Thu, 24 Mar 2022
အပြည်ပြည်ဆိုင်ရာ အမှန်တရားရရှိရေးနေ့

   

 

မတ်လ ၂၄ ရက်နေ့သည် အယ်လ်ဆာဗေးဒေါ (AL Salvador) နိုင်ငံရှိ လူအခွင့်အရေးအတွက် ထုတ်ဖော်ပြောဆို သည့် ဂိုဏ်းချုပ်ဘုန်းတော်ကြီး အော်စကာ အာနူလ်ဖိုရိုမီယို အသတ်ခံခဲ့ရသည့် နေ့ကို အပြည်ပြည်ဆိုင်ရာအမှန်တ ရားရရှိရေးနေ့ အဖြစ်နိုင်ငံတကာမှ သတ်မှတ်ကျင်းပကြပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆိုးရွားသည့်လူ့ အခွင့်အရေးချိုးဖောက်မှု ပိုမိုများပြား လာခဲ့ပါသည်။ ထိုလူ့အခွင့်အရေးချိုးဖောက်မှုများမှာ အရပ်သားများအား မတ ရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက် ခြင်း၊ အရပ်သားများနေထိုင်သည့်နေရာများကို ပစ်မှတ်ထား၍လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းနှင့် အခြားဆိုးရွား သော လူ့အခွင့်အရေးချိုးဖောက်မှုများ ပါဝင်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းအချက်အလက်များအရ စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ စစ်ကောင်စီမှ အရပ်သား ၁၆၈၇ ဦးကို သတ်ဖြတ်ခဲ့ပါသည်။ ထိုသတ်ဖြတ်မှုသတင်းအချက်အလက်များသည် လက်လှမ်းမီနိုင်ရန်ခက်ခဲသည့်နေရာ များတွင်လည်း ဖြစ်ပွားနေသောကြောင့် အမှန်တကယ်မှာမူ မှတ်တမ်းရရှိထားသည့်အရေအတွက်ထက် ပိုမိုများ ပြားနိုင်ပါသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၈ သိန်းကျော်ရှိနေပြီး၎င်းတို့အတွက် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် ရင်ဆိုင်နေရပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုခံစားခဲ့ရသူများသည် တရားမျှတမှု မရရှိနိုင်သေးသည့်အပြင် စစ်ကောင်စီမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ယူမှုတာဝန်ခံမှုမရှိ ပဲ ပြစ်ဒဏ်ကင်းလွှတ်ခွင့်အပြည့်ဖြင့် ဆက်လက်ကျူးလွန်နေကြပါသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ နှစ် ၇၀ ကျော်ဖြစ်ပွားလာခဲ့သည့်အတောအတွင်း မြန်မာစစ်တပ်မှ ဒေသခံတိုင်းရင်းသားများအပေါ် စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ခံစားလာခဲ့ကြရပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၏ မှတ်တမ်း များအရ လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင် အများစုသည် လက်နက်ကိုင်တပ်ဖွဲ့များ (အထူးသဖြင့်မြန်မာစစ်တပ်) ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထများကြောင့် တရားမျှတမှုကိုမရရှိကြသေးပါ။ မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ်အဓ္ဓမပြုကျင့်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အတင်းအဓ္ဓမ အစဖျောက်ပစ် ခြင်းများ၊ အရပ်သားပိုင်ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းနှင့် အခြားသောမည်သည့်ကျူးလွန်မှုကိုမဆို အရေးယူခြင်းမရှိသောကြောင့် နစ်နာသူနှင့်၎င်းတို့၏မိသားစုဝင်များသည် ကျူးလွန်ခံရမှု၏ နောက်ဆက်တွဲဆိုး ကျိုးများကိုလည်း ခံစားကြရပါသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများပို မိုပြင်း ထထန် လာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုများ နှင့်အခြား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် များစွာသောဒေသခံရွာသားများ၏ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ စစ်ကောင် စီမှ အရပ်သားများကိုလူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိအသုံးပြုခဲ့သည့်ဖြစ်စဥ်များလည်းရှိပါသည်။ အတိတ်မှဖြစ် ပွားခဲ့သည့်ကျူးလွန်မှုများအတွက်တရားမျှတမှုမရရှိသေးသည့်အချိန်တွင် များစွာသောလူ့အခွင့်အရေးချိုးဖောက်မှု များကို စစ်ကောင်စီမှ ထပ်မံကျူးလွန်နေပါသည်။ ထိခိုက်နစ်နာသူများကို ကူညီနိုင်ရန်အတွက် ပြစ်ဒဏ်ကင်းလွတ် ခွင့်ကိုအဆုံးသတ်ရန်လိုအပ်ပြီး တရားမျှတမှု တာဝန်ယူမှု တာဝန်ခံမှုများရ ရှိရန် အရေးတကြီး လိုအပ်နေပါသည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းမှ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်နေသည့် စစ်ကောင်စီနှင့် ၎င်း တို့၏ စီးပွားရေးလုန်ငန်းများအပါအဝင်၊ လက်တွဲလုပ်ကိုင်သည့်မည်သည့် လူပုဂ္ဂိုလ်ကိုမဆို ပြတ်ပြတ်သားသားအ ရေးယူဆောင်ရွက်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှတောင်းဆိုလိုက်ပါသည်။

လူ့အခွင့်အ‌ရေးချိုးဖောက်ခံရသော ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏မိသားစုဝင်များသည် အမှန်တရားကိုသိရှိနိုင် ရန်၊ တရားမျှတမှုရရှိရန်နှင့် ဂုဏ်သိက္ခာနှင့်အညီဆက်လက်ရှင်သန်နိုင်ရန် အခွင့်အ‌ရေးများရှိပါသည်။ လူ့အခွင့်အ‌ ရေးချိုးဖောက်မှုကျူးလွန်သူများသည် စစ်ပွဲဖြစ်ပွားသည့်အချိန်တွင်ဖြစ်စေ၊ စစ်ပွဲမဖြစ်သည့်အချိန်တွင်ဖြစ်စေ ၎င်း တို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက် တာဝန်ယူမှု၊တာဝန်ခံမှု ရှိစေရမည် ဖြစ်သည်။ ဆိုးရွားသောလူ့အခွင့်အ‌ရေး ချိုးဖောက်မှုခံရသော ထိခိုက်နစ်နာသူများကို ဂုဏ်သိက္ခာနှင့်အညီ အမှန်တရားရရှိရန်အတွက် ကျွန်ုပ်တို့အားလုံး တွင်တာဝန်ရှိပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူများ၏ အသံများကို အသိအမှတ်ပြုပြီး တ ရားမျှတမှုရရှိစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာပြည်အတွင်း ဖြစ်ပွားနေသောလူ့ အခွင့်အ‌ရေးချိုးဖောက်မှုများကို လူအများမှသိရှိနားလည်ရန်အတွက် ကြိုးစားအားထုတ်ရင်း အသက်ဆုံးရှုံးခဲ့ရသူ များကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ အသိအမှတ်ပြုအပ်ပါသည်။

Thu, 24 Mar 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်