Wed, 04 Mar 2026
ဓာတ်ပုံသတင်း - မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်မှုကြောင့် ဒေသခံအသိုင်းအဝန်းများအပေါ် ထိခိုက်သေဆုံးမှုများ၊ ပျက်စီးမှုများနှင့်ထွက်ပြေး တိမ်းရှောင်ရမှုများရှိလာ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ)

ဤဓာတ်ပုံသတင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ‌ဒေသခံအသိုင်းအဝိုင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ဓာတ်ပုံအထောက်အထားများကို ဖော်ပြ ထားပါသည်။  KHRG သည် အစီရင်ခံစာတင်သည့်ကာလအတွင်း မြန်မာစစ်တပ်၏လေကြောင်းရမ်းသမ်းတိုက်ခိုက်မှု နှင့် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်သည့်အကျိုးသက်ရောက်မှုများကို ဖော်ပြသသည့် ဓာတ်ပုံ ပေါင်း ၃၆၀၀ ကျော်ထက်မနည်းကို လက်ခံရရှိထားပါသည်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း နှင့် ၂၀၂၅ ခုနှစ် တလျှောက်လုံးတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ၊ ပြည်သူလူထု ပိုင် အဆောက်အဦးများ (စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများအပါအဝင်) အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး စိုက်ပျိုးပင်များနှင့် စပါးခင်းများအပြင် နေရပ်ထွက်ပြေးတိမ်းရှောင်ရမှု အများအပြားကိုဖြစ်ပေါ် စေခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်းတွင်၊ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁၈) ဦး အပါအဝင် ရွာသား (၆၆) ဦးထက်မနည်းသေဆုံးခဲ့ပြီး ကလေးငယ် (၆၆) ဦး အပါအဝင် ရွာသား (၁၇၆) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့်၊ အကျိုးဆက်အနေဖြင့် ရပ်ရွာလူထုအတွင်း အကြောက်တရားများ ကျယ်ပြန့်လာစေပြီး ရွာသားများ၏လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းရပ်များကိုလည်း ဆိုးရွားစွာ ထိခိုက် စေခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာသားများ၏ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားမရှိ မဖြစ်လိုအပ်သော ဝန်ဆောင်မှုများရရှိရေးကိုလည်း သိသိသာသာ အနှောင့်အယှက်များဖြစ်စေခဲ့ပါသည်။  နောက်ထပ် တိုက်ခိုက်မှုများနှင့် ဆက်လက်ဖြစ်ပွားနိုင်သည့် အန္တရာယ်များကြောင့်  ရွာသူ၊ရွာသားများသည် ၎င်းတို့၏လယ်ယာလုပ် ငန်းခွင်များအား ဆက်မလုပ်နိုင်တော့ဘဲ ခိုလှုံရန်တောအုပ်များထဲနှင့် ပုန်းရှောင်ရန်လိုင်ဂူများရှိရာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပါသည်။

 

ဓာတ်ပုံသတင်း- ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်ပစ္စည်းများထိခိုက်ပျက်စီးမှု၊ နေရပ်စွန့်ခွာရမှုနှင့်မပေါက်ကွဲသော လက်နက်ဗုံးများ တည်ရှိနေမှု

၂၀၂၁ ခုနှစ်မှစ၍ မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများကိုပို၍ပြု လုပ်လာသောကြောင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိမှု၊ အိုးအိမ်ပစ္စည်းများထိခိုက်ပျက်စီးမှုနှင့်နေရပ်စွန့်ခွာရမှုများ ပို၍များလာပါသည်။ KHRG လက်ခံရရှိသည့်သတင်းမှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်သည် အရပ် သားဒေသများမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် စက်သေနတ်များ၊ လက်နက်ကြီးများနှင့်မတူညီသော ဗုံးများ အစရှိသည့် လက်နက်အမျိုးမျိုးကိုအသုံးပြုခဲ့သည်။ မြန်မာစစ်တပ်သည် ဒေသတွင်း သတ်မှတ်ထားသောခရိုင် (၇)ခု စလုံးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုခရိုင်များမှာ ဒူးသထူ (သထုံ) ခရိုင်၊ တောအူး (တောင်ငူ) ခရိုင်၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒူးပလာယာခရိုင်နှင့်ဘားအံခရိုင်များဖြစ်ကြသည်။ မြန်မာစစ်တပ်သည် ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားသည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ လေကြောင်း တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင်လည်း အရပ်သားပြည်သူများကို ကြိုတင် အသိ ပေးခြင်းမရှိသည့်အပြင် ကြိုတင်ကာကွယ်ပေးသည့်အစီအမံများကိုလည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။ များသော အားဖြင့် လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီတွင် ဒေသအတွင်း ဝေဟင်ကင်းထောက်လှမ်းမှုများပြုလုပ်လေ့ရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးထိခိုက်ပျက်စီးသည့်အရာများမှာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်း များနှင့်ဘုရားကျောင်းများအစရှိသည့် ရပ်ရွာအဆောက်အဦးများဖြစ်ကြသည်။ ထိုအဆောက်အဦးများသည် ဝေဟင်မှ ကြည့်လျှင် ရှင်းလင်းစွာမြင်တွေ့နိုင်သည်။ ထို့အပြင် ရွာသားများ၏အိုးအိမ်များ၊ လယ်ယာများနှင့်စိုက်ပျိုးခြံများလည်း ထိခိုက်ပျက်စီးခဲ့သည်။

ဤဓာတ်ပုံသတင်းတွင် ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်းလက်ခံရရှိသည့် ဓာတ်ပုံများ (၃၆၆၂) ပုံမှ (၈၃) ပုံကို ရွေးချယ် တင်ပြထားပြီး ထိုဓာတ်ပုံများသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသခံရွာသားများ ကြုံတွေ့ရသောအကျိုးသက်ရောက်မှုများကို ဖော်ပြထားသည့်သက်သေအထောက်အထား များဖြစ်သည်။ ရွေးချယ်တင်ပြထားသည့်ဓာတ်ပုံ (၈၃) ပုံအနက် (၇၄) ပုံကို ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေ ကို လေ့လာစောင့်ကြည့်ရန်အတွက် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်များက ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသည့်ဓာတ်ပုံ (၉) ပုံကို ရွာသားများနှင့်ဒေသခံအာဏာပိုင်များထံမှ လက်ခံရယူခဲ့ခြင်းဖြစ်သည်။ ဤ ဓာတ်ပုံများတွင် မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရရှိခြင်း၊ အိုးအိမ်ပိုင် ဆိုင်မှုများ ထိခိုက်ပျက်စီးခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် မပေါက်ကွဲဘဲကျန်ရှိနေသည့်ဗုံးအမျိုးအစားများကို ဖော်ပြထား ပါသည်။ ထိခိုက်နစ်နာသူများ၏နာမည်များ၊ ၎င်းတို့၏မျက်နှာနှင့်နေရပ်လိပ်စာအတိအကျကို လုံခြုံရေးအတွက် ဆင်ဆာဖြတ်ထားပါသည်။

 

 

Wed, 04 Mar 2026

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်