Karen Human Rights Group

ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကရူတူးမြို့နယ်ရှိ ကလေး (၄) ဦး ထိမှန်ဒဏ်ရာရရှိမှု (၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ)

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လက်နက်ကြီးပစ်ခတ်မှု) SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) သည် ကျေး ရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ ကလေး (၄) ဦးထိမှန်ဒဏ်ရာရရှိမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေး ရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဘ---

မအ---

မဆ---

မောင်ဒ---

အသက်

၂ နှစ်

၄ နှစ်

၁၀ နှစ်

၁၀ လ

ကျား/မ

ကျား

မ

မ

ကျား

လူမျိုး

ပအိုဝ်းလူမျိုး

ပအိုဝ်းလူမျိုး

ပအိုဝ်းလူမျိုး

ပအိုဝ်းလူမျိုး

အိမ်ထောင် ရှိ/မရှိ   

-

-

-

-

အလုပ်အကိုင်

-

-

-

-

ကိုးကွယ်သည့်ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ်ရွာအမည်

ကရူတူးမြို့နယ်၊ ကရူတူးမြို့အနီး လယ်ယာမြေကွက်

ကရူတူးမြို့နယ်၊ ကရူတူးမြို့အနီး လယ်ယာမြေကွက်

ကရူတူးမြို့နယ်၊ ကရူတူးမြို့အနီး လယ်ယာမြေကွက်

ကရူတူးမြို့နယ်၊ ကရူတူးမြို့အနီး လယ်ယာမြေကွက်

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

-

-

(SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅)

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ကရူတူးမြို့

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရူတူးမြို့နယ်ရှိ ကရင်အမျိုးအသားအစည်းအရုံး (KNU) သတင်းမှတ်တမ်းပြုစုသည့်အဖွဲ့မှ အရာရှိတစ်ဦးက ဤသ တင်းဖြစ်စဉ်ကို ပြောပြခဲ့သည်။ (ထို့နောက် KHRG သတင်းစုဆောင်းသူသည် အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက် ၍ ဒဏ်ရာရရှိသည့်ကလေးများ၏အဖွားနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အင်တာဗျူးခဲ့ပါသည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဒဏ်ရာရရှိသည့်ကလေး (၄)ဦး၏အဖွားဖြစ်သူ ဒေါ်ဃ---နှင့် အခင်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဖ--- တို့သည် ဤသတင်းအကြောင်းအရာများကို မျှဝေပြောပြခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ ဧပြီလအစတွင် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်ရှိ (ကရူတူးမြို့နှင့်ကော်တရီမြို့အကြား ဆက်စပ်ထား သော) အာရှလမ်းတစ်လျှောက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ (ကရူတူးမြို့တွင်အခြေစိုက်သည့်) SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) သည် ကျေးရွာတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ (ကရူတူးမြို့အနီးရှိ) ကျေးရွာများသို့ လက်နက်ကြီးများ မကြာခဏပစ် ခတ်လေ့ရှိသည်။

 

၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်နေ့ ညနေ (၅း၃၀) မိနစ်တွင် SAC သည် ကရူတူးမြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ လက်နက်ကြီး (၁၂၀) မမတစ်လုံးရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသည် တဲအိမ်၏အရှေ့ တွင် ကျရောက်ပေါက်ကွဲ၍ ဆော့ကစားနေကြသည့်ကလေး (၄) ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် ကလေး (၄) ဦးသည် မအ--- (၄ နှစ်)၊ ဘ--- (၂ နှစ်)၊ မဆ--- (၁၀ နှစ်)နှင့်မောင်ဒ--- (၁၀ လ) တို့ဖြစ်ကြသည်။ မအ--- သည် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ ဘ---သည် ကျောကုန်းတွင်ဒဏ်ရာရခဲ့သည်။ မဆ---သည် ခေါင်း၊ နားရွက်နှင့် ဘယ်ဖက်ဒူးခေါင်းတွင်ဒဏ်ရာရခဲ့သည်။ မောင်ဒ--- သည် မျက်နှာ၊ ခေါင်းနှင့်ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့သည်။

 

ထိုကလေး (၄)ဦးအနက် မအ--- သည် သူ၏ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့ကြောင့် ရွာသားများသည် ကျေးရွာမှ ကားတစ်စီးကိုခေါ်၍ DKBA (ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်)အား ဆက်သွယ်ခဲ့သည်။ ထို့ နောက် မအ---ကို ဘုရားသုံးဆူမြို့ရှိ DKBA စီမံခန့်ခွဲသော ဘုရားသုံးဆူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ (ဘုရားသုံးဆူမြို့ သည် ထိုင်းနိုင်ငံ၊ ကန်ချားနပူရီခရိုင်နှင့်နယ်နိမိတ်ချင်းထိစပ်သည်။)

 

အဆိုပါကလေး (၄)ဦးသည် ၎င်းတို့၏အဖွားနှင့်အတူ နေထိုင်ကြသည်။ ၎င်းတို့၏မိဘများက ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကြသည်။ ၎င်းတို့အဖွားဖြစ်သူ ဒေါ်ဃ---မှ KHRG အား ယခုလိုရှင်းပြသည်။ “တဲအိမ်ကို လက်နက်ကြီးထိမှန် လို့ အကုန်ပျက်စီးသွားတယ်။ ကံကောင်းတယ်လို့ပြောရမယ်။ ကလေးတွေ ဘာမှမဖြစ်ဘူး။ ဒဏ်ရာအနည်းငယ်ပဲရခဲ့ တယ်။ အသက်စိုးရိမ်ရလောက်အထိတော့ အန္တရာယ်မရှိဘူး။”

 

လက်နက်ကြီးထိမှန်၍ ကလေးများဒဏ်ရာရရှိပြီးနောက်တွင် အအ--- ကျေးရွာမှ ရွာသားများသည် ကလေးများ၏မိ သားစုကို ငွေကြေးအချို့ထောက်ပံ့ပေးခဲ့သည်။ ကလေးများသည် ဆေးရုံသွားသည့်ခရီးစရိတ်နှင့်ဆေးကုသမှုစရိတ်ကို ပေးဆောင်ရန်မလိုပါ။ ဒေါ်ဃ--- သည် အကူအညီရသည့်အတွက် ကျေးဇူးတင်မိကြောင်း ယခုလိုပြောပြသည်။ “ကျွန်မ တို့တွေ ငွေလိုအပ်နေတဲ့အချိန်မှာ ကလေးကို ဆေးရုံပို့ပေးတဲ့အတွက် ကူညီပေးတဲ့သူတွေကို ကျေးဇူးအရမ်းတင်မိ တယ်။ ကလေးတွေ ဒဏ်ရာပျောက်ကင်းသွားတဲ့အတွက် ကျွန်မပျော်မိတယ်။”

 

ကရူတူးမြို့အနီးဒေသများတွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်မှာ တစ်ချို့ရွာသားများသည် အအ--- ကျေးရွာသို့ ထွက်ပြေး ပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း အခြားနေရာဒေသသို့ ရှောင်ပြေးခဲ့သည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ကလေးများသည်လည်း အအ--- ကျေးရွာတွင် သုံးလနီးပါးစစ်ပုန်းရှောင်ခဲ့ရသည်။ (ယခင်က ၎င်းတို့ သည် ကရူတူးမြို့အနီးရှိ လယ်ယာထဲတွင် နေထိုင်ခဲ့ကြသည်။) စစ်ပြေးရှောင်နေရစဉ်အတွင်း SAC သည် ၎င်းတို့အား လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အအ--- ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖ--- သည် KHRG အား ဤသို့ရှင်းပြသည်။ “သူတို့တွေ (SAC) ဘာကြောင့်လက်နက် ကြီးပစ်လဲတော့ ကျွန်တော်မသိဘူး။ ဒီဒေသအနီးမှာ (အအ--- ကျေးရွာအနီး) တိုက်ပွဲလည်းမဖြစ်ဘူး။ သူတို့က လက် နက်ကြီးရမ်းသမ်းပစ်တယ်ဆိုတာက ကျေးရွာထဲမှာ သူတို့ရန်သူတွေ မရှိဘူးလေ။ ရွာထဲမှာ ရွာသားတွေပဲရှိတယ်။ ဒဏ်ရာရသွားတဲ့ကလေးတွေလည်း စစ်ပြေးရှောင်ရတဲ့ကလေးတွေပဲ။ နောက်နောင်ဆိုရင် ရွာထဲမှာ လက်နက်ကြီးပစ် ခတ်မှုတွေမဖြစ်ဖို့ ကျွန်တော်ဆန္ဒပြုတယ်။”

 

ကရူတူးမြို့အနီးနားတွင် နေထိုင်ကြသော ရွာသားအယောက် (၃၀) ခန့်သည် အအ---ကျေးရွာသို့ လာရောက်ပုန်းရှောင် ခဲ့သည်။ အဆိုပါစစ်ဘေးရှောင်ရွာသားများသည် စားဝတ်နေရေးအတွက် နေ့စားခယူ၍ လယ်ယာနှင့်ရော်ဘာခြစ်သည့် အလုပ်ကိုလုပ်ကိုင်ကြသည်။ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုသည် (လုံခြုံရေးအတွက် အဖွဲ့အစည်းနာမည်ကို မဖော်ပြ ပါ) အဆိုပါစစ်ဘေးရှောင်ရွာသားများ၏စားဝတ်နေရေးအတွက် သက်သာချောင်ချိစေရန် အကူအညီတစ်ချို့ပေးခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို အသုံးပြုခွင့်ရသည်။ ဒဏ်ရာရသည့်ကလေးများ၏အဖွားနှင့် ကျေးရွာအုပ်ချုပ်ရေး မှူးတို့အနေဖြင့် SAC မှ ကျေးရွာထဲကို လက်နက်ကြီးများထပ်မံပစ်ခတ်ရန်အလိုမရှိကြပါ။ သို့သော် ဤသတင်းအချက် အလက်များကို ဆင်ဆာဖြတ်၍ ရေးသားဖြန့်ဝေမည်ဆိုပါက အဆင်ပြေကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ ဒါမှသာ လျှင် SAC သည် ၎င်းတို့ကျေးရွာကို လက်တုံ့ပြန်မည်မဟုတ်ကြောင်း ပြောခဲ့သည်။