Wed, 30 Apr 2025
ဘိတ်ထားဝယ်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- SAC လေကြောင်းတိုက်ခိုက် မှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရရှိ၍ လူနေအိမ်များနှင့်ကျေးရွာအဆောက်အဦး များ ပျက်စီးသွားခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် ဖြစ် ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဂျက်လေယာဉ်တစ်စီးသည် ကစယ်ဒိုမြို့နယ်၊ ပေါခလိုးဒေသရှိ ပ--- ကျေးရွာအတွင်းသို့ လေကြောင်းဖြင့်တိုက်ခိုက်၍ စုစုပေါင်းဗုံး (၉)လုံးပစ်ချခဲ့သည်။ ပ--- ကျေးရွာမှ အသက် (၃၅) နှစ် အရွယ်ရှိသောရွာသား တစ်ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်၍ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ပေါခလိုးဒေသ၊ ဇ---ကျေးရွာမှ အသက် (၃၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးသည်လည်း ဗုံးကျည်စများထိ မှန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် အခြားရွာသားများက ဒဏ်ရရှိသည့် ရွာသားနှစ်ဦးကို ကစယ်ဒိုမြို့နယ်ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို ပို၍ကောင်းမွန်သည့်ဆေးကုသမှုကိုရရှိစေရန်အတွက် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ထို့အပြင် မူလတန်းစာသင် ကျောင်းတစ်ကျောင်း၊ လူနေအိမ်တစ်လုံး၊ ရွာသားများ၏စိုက်ပျိုးခြံများနှင့် ပစ္စည်းဥစ္စာများလည်း ပျက်စီးခဲ့ရသည်။ ထိုဒေသအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့အတွက်ကြောင့် ရွာသားများသည် အလွန်ကြောက်ရွံ့ထိတ်လန့်ကြပြီး စိုးရိမ်မှုများစွာနှင့်အသက်ရှင်နေထိုင်ရသည်။ ကျောင်းများကိုလည်း ပိတ်ပင်ခဲ့ရ သည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာ သားများ ဒဏ်ရာရရှိခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးဒေသ၊ ပ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောက---

နော်စ---

အသက်

၃၄ နှစ်

၃၃ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ကျေးရွာလူငယ်ခေါင်းဆောင်

-

နေရပ် ရွာအမည်

ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးဒေသ၊ ပ--- ကျေးရွာ

ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးဒေသ၊ ဇ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

SAC လေတပ်

ဘိတ်ထားဝယ်ခရိုင်၊ မြိတ်မြို့

ထွန်းအောင်၊ SAC လေတပ် ကာကွယ်ရေးဦးစီးချုပ်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဘိတ်ထားဝယ်ခရိုင်သတင်းမီဒီယာဖြစ်သော ကွယ်ကလူမီဒီယာသတင်း တစ်ခုတွင် ဤဖြစ်စဉ်အကြောင်းကို ဖတ်ရှု၍သိရှိခဲ့ရသည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ကစယ်ဒိုမြို့နယ် ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင်များနှင့် KNU အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းခဲ့သည်။ ထို့နောက် သတင်းအသေးစိတ်ကို မေးမြန်းခဲ့သည်။ (KHRG ကွင်းဆင်းလုပ်သားသည် ထိခိုက်ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို လည်း မေးမြန်းခဲ့သည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။
ဤသတင်းအကြောင်းအရာများသည် မှန်ကန်ပါသည်။ အကြောင်းမှာ ကစယ်ဒိုမြို့နယ်ရုံးအနီးတွင် လေကြောင်းတိုက် ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် မြို့နယ်အာဏာပိုင်များနှင့် မြို့နယ်ရုံး ဝန်ထမ်းများသည် ကိုယ်တိုင်မြင်တွေ့ခဲ့သူများဖြစ်သည်။ (KHRG ကွင်းဆင်းလုပ်သားသည် ဒဏ်ရာရရှိသည့်ရွာသား နှစ်ဦးကိုတွေ့ဆုံ၍မေးမြန်းခဲ့သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့ မနက် (၁၁း၃၀) မိနစ်တွင် ဘိတ်ထားဝယ်ခရိုင်၊ မြိတ်မြို့မှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) ဂျက်လေယာဉ်တစ်စီးသည် ဘိတ်ထားဝယ်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးဒေသရှိ ပ--- ကျေးရွာ အတွင်းသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ (ပ---ရွာသားများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့တွင်) ကရင်နှစ်သစ်ကူးပွဲတော်အား ကျင်းပပြီးနောက် ရက်အနည်းငယ်အကြာတွင် SAC မှ ကျေး ရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်) ပေါခလိုးဒေသအ ရှေ့ဖက်ခြမ်းတွင် ဤလေကြောင်းတိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ ပေါခလိုးဒေသအရှေ့ဖက်ခြမ်းတွင် လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့များက SAC ၏တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ပြီးနောက် (၂၀၂၄ ခုနှစ်၊ နှစ်ဝက်အတွင်း) SAC တပ်ဖွဲ့များသည် ထိုဒေသတွင် နေထိုင်ခဲ့ခြင်းမရှိသည် မှာကြာမြင့်ခဲ့ပြီးဖြစ်သည်။ ပေါခလိုးအရှေ့ဖက်ခြမ်းဒေသ သည် KNU ၏အုပ်ချုပ်နယ်မြေအောက်တစ်ခုထဲတွင် ရောက်ရှိနေပြီးဖြစ်သည်။

 

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့တွင်) SAC ဂျက်လေယာဉ်တစ်စီးသည် ပ---ကျေးရွာဒေသကို လေကြောင်း ဖြင့်တိုက်ခိုက်၍ စုစုပေါင်းဗုံး (၉)လုံးပစ်ချခဲ့သည့်အပြင် စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်။ ပစ်ချလိုက်သည့် ဗုံးတစ်လုံးသည် ရွာသားတစ်ဦး၏အနီးနားတွင် ကျရောက်ပေါက်ကွဲ၍ နီးစပ်ရာမူလတန်းကျောင်းကို ထိမှန်၍ပျက်စီး သွားခဲ့သည်။ သိုလှောင်ထားသည့်သစ်လုံးများအနီးတွင် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ အခြားဗုံးခြောက်လုံး သည် ရွာသားများ၏စိုက်ပျိုးခြံများနှင့်တောင်ယာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

 

ပ--- ကျေးရွာမှ အသက် (၃၅)နှစ်အရွယ်ရှိသောရွာသား တစ်ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်၍ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ပေါခလိုးဒေ သ၊ ဇ---ကျေးရွာမှ အသက် (၃၃)နှစ်အရွယ်အမျိုးသမီး တစ်ဦးသည်လည်း ဗုံးကျည်စများထိမှန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။ တစ်ဦးမှာ အသက် (၃၄)နှစ်အရွယ် စောက---ဖြစ်သည်။ စောက---သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးကျွေးမွေးစောင့်ရှောက်ရသော လယ်သမား တစ်ဦးလည်းဖြစ်သည်။ စောက---သည် ဗုံးကျည်စများထိမှန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာရရှိခဲ့သည်။ အခြားတစ်ဦး မှာ အသက် (၃၃)နှစ်အရွယ် နော်စ---ဖြစ်သည်။ နော်စ---သည် ကရင်အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ကလေးနှစ်ဦးထွန်းကားသည်။ နော်စ---သည် ဗုံးကျည်စများထိမှန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာရရှိခဲ့သည်။ ဗုံးတစ်လုံးသည် စောက---နှင့်နော်စ---တို့အနီးနားတွင် ကျရောက်ပေါက်သောကြောင့် နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ နော်စ---သည် ပေါခလိုးဒေသ၊ ဇ---ရွာ သားတစ်ဦးဖြစ်သည်။ သူမသည် ပ---ကျေးရွာရှိ စောက---၏နေအိမ်သို့သွားရောက်လည်ပတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် ၎င်းတို့နှစ်ဦး သည် စောက--- ၏အိမ်ရှေ့တံခါးအနားတွင် ထိုင်၍စကားပြေနေကြသည်။ ဗုံးတစ်လုံးသည် စောက---၏အိမ်အနီးနား တွင် ကျရောက်ပေါက်ကွဲပြီး ဗုံးကျည်စံများ သည် ၎င်းတို့နှစ်စလုံးကို ထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ စောက---သည် သူ၏ခြေထောက်နှင့်ခန္ဓာ ကိုယ်တွင် ဒဏ်ရာများရရှိခဲ့သည်။ နော်စ---သည် သူမ၏ခြေထောက်တွင် ဒဏ်ရာရရှိပြီး သူမ၏ဘယ်ဖက်လက်တစ်ဖက်ကျိုးသွားပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာရရှိခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပ--- ကျေးရွာမှ အခြားရွာသားများသည် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို သွားရောက်ကူညီခဲ့သည်။ အကြောင်းမှာ အခြားရွာသားများသည် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်အတွင်း သွားရောက်ကူညီပေးရန်ကြောက်ရွံ့ခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ရွာသားများနှင့် KNU မြို့နယ်အာဏာပိုင်များသည် ဒဏ်ရရှိသည့်ရွာသားနှစ်ဦးကို ပေါခလိုးဒေသ၊ သ---ကျေးရွာတွင်တည်ရှိသည့် ကစယ် ဒိုမြို့နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ သည်။ ထိုဆေးရုံသည် KNU စီမံခန့်ခွဲသောဆေးရုံဖြစ်သည်။ နောက်ဆုံးတွင် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို ပို၍ကောင်းမွန်သည့်ဆေးကုသမှုကို ရရှိစေရန်အတွက် ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့သည်။ ရွာသားနှစ်ဦးသည် ဒဏ်ရာ အလွန်ပြင်းထန်သည့်အတွက် KNU မြို့နယ်အာဏာပိုင်များက (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့) ညတွင်းချင်း ကားစီစဉ်ပေး၍ ခရိုင်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ထိုခရိုင် ဆေးရုံသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂) ၏ရုံးဌာနချုပ်တွင် တည်ရှိသည်။ ဤတစ်ကြိမ်တွင်လည်း ရွာသားနှစ်ဦးသည် ဒဏ်ရာအလွန် ပြင်းထန်သည့်အတွက် KNLA တပ်ရင်း (၁၂) မှ အာဏာပိုင်များသည် ထိုရွာသားနှစ်ဦးအား ထိုင်းနိုင်ငံ၊ ကမ်းချားနားပူးရီ ခရိုင်၊ ထ---မြို့ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ ပြန်သည်။ ထိုင်းနိုင်ငံဆေးရုံသို့သွားသည့်ခရီးတွင် လမ်းသည် အပေါက်များနှင့် ပြည့်နှက်၍ ပျက်စီးနေသည်။ ထို့ကြောင့် ထိုရွာသားနှစ်ဦးကို ပုခက်ဖြင့်သယ်၍ မြန်မာပြည်ကနေ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ရသည်။

 

ထိုရွာသားနှစ်ဦးသည် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်) မည်သည့်ငွေကြေးထောက်ပံ့မှုမှ မရရှိခဲ့ပါ။ ထို့ကြောင့် ဆေးကုသမှုစရိတ်အတွက် ၎င်းတို့သည် ငွေကြေးအကူအညီလိုအပ်နေပါသည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး၊ ဆိုင်ကယ်တစ်ဦးနှင့်စိုက်ပျိုးခြံများ ပျက်စီးခဲ့ရသည်။ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦးထိမှန်ဒဏ်ရာရရှိသည့်အတွက် ပေါခလိုးဒေသရှိ အခြားရွာသားများသည် အကြောက်တရားနှင့်နေထိုင်ရပါသည်။ ရွာသားများသည် လေကြောင်းတိုက်ခိုက်မှုထပ်မံဖြစ်ပွားမည်ကို ကြောက်ရွံ့နေ ရသည်။ ထို့ကြောင့် ကျောင်းဆရာ၊ ဆရာများသည် ကျောင်းကိုလည်း မဖွင့်ရဲတော့ဘဲ ပိတ်ပင်ခဲ့ရသည်။ ကျောင်းသား မိဘများလည်း ၎င်းတို့သားသမီးများကို ကျောင်းသို့မပို့ရဲကြတော့ပေ။   

 

SAC လေကြောင်းတိုက်ခိုက်သည့်နေရာသည် ကရင်နှစ်သစ်ကူးပွဲတော်ကိုကျင်းပလေ့ရှိသောနေရာဖြစ်သည်။ အကြောင်းမှာ ထိုနေရာတွင်ကျယ်ဝန်းပြီး လူအများစုဝေးနိုင်သောနေရာဖြစ်သည်။ SAC သည် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြု၍ ကျေးရွာအပေါ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တစ်ချို့ရွာသားများသည် လေကြောင်းတိုက်ခိုက်မှုထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံ့နေရသည်။ အကြောင်းမှာ ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပပြီးနောက် ရက်အနည်းငယ်အကြာတွင် SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွာသားများ သည် လာမည့်နှစ်တွင် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသင့်၊ မသင့် စိတ်သောကများရောက်နေသည်။

 

(ဂျက်လေယာဉ်သည် မြိတ်မြို့မှ လာသည်ဟု ဒေသခံ KNU အာဏာပိုင်များက KHRG ကွင်းဆင်းလုပ်သားအား ပြောပြ၍သိရှိရခြင်းဖြစ်သည်။ ဘိတ်ထားခရိုင်အတွင်း လေတပ်စခန်းတစ်ခုသာရှိပြီး မြိတ်မြို့တွင် တည်ရှိပါ သည်။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန်အတွက် (ကစယ်ဒိုမြို့နယ်) ဒေသခံ KNU အာဏာပိုင်များ နှင့်ရွာသား များက KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ ဒဏ်ရာရရှိခဲ့သည့် စောက--- နှင့် နော်စ--- လည်း ခွင့်ပြုချက်ပေးထား ပါသည်။

Wed, 30 Apr 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်