Fri, 03 Sep 2021
အမျိုးသမီးများအားလူသားဒိုင်းအဖြစ်စစ်ကောင်စီမှအသုံးပြုနေသည့်အပေါ် ကရင်အမျိုးသမီးအဖွဲ့အစည်းနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့မှရှုံ့ချခြင်း

   

 

ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့သည် စစ်ကောင်စီမှ က ရင်ပြည်နယ်နှင့် အခြားဒေသများတွင် အမျိုးသမီးများအား လူသားဒိုင်းသဖွယ် အသုံးပြုနေသည့်အပေါ် လုံးဝရှုံ့ချပါသည်။ အထူးသဖြင့်အမျိုးသမီးများသည် လူသားဒိုင်းအဖြစ်အသုံးပြုခံရခြင်း၊ အတင်းအဓ္ဓမခိုင်း စေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် ထိန်းသိမ်းထားစဉ်နှိပ်စက်မှု များကို ခံရနိုင်သည့်အန္တရာယ်များရှိသည်။ ဤကဲ့သို့သော လူမဆန်သည့် စစ်ကောင်စီ၏အပြုအမူများ သည် ချက်ချင်းအဆုံးသတ်ရမည်ဖြစ်ပြီး အမျိုးသမီးများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ သည့် စစ်သားများအား ပြစ်ဒဏ်မှကင်းလွှတ်ခွင့်မပေးဘဲ တာဝန်ယူမှု အပြည့်အဝ ရှိရမည်ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အရပ်သားများ၏ အေးချမ်း တည်ငြိမ်မှုနှင့် လုံခြုံရေးတို့အပေါ်ပိုမိုခြိမ်းခြောက်မှုများဖြစ်လာစေပါသည်။  ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီခန့်တွင် လယ်ထို့စခန်းမှာလာသည့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၄၁) နှင့် (၄၁၀) တို့သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုတွင်ရပ်နားခဲ့ပြီး ၎င်းတို့မှ အမျိုးသမီး သုံးဦးကိုဖမ်းဆီးခဲ့ပါသည်။ ထိုအမျိုးသမီး သုံးဦးအားဖမ်းထားစဉ် အတွင်းသတင်းမေးမြန်းမှုများပြုလုပ်ရာ ၌  ခြေဖြင့်ကန်ကျောက်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုတပ်ရင်းနှစ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ထိုအ မျိုးသမီးသုံးဦးကို အထုပ်အပိုးများနှင့်စစ်သုံးပစ္စည်းများအားသယ်ခိုင်းပြီး  ကျောထလိုချောင်းနားရောက် သည့် အထိ၎င်းတို့စစ်ကြောင်းရှေ့မှသွားစေကာ လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့ပါသည်။ ထိုအမျိုးသမီး သုံးဦးသည်ပြန်လည်ပြန်လည်လွှတ်မြောက်လာသောအခါ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပါလာ ခဲ့ပါသည်။ ထိုနည်းအတူ စက်တင်ဘာလ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်၊ နေ့လည် ၂ နာရီခန့်တွင်လည်း ဒူးပလာရာ ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ကလာဒုံကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ အသက် ၃၀ ကျော်အရွယ် ရွာသူအမျိုးသမီးတစ်ဦးကိုဖမ်း ခေါ်သွားပြီး၎င်းတို့၏အရှေ့တွင်လမ်းပြအဖြစ် လူသားဒိုင်းသဖွယ်လမ်းသူမကို အသုံးချကာ KNU ၏ ထိန်း ချုပ်နယ်မြေအတွင်းသို့ ခေါ်ဆောင် သွားခဲ့ပါသည်။ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုခြင်းအား အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) မှတားမြစ်ထားပါသည်။

စစ်ကောင်စီမှ တိုင်းရင်းသားအမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများကျူးလွန်ခြင်းသည် အသစ်အ ဆန်းအရာတစ်ခုမဟုတ်ပေ။ သို့‌သော်လည်း ထိုကျူးလွန်မှုများအ‌ပေါ် ပြစ်ဒဏ်မှကင်းလွှတ်ခွင့်ဆက်လက် ရရှိနေခြင်းသည် ခံပြင်းဖွယ်ရာအချက်တစ်ခု ဖြစ်ပါသည်။ စစ်ကောင်စီတပ်မှ အမျိုးသမီးများအပေါ်မှ လိင် အဓ္ဓမပြုကျင့်မှုနှင့် ကျား၊မအခြေပြုအကြမ်းဖက်မှုများကို လက်နက်သဖွယ်အသုံးပြုလာခဲ့သည်မှာ ဆယ်စု နှစ်ပေါင်းများစွာရှိခဲ့ပြီးဖြစ်သည်၊၊ အထက်တွင်ဖော်ပြခဲ့သည့်ဖြစ်ရပ်များသည် သီးခြားဖြစ်ပျက်နေသော ဖြစ်ရပ်များမဟုတ်ပါ။ မြန်မာပြည်အတွင်း မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာသည့်အပေါ်တွင် ကရင်အမျိုး သမီးအဖွဲ့အစည်း (KWO)နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) တို့မှ ထိုကဲ့သို့ စစ်ကောင်စီတပ်မှ ကျူး လွန်မှုများအတွက် လွန်စွာစိုးရိမ်မိပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လူသားဒိုင်းအဖြစ် အသုံးပြုခံရ သည့်အဖြစ်ဆိုးကို မကြုံသင့်ပါ။ ဆိုးရွားသည့် မြန်မာပြည်၏သမိုင်းတစ်လျှောက်တွင် အမျိုးသမီးထုများ အတွက် လုံခြုံမှုမရှိခဲ့ပါ၊၊ ယခုလိုအချိန်သည်လည်း အမျိုးသမီးများအတွက် လုံခြုံမှုမရှိသည့်ဥပမာကို မြင်နေရပြီးဖြစ်ပါသည်၊၊

ပြီးခဲ့သည့်လတွင်ကရင်ပြည်နယ်ဒေသများအတွင်း နယ်ခြားစောင့်တပ် (BGF)နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ အင်အားတိုးချဲ့လာသည်ကို ဖော်ပြသည့် အစီရင်ခံစာများကို ကရင်အမျိုးသမီး အဖွဲ့အစည်း (KWO) မှရရှိ ခဲ့ပါသည်။ ထိုတပ်ဖွဲ့များသည် အရပ်သားရွာသားများအား၎င်းတို့၏စခန်းများသို့ ခေါ်ဆောင်သွားပြီး လူ သားဒိုင်းအဖြစ်အသုံးပြုနေပါသည်။ ထို့အပြင်၎င်းတို့တပ်မှ ရွာအတွင်းသို့ဝင်ရောက်ပြီး ရွာသားများပိုင်ဆိုင် သည့် ငွေကြေး၊ လက်ဝတ်ရတနာ၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ အစားအစာ၊ အိမ်မွေးတိရိစ္ဆာန် များကိုလု ယူခြင်း၊ ခိုးယူခြင်းအပြင်ရွာသားများ၏ အိမ်အချို့ကိုလည်း ဖျက်ဆီးခဲ့ပါသည်။ စစ်ကောင်စီတပ်မှ ဒရုန်းနှင့် သော်လည်းကောင်း၊ ကင်းထောက် လေယဉ်များဖြင့်သော်လည်းကောင်း ရွာအခြေနေကို ထောက်လှမ်းမှု များပြုလုပ်သောကြောင့် ဒေသခံရွာသားကို ကြောက်လန့် ကြောက်ရွံ့မှုများ ဖြစ်စေပြီး လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်မည်ကိုစိုးရိမ်နေကြပါသည်။ ကရင်ပြည်နယ်အတွင်းပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုများပြား လာခြင်းသည် စစ်ကောင်စီ၏စစ်ရေးလှုပ်ရှားမှုများပြားလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

စစ်အာဏာသိမ်းမှုစတင်ပြီးကတည်းက  ကရင်ပြည်နယ်အတွင် စစ်ကောင်စီ ၏စစ်ရေးလှုပ်ရှားမှုများ ပိုမို များပြားခြင်းအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ မှတ်တမ်းရရှိထားပါသည်။ စစ်ရေးလှုပ်ရှားမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူများ၏ရွာများအတွင်းသို့လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းမှ ထိုး စစ်ဆင်မှုများသည် ပြည်သူများအား ထိခိုက်သေဆုံးခြင်း၊ တောတွင်းသို့ထွက်ပြေးတိမ်ရှောင်ရခြင်းများကို ဖြစ်ပေါ်စေပါသည်။ စစ်ပွဲဖြစ်ပွားမှုများကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောဒေသခံရွာသားများအကြား အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ်ပိုမိုဆိုးကျိုးသက်‌ရောက်စေပါသည်။ ကရင်လူ့အ ခွင့်အရေးအဖွဲ့(KHRG)၏ သတင်းမှတ်တမ်းများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ထွက်ပြေးတိမ်း ရှောင်နေရသည့်အချိန်အတွင်း ကလေးမွေးဖွားရပြီး တောထဲတောင်ထဲတွင် ကလေးမွေးရသည့်အတွက် လုံလောက်သည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခဲ့ပေ။

နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာပြည်သူများအတွက်ပိုမိုအားစိုက်လုပ်ဆောင်ရန်အထူးလိုအပ်ပါသည်။ မြန်မာ့အရေးကို ကမ္ဘာ့ကုလသမ္မဂမှ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့လွှဲပြောင်းပြီး ကရင်ပြည်နယ်ဒေသအ တွင်း လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် လိုအပ်ပါသည်။ တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်နေရသူများအတွက်လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ရရှိအောင် စီစဉ် ပေးရမည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုခေါ်သော စစ်ကောင်စီနှင့် ထိတွေ့လုပ်ဆောင်မှုများကိုရပ်တန့်ပြီး မြန်မာပြည်သူများကိုကိုယ်စားပြုသော နိုင်ငံ‌ တော်စည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကိုအသိအမှတ်ပြုရပါမည်။ ယခုလ၏ လနှောင်းပိုင်းတွင် ကမ္ဘာ့ ကုလသမ္မဂအထွေထွေညီလာခံမှ မြန်မာနိုင်ငံကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ လူ့အ ခွင့်အရေးကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်ချက်ချသင့်ပါသည်။ မြန်မာပြည်သူအများစုသည် စစ်ကောင်စီမှ တ ရားမဝင်အာဏာသိမ်းယူမှုနှင့် စစ်ကောင်စီမှဒီမိုကရေစီပြိုလဲအောင်ကြိုးစားလုပ်ဆောင်နေမှုများကို လုံးဝ လက်မခံကြောင်းကို ကမ္ဘာ့ကုလသမ္မဂမှ နားလည်ပြီးအသိအမှတ်ပြုပေးရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ ယိုယွင်းလာနေမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂမှ လျင်မြန် စွာပြစ်ဒါဏ်စီရင်နိုင်ရေးနှင့် အချိန်မှီဝင်ရောက်ကူညီပေးနိုင်ရေးတို့အတွက် ဆုံးဖြတ်ချက် အမြန်ချသင့်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံးကိုအကာအကွယ်ပေးနိုင်ရန်လိုအပ်ကြောင်း ကရင်အမျိုုးသမီးအ ဖွဲ့ (KWO) နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့မှတိုက်တွန်းလိုက်သည်။

ဆက်သွယ်ရန် -

နော်ကညောဖေါ - + 66 810295503 (အင်္ဂလိပ်/ကရင်)
နော်ထူးထူး - +66 872051856 (အင်္ဂလိပ်/ဗမာ)

Fri, 03 Sep 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်