Fri, 06 Jun 2014
မြန်မာနိုင်ငံအရှေ့ တောင် ပိုင်းဒေသတွင် ကိုပါကြီး သေဆုံးမှုသည် ဆက်လက်ဖြစ်ပေါ်နေသောပြစ်ဒဏ်မှကင်းလွတ်ခြင်း ကို မီးမောင်းထိုးပြထားသည်။

  

ယခုလက်တလောဖြစ်ပေါ်နေသည့် မြန်မာစစ်တပ်၏ သက်ဖြတ်ခြင်းကို ခံရသောအလွတ်သတင်းထောက် အောင်ကျော်နိုင်(ခေါ်)ကိုပါကြီး ၏အမှုသည် မြန်မာနိုင်ငံအရှေ့တောင်ဘက်တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံး သတ်ရန်လိုအပ်ကြောင်း မီးမောင်းထိုးပြထားပါသည်ဟု ထိုဒေသတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းကို ဦးဆောင်လျှက် ရှိသော ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဖော်ပြထားပါသည်။ ကိုပါကြီး၏အသက်ခံရမှုတွင် မြန်မာတပ်မတော်သည် ၎င်း တို့၏စစ်သားများပြစ်မှုကျူးလွန်ခြင်းအပေါ် အလေးအနက်ထားဆောင်ရွက်ပေးခြင်းမရှိသေးဘဲ လူအခွင့်အရေးချိုး ဖောက်မှုကိစ္စများကို ဆက်လက်ဖြစ်ပွားကြောင်းသိသာထင်ရှားစေပါသည်။

အထောက်အထားခိုင်လုံတိကျသော မီဒီယာများ၊ အစီရင်ခံစာ၊ တိုင်ကြားစာများနှင့် မြန်မာတပ်မတော်ထံမှ ဆင့်ခေါ်စာများတွင် ကိုပါကြီးပစ်သတ်ခံရသည့်အချိန်သည် ရွှေဝန်ချောကျေးရွာ၊ကျိုက်မရောမြို့နယ်တွင် ၎င်းအဖမ်းခံရပြီး နောက်ပိုင်းအောက်တိုဘာ ၄ ရက်၊ ၂၀၁၄ တပ်ရင်းမှူးစန်းမင်းအောင် ဦးဆောင်သော ခြေမြန်တပ်ရင်း (၂၀၈) တပ်မ တော်စစ်သားမျာ စုရုံးရာအချိန်ဖြစ်ကြောင်းသိရှိရသည်။

ကိုပါကြီးသည် တပ်မတော်စစ်သားများဖမ်းထားစဉ်အတွင်း လွတ်မြောက်ရန်အတွက် သေနတ်လုယူ၍ထွက်ပြေး စဉ်အပစ်သတ်ခံရသည်ဆိုသောအကြောင်းကို သိသာထင်ရှားစေရန်အတွက် တိကျသောသက်သေအထောက်အ ထားတစုံတရာမျှ တပ်မတော်ထံမှထုတ်ပေးနိုင်ခြင်းမရှိပါ။

သမ္မတဦးသိန်းစိန်ထံမှကိုပါကြီးအသတ်ခံရမှုကိုအမျိုးသားလူ့အခွင့်အရေးကော်မှစုံစမ်းစစ်ဆေးဖော်ထုတ်စေသည့်သတင်းအတွက် KHRG မှဂုဏ်ယူဝမ်းမြောက်မိပါသည်။အစိုးရအနေဖြင့် ယခုအချိန်တွင် လွတ်လပ်စွာ မချွင်းမချန်နှင့် ယုံကြည်စိတ်ချနိုင်လောက်သော စုံစမ်းစစ်ဆေးဖော်ထုတ်မှုကို ပြုလုပ်ရပါမည်။

မြန်မာအစိုးရအနေနှင့် ကရင်လူမျိုးများနေထိုင်ရာဒေသတွင်း၌ အဖြစ်များလျှက်ရှိသော အကြမ်းဖက်မှုအစီရင်ခံစာများကိုလည်းထိုနည်း၎င်း ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရန်အတွက် KHRG မှ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။

“ဒီကိုပါကြီး အသတ်ခံရမှုကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရတပ်မတော်အနေနဲ့ပြစ်ဒဏ်လွတ်ကင်းခွင့်ပေးခြင်းလိုဘဲ တခြားဘယ်အရာကိုမဆိုလုပ်နိုင်တယ်ဆိုတဲ့ ဆက်လက်လုပ်ဆောင်ခြင်းဟာတကယ့်ကို စိုးရိမ်စရာအနေနဲ့ ကျန်ရှိနေပါသေးတယ်။ မြန်မာအစိုးရဟာ ဒီအမှုကို လုံးဝစုံစမ်းဖော်ထုတ်ဖို့တာဝန်ရှိတယ်၊ ပြီးတော့ ပြစ်မှုကျူးလွန်ခြင်းကနေ တရားမျှတမှုဆီကို ယူဆောင်သွားဖို့လိုအပ်တယ်။ ထိုကဲ့သို ဘဲအခြားသောတိုင်းရင်းသားများဒေသတွင်းရှိ စစ်တပ်မှကျူးလွန်လျက်ရှိတဲ့လူ့အခွင်အရေးချိုးဖောက်မှုတွေ  ဥပမာ။ သက်သေအထောက်အထားမပြဘဲ စွပ်စွဲတဲ့ဒီလိုကိစ္စတွေကို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို ့လုံးဝတာဝန်ရှိပါတယ်.” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ ကွင်းဆင်းတာဝန်ခံ စောအဲလ်ဘတ်မှပြောကြားပါသည်။

KHRG ၏ အောက်တိုဘာ ၂၀၁၄ တွင် တိုက်ရိုက်ထုတ်လွင့်အစီရင်ခံချက်ဖြစ်သော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တာဝန်ယူမှုဖြင့်အစားထိုးခြင်းတွင် ဇန်နဝါရီလ ၂၀၁၂ KNU နှင့်အစိုးရအပစ်ခတ်ရပ်စဲရေးစတင်ပြုလုပ်ချိန်မှစ၍ မြန်မာနိုင်ငံအရှေ့တောင်ဘက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ပဋိပက္ခများသည် များစွာသောအကြမ်းဖက်မှုများဖြစ်ပွားစေကြောင်းထင်ရှားစွာဖော်ပြထားပါသည်။ ဆယ်စုနှစ်များစွာတစ်ခုတိုင် ရက်စက်ကြမ်းကြုတ်မှုများကိုအပြည့်အဝခံစားခဲ့ရသော မြန်မာနိုင်ငံအရှေ့တောင်ဘက်ခြမ်းရှိအရပ်သားများအတွက် တရားမျှတမှုကိုအဓိကထားသောလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ရန် ဤမှတ်တမ်းအစီရင်ခံစာမှ တိုက်တွန်းထားပါသည်။

မြန်မာအစိုးရအနေဖြင့် ဤကဲ့သို့သက်သေအထောက်အထားမရှိဘဲ စွပ်စွဲသောအလားတူကိစ္စရပ်အားလုံးကို လွတ် လပ်၍အမှီအခိုကင်းစွာ စုံစမ်းစစ်ဆေးဖော်ထုတ်ရန် မချွင်းမချန်ရှေ့ဆောင်လမ်းပြရန်နှင့် ပြစ်မှုကျူးလွန်သူများကို တရားမျှတမှုဆီသို့ ဆောင်ကျဉ်းရန် ကျွန်ုပ်တို့တိုက်တွန်းလိုက်ပါသည်။ အကြမ်းဖက်မှုကျူးလွန်သော စစ်သားများကို ပြည်တွင်းဥပဒေနှင့်နိုင်ငံတကာ ဥပဒေ၏အတိုင်းအတာနှင့်အညီ တတ်နိုင်သမျှ ပွင့်လင်းမြင်သာသော တရားစီရင်မှု ပုံစံဖြင့် တရားစီရင်ရပါမည်။ “ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုတာဝန်ယူမှုဖြင့် အစားထိုးခြင်း” ထိုကဲ့သို့ပြုလုပ်ရန် ကျွန်ုပ်တို့ ကြိမ်ဖန်များစွာအကြံပြုထောက်ခံပေးပါသည်။

လက်နက်က်ိုင်တပ်ဖွဲ့ဝင်များအားလုံးကို

•    လူအခွင့်အရေးချိုးဖောက်သောစစ်သားများအား တာဝန်ခံ/ယူနိုင်မှုရှိအောင် စွမ်းဆောင်ရမည်။
•    ဤကဲ့သို့အကြမ်းဖက်မှုများကိုစုံစမ်းစစ်ဆေးခြင်း၊တရားစီရင်ခြင်းများတွင် ပွင့်လင်းမြင်သာမှုရှိရမည်။
•    ပြစ်မှုကျူးလွန်သူများတရားဥပေးနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေးအရေးယူရမည်။

“ဒီလိုမျိုးသတင်းထောက်ကိုသတ်ဖြတ်ခြင်းနဲ့ လူ့အခွင့်အရေးလှုပ်လျားသူများကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အနေနဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ၎င်းတို့တင်ပြချင်သော လူ့အခွင့်အရေးချိုးဖောက် မှုကိစ္စရပ်များကို မတင်ပြရဲလောက်အောင်ကြောက်ရွှံ့သွားစေတယ်။ ဦးသိန်းစိန်အစိုးရကလည်း လွတ်လပ်စွာပြောဆိုခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးရေးရှိကြောင်း အကြိမ်ကြိမ်အခါခါ ကတိကဝတ်ပေးခဲ့တယ်။ သူထပ်ခါတ လဲလဲကတိပေးထားတဲ့အတိုင်းဘဲ အလေးထားဆောင်ရွက်ရမှာဖြစ်တယ်။ အကယ်လို့အစိုးရဟာ ဒီကိစ္စကိုအလေးနက် ထားမယ်ဆိုရင်ယုံကြည်စိတ်ချရတဲ့အခြေအနေကို အမြန်ဆုံးတည်ဆောက်ရလိမ့်မည်။ လွတ်လပ်စွာနဲ့ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းတွေ ပြီးတော့ပြစ်မှုကျူးလွန်တဲ့သူတွေကို သေချာအရေးယူဆောင်ရွက်မယ်ဆိုရင် လူ့အခွင်အရေးအဖွဲ့တွေ သင်းထောက်တွေအနေနဲ့ သူတို့ရဲ့လုံချုံရေးအတွက် ကြောက်ရွံစရာမလိုဘဲဒီလိုကိစ္စတွေကို  ၀ိုင်းဝန်းဆောင်ရွက်နိုင်မှာဖြစ်တယ်.” ဟု KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံဝေလေးမှပြောကြားခဲ့ပါသည်။

၁၉၉၂ တွင် စတင်တည်ထောင်ခဲ့သော ကရင်လူ့အခွင့်အရေးအဖွဲ့သည် လွတ်လပ်သောအဖွဲ့အစည်းတခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် တွေ့ကြုံခံစားနေရသောအဖြစ်အပျက်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုစုဆောင်း မှတ်တမ်းယူနိုင်စေရန် သင်တန်းပို့ချခြင်းနှင့် လိုအပ်သည့်အထောက်အကူပစ္စည်းများ ပံပိုးပေးလျှက်ရှိသည်။ ထိ့ုအပြင် ရရှိသည့်သတင်းအချက်လက်များကိုဖြန့်ဝေပေးခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်လျှက်ရှိသည်။ ရွာ သားများ၏နည်းဗျူဟာများ ပိုမိုကောင်းမွန်စေရန် ၎င်းတို့နှင့်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုများလုပ်ခြင်းဖြင့် မြန်မာပြည် ရှိ လူ့အခွင့်အရေးအေခြေအနေပိုမိုတိုးတက်ကောင်လာစေရန် ကြိုးပမ်းလျှက်ရှိပါသည်။

လွန်ခဲ့သောနှစ်များတွင် KHRG သုတေသနပြုသူများ ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားသောအတင်း အဓမ္မစေခိုင်း ခြင်း၊ ရွာများနှင့် ကောက်ပဲသီးနှံများကို နည်းစနစ်တကျဖျက်ဆီးခြင်း၊ အတင်းအကျပ် နေရာရွေ့ပြောင်းခိုင်းခြင်း၊ လိင် ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်စော်ကားမှုအစရှိသည်တို့ကို မြန်မာနိုင်ငံအရှေ့ တောင်ဘက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အဖွဲအစည်းများမှ ကျူးလွန်ကြကြောင်းသိရှိရပါသည်။

ဗမာဘာသာစကားဖြင့်ဆက်သွယ်လိုပါက
 နော်အယ်သော
+၉၅ (၉)၃၀၂၂၀၀၈၄

ကရင်နှင့်အင်္ဂလိပ်ဘာသာစကားဖြင့်ဆက်သွယ်လိုပါက
ဝေလေး
+၆၆(၈)၁၁၆၆၈၄၈၂

Fri, 06 Jun 2014

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်