာ၌ အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမ ရ) အမှတ် (၉) မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ပြီးခဲ့သည့်နောက်ပိုင်း ပုံများဖြစ်ပါသည်။ ရွာသားများမှ လက်နက်ကြီး(၃) လုံးပစ်ခတ်သံကို ကြားခဲ့ပါသည်။ ၁၂၀ မမ လက်နက် ကြီး (၂) လုံးသည် ဘဘ--- ကျေးရွာရှိ ရော်ဘာခြံတွင် ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီး တတိယအလုံးသည် ပေါက်ကွဲခြင်းမရှိသေးသည့်အပြင် ၎င်းကိုရှာမတွေ့သေးပဲ ရှိနေပါသည်။ ပေါက်ကွဲသွားသော လက်နက်ကြီး (၂) လုံးသည် ဘဘ--- ရွာသားနှစ်ဦး၏ (နှစ်ဦးလုံးသည် အသက် ၆၆ နှစ်ရှိ) ရော်ဘာပင်အများအပြားကို ပျက်စီးသွားခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒူးသထုခရိုင်၊ ကျိုက် ထို့မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ၊ အအ--- ဆေးခန်း၌ ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံသည် ကိုအ--- အမည်ရှိသော ဒေသခံရွာသားတစ်ဦးမှ ကုသမှုခံယူနေသောပုံ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် SAC အမြောက်တပ်အမှတ် (၃၁၀) မှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ပြီး ဒူးသထုခရိုင်၊ ကျိုက်ထို့မြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ အဘ--- ကျေးရွာသို့ကျရောက်ခဲ့ပါသည်။ လက်နက်ကြီးသည် ကိုအ--- ရေချိုးနေစဥ် ကျေးရွာထဲသို့ကျရောက်ပေါက်ကဲ့သွားခဲ့ပြီး ၎င်းအားထိမှန်ခဲ့ပါသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ၎င်း၏ဘယ်ဘက်ခြေထောက် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သဖြင့် အဘ--- ကျေးရွာရှိ ဒေသခံခေါင်းဆောင်များမှ ၎င်းအားကျိုက်ထို့မြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ပံ့ပေးနေသော ဆေးခန်းသို့ ဆေးကုသမှုခံယူရန်အတွက် ပို့ဆောင်ပေးခဲ့ကြပါသည်။ ၎င်း၏ဒဏ်ရာသည် ပြင်းထန်သဖြင့် ကောင်းမွန်စွာ (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ) သက်သာခြင်းမရှိသေးပါ။ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အချို့အိမ်များလည်း ပျက်စီးသွားခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဒူးသထုခရိုင်၊ ကျိုက်ထို့မြို့နယ်၊ ငှက်ပျော်တောကျေးရွာအုပ်စု၊ အခ--- ကျေးရွာနှင့် ဒူးသထုခရိုင်၊ ကျိုက်ထို့မြို့နယ်၊ အလူးကျေးရွာအုပ်စု၊ အရ--- ကျေးရွာတို့၌ ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် SAC အမြောက်တပ်အမှတ် (၆၀၂) မှ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် အခ--- ကျေးရွာ (ဘယ်ဘက်) နှင့် အရ---ကျေးရွာ (ညာဘက်) ရှိ ပျက်စီးသွားခဲ့သည့် ဒေသခံရွာသားတို့၏ ပိုင်ဆိုင်သောနေအိမ်များဖြစ်ပါသည်။ ဤပစ်ခတ်မှုတွင် မည်သည့် ဒဏ်ရာရသေဆုံးမှုမှမရှိခဲ့ပါ။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ဒူးသထုခရိုင်၊ ကျိုက်ထို့မြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ အဘ--- ကျေးရွာရှိ ဒေသခံရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ဘယ်ဘက်တွင်ရှိသောပုံသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မနက်(၈း၃၃) အချိန်တွင် ပျူစောထီးတပ်ဖွဲ့မှ ၈၁ မမ လက်နက်ကြီးပစ်ခတ်ပြီးသည့်နောက် ဘုန်းကြီးကျောင်းသို့ ကျရောက် ပေါက်ကွဲ၍ သေဆုံးသွားခဲ့သည့် ဘုန်းကြီးတစ်ပါး၏ ပုံဖြစ်ပါသည်။ ဤပျူစောထီးသည် ခလယ့်လွီးထုခရိုင်၊ ဆောထိမြို့နယ်၊ လက်ပကျေးရွာရှိ ဒေသခံခေါင်းဆောင် အောင်ကြီး၏လက်အောက်တွင် ရှိပါသည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုတွင် အခြားဘုန်းကြီးနှစ်ပါဒဏ်ရာရရှိသွားခဲ့ပြီး ညာဘက်ပုံတွင် ပြထားသည့်အတိုင်း ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားခဲ့ပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တောအူးခရိုင်၊ ဒေါ်ဖားခို့မြို့နယ်၊ တဲကလယ်ဒိုးကျေးရွာအုပ်စု၊ အထ--- ကျေးရွာရှိ ဒေသခံရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လိပ်သိုမြို့ရှိ ရွှေနန်းကလေး စစ်တပ်စခန်းတွင် အခြေစိုက်သော SAC (ခမရ) အမှတ် (၆၀၃) မှ အထ--- ကျေးရွာသို့ ပစ်ခတ်လိုက်သည့် မပေါက်ကွဲသေးသောလက်နက်ကြီး (၁) လုံး၏ ပုံဖြစ်ပါသည်။ အဆိုပါ မပေါက်ကွဲသေးသော လက်နက်ကြီးသည် ရှင်းလင်းခြင်းမရှိသေးပဲကျရောက်သည့်နေရာ၌ပင် ရှိနေသေးပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်များပုံကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် တောအူးခရိုင်၊ ဒေါ်ဖားခို့မြို့နယ်၊ ပရှောလိုကျေးရွာအုပ်စု၊ အဖ--- ကျေးရွာ၌ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် တောအူးခရိုင်၊ သံတောင်ကြီးမြို့အနီးရှိ ဆယ့်သုံးမိုင် (၁၃ မိုင်) စစ်တပ်စခန်းတွင်အခြေစိုက်သော SAC စစ်သားများမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အထ--- ကျေးရွာရှိ ထိခိုက်ပျက်စီးသွားသော ဘုရားရှိခိုးကျောင်း၏ ပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
အပေါ်ဘက်ရှိ ဓာတ်များပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် တောအူးခရိုင်၊ ထောတထုမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ အတ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် SAC ခြေလျင်တပ် ရင်း (ခလရ) အမှတ် (၇၃) မှ အတ--- ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါသည်။ အပေါ်ဘက်ရှိဓာတ်ပုံ နှစ်ပုံသည်ကိုန--- နှင့် မဝ--- တို့နေအိမ်ပေါ်သို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲသွားခဲ့သော ပုံများဖြစ်ပါသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကိုန--- နှင့် မဝ--- နှစ်ဦးလုံးသည် အဆိုပါပျက်စီးသွားခဲ့သည့် နေအိမ်ထဲတွင်ရှိနေစဥ် သေဆုံးသွားခဲ့ကြပါသည်။ နောက်ထပ်ဖော်ပြထားသော ဓာတ်ပုံနှစ်ပုံသည် (အသက် ၅၄ နှစ်) ဦးက--- အမည်ရှိ ရွာသားတစ်ဦးသည် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော ပုံဖြစ်ပါသည်။ လက်နက်ကြီးပစ်ခတ်မှုအတွင်း ၎င်းအနေဖြင့် ဘယ်ဘက်ပေါင်နှင့် ဒူးခေါင်းတို့တွင်ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်းနေအိမ်လည်းပျက်စီးသွားခဲ့ပါသည်။ အောက်ဘက်ရှိဓာတ်ပုံနှစ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒေသခံရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ဤဓာတ်ပုံနှစ်ပုံသည် ပျက်စီးသွားခဲ့သည့် ဦးက--- ၏နေအိမ်ပုံများဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG/ဒေသခံရွာသား)
ဤဓာတ်များပုံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် တောအူးခရိုင်၊ ထောတထုမြို့နယ်၊ ပယ်ထီဒေသ၊ ဘဂ--- ကျေးရွာရှိ ဒေသခံရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ထောတထုမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုတွင် အခြေစိုက်သောဗမာစစ်တပ်၏ (ခလရ) အမှတ် (၇၃) မှ ဘဂ--- ကျေးရွာသို့ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့ပါသည်။ ဤဓာတ်ပုံများတွင် အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားတစ်ဦးပိုင်ဆိုင်သည့် စပါးပင်များပျက်စီးသွားသော ပုံဖြစ်ပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်များပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခလယ့်လွီးထုခရိုင်၊ မူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အမ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် SAC ၏ (ခမရ) အမှတ်(၇၂) မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဦးက--- အမည်ရှိ ရွာသားတစ်ဦးပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုက်ကယ်ပျက်စီးသွားသောပုံဖြစ်ပါသည်။ အဆိုပါ (ခမရ) သည် ဇရပ်ကြီးမြို့တွင် အခြေစိုက်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်များပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခလယ့်လွီးထုခရိုင်၊ ဆောထိမြို့နယ်၊ အဒ--- ကျေးရွာရှိ ဒေသခံခေါင်းဆောင်တစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ဤဓာတ်ပုံသုံးပုံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် (၉း၃၀) အချိန်တွင် ခလယ့်လွီးထုမြို့အခြေစိုက် SAC (ခမရ) အမှတ် (၂၀) မှ ၁၂၀ မမ လက်နက်ကြီးအား အဒ--- ကျေးရွာသို့ပစ်ခတ်ခဲ့သဖြင့် ဒေသခံရွာသားများဖြစ်ကြသော မောင်ဘ--- (အသက် ၁၂ နှစ်) နှင့် မဆ--- (အသက် ၁၆ နှစ်) တို့သည် နေအိမ်၌ရှိနေစဥ် ဒဏ်ရာရရှိသွားခဲ့ကြပါသည်။ ၎င်းတို့ဒဏ်ရာရရှိသွားပြီးသည့်နောက် ဒေသခံခေါင်းဆောင်များ နှင့် ကျေးရွာလူကြီးမှ ၎င်းတို့အားကုသမှုခံယူရန်အတွက် ခလယ့် လွီးထုမြို့ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ခလယ့်လွီးထုခရိုင်၊ မူးမြို့နယ်၊ ဘုရားလဟာကျေးရွာအုပ်စု၊ အဟ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ (၄း၃၀) အချိန်ဝန်းကျင်ခန့်တွင် ခလယ့်လွီးထုခရိုင်၊ ကညူကျော့ (ကညွတ်ကွင်း) မြို့အခြေစိုက် SAC (ခမရ) အမှတ် (၄၃၉) စစ်သားများမှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ် ခတ်ခဲ့ပါသည်။ အဆိုပါလက်နက်ကြီးများအနက် (၁) လုံးသည် အဟ--- ကျေးရွာတွင် ကျရောက်ခဲ့ဖြင့် (အသက် ၂၉ နှစ်) ရွာသားတစ်ဦးဖြစ်သော မောင်ဖ--- ဒဏ်ရာရရှိသွားခဲ့ပါသည်။ ၎င်းအနေဖြင့် ဘယ်ဘယ်လက်တွင်ဒဏ်ရာရရှိသွားခဲ့ပြီး လက်နက်ကြီးအပိုင်းအစသည် ၎င်း၏နံရိုးသို့ထိုးဝင်ကာ နှလုံးအားပြင်းထန်စွာဒဏ်ရာရှိ သေဆုံးသွားစေခဲ့ပါသည်။ ဤပုံသည့် သေဆုံးသွားသည့် မောင်ဖ--- ၏အလောင်းပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ခလယ့်လွီးထုခရိုင်၊ မူးမြို့နယ်၊ မီတယ်တောကျေးရွာအုပ်စု၊ ဘဟ--- ကျေးရွာတွင် ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် SAC (ခမရ) အမှတ် (၅၉၀) မှ စစ်သားများသည် ၆၀ မမ လက်နက်ကြီးများအား ပစ်ခတ်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် ရေတိုင်ကီပုံများဖြစ်ပါသည်။ ဤ (ခမရ) သည် မူးမြို့နယ်၊ မီတယ်တောကျေးရွာအုပ်စု၊ ရေအိုးစင်စစ်တပ်စခန်းတွင် အခြေစိုက်ပါသည်။ SAC စစ်သားများ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများသည် နေရပ်မှရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါသည်။ လက်နက်ကြီးအမြဲတစေပစ်ခတ်မှုများကြောင့် ရွာသားများသည် တောထဲနှင့် အခြားသောနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် မြိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ ကျိန်ချောင်းကျေးရွာအုပ်စု၊ ဘအ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ဤပုံသည် ၂၀၂၂ ခုနှစ်တွင် ဘအ--- ကျေးရွာ၌ ပစ်ခတ်ခဲ့သည်ဟု ယူဆရသော မပေါက် ကွဲသေးသည့် ၄၀ မမ ဗုံးသီးတစ်လုံးအား ၂၀၂၅ ခုနှစ်၊ သြ ဂုတ်လ ၁၂ ရက်နေ့တွင်တွေ့ရှိခဲ့သည့် ပုံကိုဖော်ပြထားပါသည်။ ဤ UXO ကိုလုံခြုံစွာဖယ်ရှားပြီသည်၊ မပြီးသေးသည်ကို KHRG အနေဖြင့် မသိရှိရပါ။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံလေးပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ ဝေါမုကျေးရွာအုပ်စုရှိ ထွက်ပြေးတိမ်းရှောင်သည့်နေရာတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံတို့တွင် ဗမာစစ်တပ်မှ လက်နက်ကြီးများပစ်ခတ်နိုင်ချေရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့၏သတိပေးချက်ကို ရွာသားများလက်ခံရရှိပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ ဝေါမုကျေးရွာအုပ်စု၊ ဘဧ--- ကျေးရွာရှိရွာသားများ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြသည့်ပုံဖြစ်ပါသည်။ မဲ့ပရီခီးစစ်တပ်စခန်းရှိ SAC တပ်ဖွဲ့မှဘဧ--- ကျေးရွာအနီးသို့ လက်နက်ကြီးများပစ်ခတ်ခြင်းနှင် SAC တပ်ဖွဲ့များမှ ထိုနေရာဒေသသို့ လေကြောင်းတိုက်ခိုက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ပါသည်။ (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထိ) ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံလေးပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ ကတဲတီကျေးရွာအုပ်၊ အန--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ အထက်ဘယ်ဘက်ရှိဓာတ်ပုံသည် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကတဲတီစစ်တပ်စခန်းတွင် အခြေစိုက်သည့် SAC စစ်သားများမှ ၆၀ မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးသွားခဲ့သော နေအိမ်ပုံဖြစ်ပါသည်။ အထက်ညာဘက်ရှိဓာတ်ပုံနှင့် အောက်ဘက်တွင်ရှိသောဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အန--- ကျေးရွာ၌ ၌ရိုက်ယူခဲ့ပြီး ကတဲတီစစ်တပ်စခန်ရှိ နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၁၃) မှ အခြားလက်နက်ကြီး (၁) လုံးပစ်ခတ်ခဲ့ပါသည်။ ဤဓာတ်ပုံများသည် လက်နက်ကြီးပစ်ခတ် မှုကြောင့် လုံးဝပျက်စီးသွားသည့်နေအိမ်၊ လက်နက်ကြီးအပိုင်းအစနှင့် ဒဏ်ရာရရှိသောယောကျ်ာလေးတစ်ဦး၏ ပုံဖြစ်ပါသည်။ အဆိုပါ ယောကျ်ားလေးအား KNLA ဆေးဝန်ထမ်းမှကုသပေးခဲ့ပြီး ယခုတွင်ပြန်လည်ကောင်းမွန်နေပြီးဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ ကတဲတီကျေးရွာအုပ်စု၊ အရ--- ကျေးရွာ၌ရိုက်ယူခဲ့ပါသည်။ ဤပုံတို့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် ကတဲတီစစ်တပ်စခန်း BGF အမှတ် (၁၀၁၃) မှ စစ်သားများပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် အရ--- ဘုန်းကြီးကျောင်းဝင်း သို့ကျရောက်ပေါက်ကွဲသွားခဲ့ပြီး ဘုန်းကြီးကျောင်း၏ မှန်နှင့်ခေါင်မိုးများ ထိမှန်ပျက်စီးသွားခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အရှ--- ကျေးရွာ၏ ကျေးရွာသူကြီးထံမှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကတဲတီစစ်တပ်စခန်းအခြေစိုက် SAC အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်လိုက်သည့် ဓာတ်ပုံဖြစ်ပါသည်။ အဆိုပါ လက်နက်ကြီးသည် အရှ--- ကျေးရွာရှိ ရွာသားတစ် ဦး၏ အိမ်တိုင်သို့ စိုက်ဝင်နေသောပုံဖြစ်ပါသည်။ ဒေသခံခေါင်းဆောင်များမှ ဤလက်နက်ကြီးကို ဖယ်ရှားပေးခဲ့ပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်နှစ်ပုံကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် မူတြော်ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဘဃ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည (၈း၃၀) အချိန်တွင် ဖာပွန်မြို့အခြေစိုက် SAC (ခမရ) အမှတ် (၃၄၁)နှင့် အမှတ် (၃၄၀) တို့မှ ဘဃ--- ကျေးရွာသို့ (၈၁) မမ လက်နက်ကြီး (၅) လုံးပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်လိုက်သည့်လက် နက်ကြီး (၅) လုံးအနက် (၁) လုံးသည် ရွာသားတစ်ဦးအမည်ရှိ စောတ--- ၏ ဆေးရွက်ကြီးစိုက်ခင်းထဲသို့ ကျရောက်ပေါက်ကွဲသွားခဲ့သဖြင့် ၎င်း၏ဆေးရွက်ကြီးပင်အချို့၊ ဆေးရွက်ကြီးအခြောက်များနှင့် တဲတစ်လုံးပျက်စီးသွားခဲ့ပါသည်။ ညဘက်တွင်ရှိသောဓာတ်ပုံသည် ပျက်စီးသွားသော ဆေးရွက်ကြီးအပင်တချို့ဖြစ်ပြီး ညာဘက်တွင်ရှိသောပုံသည် စိုက်ခင်းတွင်တွေ့ရှိခဲ့သော ပေါက်ကွဲသွားခဲ့သည့် လက်နက်ကြီးအမြီးများ၏ ပုံတို့ဖြစ်ကြပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် မူတြော်ခရိုင်၊ ဒွဲ့လိုး မြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အည--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မနက် (၉း၃၅)အချိန်တွင် ကတဲတီကျေးရွာအုပ်စုတွင်တည်ရှိသော ကတဲတီစစ်တပ်စခန်း၌ အခြေစိုက်သည့် SAC ပူးပေါင်းတပ်ဖွဲ့များသည် အယ--- ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပါသည်။ အည--- ကျေးရွာမှရွာသားတစ်ဦးသည် အယ--- ကျေးရွာ၌ အဆိုပါမပေါက်ကွဲသေးသော လက်နက်ကြီးအားတွေရှိပြီး ၎င်း၏ကျေးရွာသို့ ပြန်သယ်လာခဲ့ပါသည်။ အခြားသောရွာသားများမှ အဆိုပါလက်နက်ကြီးအား ထိုတွင်ထားရန်အတွက်အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပြီးနောက် ကျေးရွာ၏အပြင်ဘက်ရှိ သစ်ပင်တစ်ပင်၏အောက်သို့ သွားရောက်ထားရှိခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇွန်လိုင်လ ၁၁ ရက်နေ့တွင် ဒေသခံအာဏာပိုင်တစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ဤပုံသည်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖာပွန်စစ်တပ်စခန်းအခြေစိုက် SAC တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် မူတြော်ခရိုင်၊ ဘူးသို့မြို့နယ်၊ မဲ့ကလောကျေးရွာ အုပ်စု၊ အဃ--- ကျေးရွာရှိ အသက် ၁၇ နှစ်ရှိ စောဒ--- ဒဏ်ရရှိပြီး နေအိမ်တွင် ကုသမှုခံယူနေသောပုံဖြစ်ပါသည်။ စောဒ--- သည် ၎င်း၏သူငယ်ချင်းတစ်ဦးနှင့်အတူ ခရီးသွားလာချိန်တွင် မဲ့ကလောကျေးရွာအုပ်စု၊ အဖ--- ကျေးရွာနှင့် အဂ--- ကျေးရွာကြားရှိ လမ်းအနီးသို့ လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲသွားခဲ့ပါသည်။ ၎င်းဒဏ်ရာရရှိသည်နှင့်တစ်ပြိုင်နက် သူငယ်ချင်းဖြစ်သူမှ အကူအညီလှမ်းတောင်းခဲ့ပါသည်။ အနီးအနားရှိစစ်ဆေးရေးဂိတ်ရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ ၎င်းအား ဆေးကုသမှုခံယူရန်အတွက် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ဌာန (KDHW) ရှိကျန်း မာရေးဝန်ထမ်းများကိုခေါ်ပေးခဲ့ပါသည်။ (ဓာတ်ပုံ - ဒေသခံKNU အာဏာပိုင်)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒူးပလာယာခရိုင်၊ ကရူတူမြို့နယ်၊ မောင်းမရွာသစ်ကျေးရွာအုပ်စု၊ အလ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ခန့်တွင် ကောတရီမြို့နယ်ရှိအာရှအမြန်လမ်းအနီးတွင်တည်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) လက်အောက်ရှိ SAC (ခလရ)အမှတ် (၉၇) မှပစ်ခတ်လိုက်သောလက်နက်ကြီးသည် အလ--- ကျေးရွာသို့ကျရောက်ပေါက်ကွဲသွားခဲ့ပြီး ရွာသားများ၏အသက်မွေးဝမ်းကြောင်းပြုသည့် အသုံးအဆောင်ပစ္စည်းများ မီးလောင်သွားခဲ့ပါသည်။ ဤပုံတို့သည် လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စပါးကျီးတစ်လုံးနှင့် ပိုက်များ၊ သွပ်မိုးများနှင့် အခြားပစ္စည်းများ ပျက်စီးသွားသောပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ညာဘက်တွင်ရှိသောဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒူးပလာခရိုင်၊ ဝေါရေ့မြို့နယ်၊ လို့ရှမ်းကျေးရွာအုပ်စု၊ ဘဖ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် SAC ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော ဘဖ--- ရွာသားတစ်ဦး၏ရေတွင်းပုံဖြစ်ပါသည်။ ညာဘက်ရှိဓာတ်ပုံကို ဘဖ--- ရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပြီး SAC ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့်အခြားသောရွာသားတစ်ဦး၏ ပိုင်ဆိုင်သော ကွမ်းခြံပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG/ဒေသခံရွာသား)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ အစ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နေလည်အချိန်တွင် အာရှလမ်းမကြီးတစ်လျှောက်နေရာယူထားသော SAC ၏ အောင်ဇေယျစစ်ကြောင်းမှ အစ--- ကျေးရွာသို့ ၈၁ မမ လက်နက်ကြီး (၂) လုံးအားပစတ်ခတ်ခဲ့ပါသည်။ ဤဓာတ်ပုံများသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သော ရွာသားများ၏ ဆန်ကြိတ်စက်များ၊ ကားတစီးနှင့် နေအိမ်များ၏ပုံတို့ဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဒူးပလာယာခရိုင်၊ ကရူတူမြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အဆ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ညနေ ၅ နာရီအချိန်တွင် ကျုံဒိုးမြို့နယ်၌အခြေစိုက်သည့် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) မှ အဆ--- ကျေးရွာသို့လက်နက်ကြီး (၁) လုံးပစ်ခတ်ခဲ့သဖြင့် ကလေး (၄) ဦးဒဏ်ရာရရှိသွားခဲ့ပါသည်။ ဤပုံသည် SAC ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် ကလေးနှစ်ဦး (အသက် ၁၀ နှစ်နှင့် အသက် ၁၀ လသား) ၏ပုံဖြစ်ပါသည်။ ၎င်းတို့သည် မျက်နှာ၊ ခေါင်းနှင့်ကျောကုန်းတို့တွင် ဒဏ်ရာရရှိသွားခဲ့ကြပါသည်။ အဆိုပါကလေးများသည် ဆေးကုသမှုခံယူပြီးသည့်နောက် ပြန်လည်ကောင်းမွန်လာပြီးဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ဒူးပလာယာခရိုင်၊ နို့ဖိုးကျေးရွာအုပ်စု၊ ဘသ--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ဗမာစစ်တပ်မှ ဘသ--- ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီးသည့်နောက် ရွာသားများသည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျေးရွာ၏အပြင်ဘက်တွင် ခိုလှုံနေခဲ့ကြသောပုံများဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ဖားအံခရိုင်၊ တနေးဆားမြို့နယ်၊ ယော့ကူကျေးရွာအုပ်စု၊ ဘစ--- ကျေးရွာရှိ ရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ အဆိုပါရွာသားမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မနက်အချိန်တွင် ဘဆ--- ကျေးရွာအနီးရှိ ဦးစ--- ၏ရော်ဘာခြံ၌ ဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လှိုင်ဝအမြောက်တပ်အမှတ် (၉၇) အခြေစိုက် SAC တပ်သားများမှ မီးလောင်လက်နက်များအပါအဝင် ၁၂၀ မမ လက်နက်ကြီးများအား ပစ်ခတ်ခဲ့သဖြင့် ဦးစ--- ၏ ရော်ဘာခြံမီးလောင်သွားခဲ့ပါသည်။ ဤဓာတ်ပုံများသည် ပျက်စီးသွားသောခြံပုံဖြစ်ပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထီးဝါ့ဘလောကျေးရွာအုပ်စု၊ ဘက--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗမာစစ်တပ်မှ ဘသ--- နှင့် အစ--- ကျေးရွာတို့တွင် လက်နက်ကြီးပစ်ခတ်ပြီးသည့်နောက် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖို့ကျေးရွာအုပ်စု၊ ဘသ--- ကျေးရွာနှင့် အစ--- ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေကြရသော ရွာသားများနေထိုင်အိပ်စက်သည့်နေရာဖြစ်ပါသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားအချို့၏နေအိမ်များ ပျက်စီးသွားခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထီးဝါ့ဘလောကျေးရွာအုပ်စု၊ ဘက--- ကျေးရွာ၌ ရိုက်ယူခဲ့ပါသည်။ ဤဓာတ်ပုံသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗမာစစ်တပ်မှ ဘသ--- နှင့် အစ--- ကျေးရွာတို့တွင် လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးသည့် နောက် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာ အုပ်စု၊ ဘသ--- ကျေးရွာနှင့် အစ--- ကျေးရွာရှိ ထွက်ပြေး တိမ်းရှောင်နေရသည့် ရွာသားများမှ ရေသယ်ယူ သိုလှောင်ရန်အတွက် ဝါးခြင်းများပြုလုပ်နေကြသောပုံ ဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖားအံခရိုင်၊ တနေးဆားမြို့နယ်ရှိ ဒေသခံ KNU အာဏာပိုင်တစ်ဦးထံမှ လက်ခံရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မနက် (၈း၀၃) မိနစ်အချိန်တွင် လှိုင်ဝအမြောက်တပ်အခြေစိုက်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) မှ တနေးဆားမြို့နယ်၊ ယော့ကူကျေးရွာအုပ်စု၊ အဝ--- ကျေးရွာသို့ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ရွာသားများအား ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်စေခဲ့ပါသည်။ ပထမဓာတ်ပုံနှစ်ပုံ (ဘယ်ဘက်) သည် ဒေသခံရွာသားဖြစ်သူ ဦးလ--- ၏ မီးလောင်သွားသောနေအိမ်ပုံဖြစ်ပါသည်။ တတိယဓာတ်ပုံသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဝက်တစ်ကောင်၏ပုံဖြစ်ပါသည်။ ညာဘက်တွင်ရှိသောပုံသည် မိသားစုနေထိုင်သောအဝ--- ကျေးရွာရှိနေအိမ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲစဥ် ဒဏ်ရာရရှိပြီးနောက် တနေးဆားမြို့နယ်၊ နို့ကေ့ကျေးရွာအုပ်စု၊ အပ--- ကျေးရွာရှိ ဆေးခန်းတစ်လုံးတွင် ဆေးကုသမှုခံယူနေသော ဦးလ--- ၏ ယောက္ခမဖြစ်သူ ဒေါ်မ--- ၏ပုံဖြစ်ပါသည်။ (ဓာတ်ပုံ - ဒေသခံ KNU အာဏာပိုင်)
































































