Karen Human Rights Group

တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်အမျိုး သမီးတစ်ဦးလည်းဒဏ်ရာရရှိခြင်းနှင့်အိုးအိမ်ပစ္စည်းများပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ)

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်မရှင်သည် (SSPC) တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်ရှိ ဒေးလိုမူနူလာထကျေးရွာအုပ်စုအပါအဝင် အချို့နေရာဒေသများတွင် ဖုန်းလိုင်းစတင်ဖြတ်တောက်ခဲ့သည်။ ညနေ (၃)နာရီအချိန်တွင် SSPC သည် ဒေးလိုမူနူလာ ထကျေးရွာအုပ်စုရှိ ကားလမ်းမပေါ်တွင် လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များချထားပြီး ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ည (၈း၀၆) မိနစ်နှင့် (၈း၁၁) မိနစ်ကြားတွင် လက်နက်ကြီးနှစ်လုံးပေါက်ကွဲသံ ကို KHRG သတင်းစုဆောင်းသူတစ်ဦးက ကြားသိရှိခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ သေနတ်ပစ်ခတ်သံများကို လည်း ကြားသိခဲ့သည်။

အဆိုပါပစ်ခတ်ခဲ့သည့်လက်နက်ကြီးများသည် M-79 လက်နက်ကြီးအမျိုးအစားဖြစ်ပြီး ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီး မြို့၊ ကရင်နှစ်သစ်ကူးတောင်ကုန်းအနီးပတ်ဝန်းကျင်ရှိ ကားလမ်းမပေါ်တွင် လုံခြုံရေးကင်းချ၍ နေရာယူထားသော SSPC စစ်သားများမှ ပစ်ခတ်ခဲ့ကြောင်း ရွာသားများက ယူဆကြသည်။ (ကရင်နှစ်သစ်ကူးတောင်ကုန်းအနီးတစ်ဝိုက် တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၉၈) တပ်ရင်းတစ်ရင်းရှိသည်။) လက်နက်ကြီးတစ်လုံးသည် ဒေးလိုမူနူလာထ ကျေးရွာအုပ်စု၊ သံတောင်ကြီးရပ်ကွက် (၁)၊ အအ---နေရာရှိ ရွာသားတစ်ဦးဖြစ်သူ နော်အ---၏နေအိမ်အနားတွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။ နော်အ--- သည် သားသမီး (၃) ဦးရှိသည့်အပြင် ကိုယ်ဝန်သည်မိခင်တစ်ဦးလည်းဖြစ်သည်။ သူမ၏နေအိမ်အနားတွင် လက်နက်ကြီးကျပေါက်ကွဲ၍ သူမ၏လည်ပင်းအား ထိမှန်ဒဏ်ရာရပြီး သူမ၏နေအိမ်နံရံ လည်း ထိမှန်ပျက်စီးခဲ့သည်။ သူမအား လက်နက်ကြီးထိမှန်၍သွေးများထွက်နေသည်။ ထို့ကြောင့် ဒေသခံခေါင်းဆောင် များနှင့်ရွာသားများသည် သူမကို အဖ--- ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ အဖ--- ဆေးရုံသည် မြန်မာစစ် အစိုးရစီမံခန့်ခွဲသောဆေးရုံဖြစ်သည်။ (ဆေးကုသမှုစရိတ်မည်မျှကုန်ကျခဲ့ကြောင်း KHRG အနေဖြင့်မသိရှိရပါ။ သို့သော် လည်း မြန်မာစစ်အစိုးရစီမံခန့်ခွဲသောဆေးရုံများတွင် ပုံမှန်အားဖြင့် ဆေးကုသမှုစရိတ်ကို ပေးဆောင်ရပါသည်။) နော် အ---၏လည်ပင်းဒဏ်ရာသည် ပြင်းထန်သည့်ဒဏ်ရာမဟုတ်ပါ။ သူမသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သူမ၏စတ္တုထမြောက်ကလေးကို မွေးဖွားခဲ့သည်။ (အခြားလက်နက်ကြီးတစ်လုံးသည် ကျေးရွာအပြင်ဘက်တွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း မည်သူမှ ထိခိုက်မှုမရှိခဲ့ပါ။)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် (၁၁း၃၀) မိနစ်တွင် (တောအူးခရိုင်) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၂) လက်အောက်ခံဖြစ်သော KNLA စစ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များသည် သံတောင်ကြီးမြို့ရှိ SSPC တပ်စခန်းဖြစ်သော ဘုရင့်နောင်တပ်စခန်းကို ရှော့တိုက်ဒုံး ကျည် M-107 (၆)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျည်အားလုံးသည် SSPC ၏တပ် စခန်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ SSPC သည် တုံ့ပြန်သည့်အနေဖြင့် လက်နက်ကြီးများကို ပြန်လည်ပစ် ခတ်ခဲ့သည်။ လက်နက်ကြီးများသည် ဒေးလိုမူနူလာထကျေးရွာအုပ်စု၊ အဘ---ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက် ကွဲခဲ့သည်။ သို့သော်လည်း မည်သည့်ရွာသားမှ ထိခိုက်သေဆုံးမှုမရှိခဲ့ပါ။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်း (၁၀) နာရီမထိုးခင်တွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅) လက် အောက်ခံဖြစ်သော ကမ်းနီးတော်လှန်ရေးတပ်ဖွဲ့သည် (ဒေသခံ PDF တပ်ဖွဲ့) ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာ အုပ်စု၊ အဆ--- ကျေးရွာရှိ ကားလမ်းမအနီးတွင်ရှိသော ဖုန်းတာဝါတိုင်အနီးတွင် သွားလာလှုပ်ရှားနေခဲ့သည်။ အဆ--- ကျေးရွာမှ ရွာသားတစ်ဦးက KHRG သတင်းစုဆောင်းသူတစ်ဦးအားပြောပြချက်အရ အဆိုပါကမ်းနီတော်လှန်ရေး တပ် ဖွဲ့သည် ကားလမ်းမတွင်သွားလာနေသော ကားများကို စစ်ဆေးနေကြသည်။ အကြောင်းမှာ KNLA စစ်သားများသည် SSPC စစ်သားများက ၎င်းတို့တပ်စခန်းသို့ အရပ်သားကားများဖြင့် စားနပ်ရိက္ခာတင်ပို့မည့်သတင်းကို ရရှိထားသော ကြောင့်ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲများမဖြစ်ပွားခဲ့ပေ။ မြန်မာစစ်တပ်မှ စစ်သားများသည် ပဆောလိုကျေးရွာ အုပ်စု၊ အဒ--- ကျေးရွာရှိ စာသင်ကျောင်းထဲတွင် နေရာယူစခန်းချခဲ့သည်။

မနက် (၁၀း၃၀) မိနစ်တွင် အဆ--- ကျေးရွာထဲတွင် လက်နက်ကြီး (၆၀) မမနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ ပဆော လိုကျေးရွာအုပ်စု၊ အန--- ကျေးရွာအနီးတွင် အခြေစိုက်သော ခလရ (၂၆) သည် အဆိုပါလက်နက်ကြီးနှစ်လုံးကိုပစ်ခတ် ခဲ့သည်ဟု ရွာသားများက ယူဆကြသည်။ ခလရ (၂၆) ၏တပ်ရင်းမှူးနာမည်ကို မသိရှိရပါ။ လက်နက်ကြီးနှစ်လုံးသည် အဆ--- ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သူ နော်ဘ---၏နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ နော်ဘ---သည် အသက် (၃၈)နှစ်ရှိပြီးဖြစ်သည်။ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် နော်ဘ---သည် ဗုံးခိုကျင်းထဲသို့ သွားရောက် ပုန်းခိုရန်ကြိုးစားခဲ့သည်။ ဗုံးခိုကျင်းသို့ပြေးသွားသည့်အချိန်တွင် လက်နက်ကြီးအစသည် နော်ဘ---၏လည်ပင်းကို ထိ မှန်ခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် သူမသေဆုံးသွားခဲ့သည်။ နော်ဘ---သည် ကရင်ခရစ်ယာန်တစ်ဦးဖြစ်ပြီး အိမ်ထောင်သည်တစ်ဦးလည်းဖြစ်သည်။ သူမ၏အမျိုးသားနှင့်သားသမီး (၃)ဦးကျန်ရစ်ခဲ့သည်။ လက်နက်ကြီးသည် သူမ၏နေအိမ်နံရံနှင့်အိမ်သာနံရံကိုလည်း ထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်။      

ထိုနေ့ညတွင် (တပ်ရင်းအမှတ်မသိရသော) မြန်မာစစ်တပ်မှစစ်သားများသည် အန---ကျေးရွာသို့ စစ်ကြောင်းထိုးရောက် လာခဲ့သည်။ (ထို့ကြောင့် အခင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင်) ရွာသားများသည် ၎င်းတို့ကျေးရွာတွင် ဆက်လက် နေထိုင်ရန်ကြောက်ရွံ့နေကြသည်။ အကြောင်းမှာ မြန်မာစစ်တပ်က လက်နက်ကြီးများပစ်ခတ်ကြသောကြောင့်ဖြစ် သည်။