
ဤအပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို အသိအမှတ်ပြုသည့် အနေဖြင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် နိုင်ငံအနှံ့ရှိ လက်နက်ကိုင်အဖွဲ့အ စည်းများမှ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာသော နက်နဲသည့် နာကျင်မှုနှင့် ဝေဒနာများကို မီးမောင်းထိုးဖော်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ပိုမိုဆိုး ရွားလာသော လူ့အခွင့်အရေးကျပ်တည်းမှု အခြေအနေများကို ဖြေရှင်းရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှုများအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်လိုပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများတွင် စစ်တပ်မှ အမျိုးသမီးများနှင့် မိန်းကလေးငယ် များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ် ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုခဲ့ ကြသည်ကိုတွေ့ရပါသည်။ ဤလုပ်ရပ်များသည် ပိုမိုကျယ်ပြန့်သော အကြမ်းဖက်မှုနည်းဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လုံး၀အပြစ်ပေးအရေးယူခံရမှုများ မရှိသဖြင့် ဆက်လက်ကျုးလွန်နေကြသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ကရင့်လူ့အခွင့်အရေးအဖွဲ့ (KHRG) အပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ၎င်း၏မိတ် ဖက်များမှ ကရင်ပြည်နယ်အတွင်းရှိ မြန်မာစစ်တပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၂၅ မှုကို မှတ်တမ်းတင်ရရှိ ထားသော်လည်း အမှန်တကယ် ၎င်းကျူးလွန်မှုအရေအတွက်သည် ပိုများနိုင်ဖွယ်ရှိပြီး အကြောင်းအရင်းမှာ အမြစ် တွယ်နေသောပြစ်ဒဏ်မှကင်းလွတ်ခွင့်အမူအကျင့် နှင့် စနစ်ကျသော အတားအဆီး များသည် ကျူးလွန်ခံရသူများ မှ ဖွင့်ဟပြောဆိုနိုင်ရန်အတွက် စိန်ခေါ်မှုဖြစ်သည်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ အဆိုအရ အဆိုပါ ကျူးလွန်မှုများ၏ ထက်ဝက်သည် တပ်မတော်၏အရာရှိများက ကျူးလွန်ခဲ့ကြပြီး အမှုများ၏ ၄၀ ရာခိုင်နှုန်းခန့် သည် အုပ်စုဖွဲ့၍ ကျူးလွန်ခဲ့ကြသည့် အမှုများဖြစ်ပါသည်။[1] ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် နိုင်ငံတစ်ဝှမ်း အရပ်သားများအပေါ် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဖိနှိပ်မှုသဖွယ် ပိုမိုအသုံးပြုလာသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သော မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၏ အစီရင်ခံစာအရ စစ်ကောင်စီတပ်သည် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများကို ပဋိပက္ခဇုန်များတွင်သာမက အကျဉ်းထောင်များ၊ စစ်ကြောရေးဌာနများ၊ စစ်ဆေးရေးဂိတ်များနှင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် ကာလတွင်လည်း ကျူးလွန်ခဲ့ကြောင်းသိရသည်။[2] စစ်ကောင်စီတပ်သားများ၏ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူများ သည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကိုပါ နက်ရှိုင်းစွာထိခိုက်စေရုံသာမက မိသားစုများနှင့် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေသည်ကိုတွေ့ ရပါသည်။ ကရင့်လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ကျေးရွာ များအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေ ခြင်းသည် အမျိုးသမီးရွာသားများ အထူးသဖြင့် ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခြိမ်းခြောက်မှုများမှ ကင်းလွတ်အောင် ပုန်းရှောင် ရန်ဖိအားဖြစ်စေခြင်း၊ နေ့စဉ်လူနေမှုဘ၀ကို အ နှောင့်အယှက်ဖြစ်စေကာ လက်ရှိမညီမျှမှုများကို ပိုမိုဆိုးရွား စေပါသည်။[3]
ကရင့်လူ့အခွင့်အရေးအဖွဲ့အစည်းသို့ အစီရင်ခံစာတင်ပြထားသည့် ဖြစ်စဉ်တစ်ခုတွင်၊ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့ နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီး ထွက် ပြေးတိမ်းရှောင်မတတ်နိုင်တော့သော အရွယ်အိုအမျိုးသမီးတစ်ဦးအား စစ်ကောင်စီတပ်သားတစ်ဦးမှ သူမ၏အိမ် တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုကျင့်ခဲ့ပါသည်။ အခင်းဖြစ်ပွားပြီးနောက် ထိုအမျိုးသမီးသည် စစ်တပ်အာ ဏာပိုင်များထံအမှုဖွင့်ဆိုလိုသော်လည်း သူမအတွက် လုံခြံမှု အာမခံချက်မရှိခြင်းနှင့် စစ်ကောင်စီ ထိန်းချုပ်မှု အောက်တွင် လုံခြုံပြီး ထိရောက်သော တရားစီရင်ရေးစနစ်များ မရှိခြင်းကြောင့် အမှုကိုတိုင်တန်းခြင်း မလုပ်ဘဲနေ ခဲ့ရပါသည်။ နောက်ပိုင်းတွင် ထိုကျူးလွန်ခံရသူသည် ဒေသခံ တော်လှန်ရေးအဖွဲ့များဖြစ်သည့် (PDF နှင့် (KNLA) များထံသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော်လည်း ကရင့်အမျိုးသားအစည်းအရုံး (KNU)၏ တရားစီရင်ရေးစနစ် သည် ကျူးလွန်သူ စစ်ကောင်စီတပ်သားကို တရားဥပဒေအရအရေးယူရန် စွမ်းရည် သို့မဟုတ် အခွင့်အာဏာများမ ရှိခဲ့ပါ။ ရလဒ်အနေဖြင့် ထိုအမျိုးသမီးသည် တရားမျှတမှုနှင့် လိုအပ်သော ဝန်ဆောင်မှု အကူအညီရယူခွင့် နှစ်ခု စလုံးကို ထိရောက်စွာမရရှိခဲ့ဘဲ ငြင်းပယ်ခြင်းခံခဲ့ရပါသည်။[4] အမှုများကိုဖုံးဖိခံထားရခြင်း၊ မလုံခြုံမှုများခြင်း၊ တရား ဥပဒေစိုးမိုးမှု လုံးဝမရှိခြင်းနှင့် အားနည်းသောတရားစီရင်ရေးစနစ်များကြောင့် မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရသူအများစုသည် အမှုဖွင့်သတင်းပို့ခြင်းမှ တားဆီးခံထားရပါသည်။ ရ လဒ်အနေဖြင့်၊ ထိုကျူးလွန်မှုများသည် ထိရောက်သော အပြစ်ပေးခြင်းနှင့်တာဝန်ခံမှု သို့မဟုတ် တရားမျှတမှု များမရှိခြင်းတို့ကြောင့် ဆက်လက် ချိုးဖောက်မှု များကို ဖြစ်ပေါ်စေသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားများအပေါ် စစ်ကောင်စီမှ လိင်အကြမ်းဖက်မှုများ ဆက်လက်ကျူး လွန်နေခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအကာအကွယ်များကို ပြင်းထန်စွာချိုး ဖောက်နေသည်။ ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ၏ ဘုံအပိုဒ် ၃(၁)(က)(ဂ) အရ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုပုံစံများ၏ တရားစီရင်ရေးကို လွှမ်းခြုံရန် အဓိပ္ပာယ်ဖွင့်ဆိုထားသည်သာမက အပိုဆောင်း ပရိုတို ကော (၂)၏ အပိုဒ် ၄(၂)(င) သည် နိုင်ငံတကာ မဟုတ်သော လက်နက်ကိုင်ပဋိပက္ခများ အတွင်းတွင် "အထူးသဖြင့် ဂုဏ်သိက္ခာကို ပြင်းထန်စွာထိခိုက်စေမှု၊ အရှက်ရစေသောဆက်ဆံမှု၊ မုဒိမ်းမှု (…) နှင့် အခြားသော ဣန္ဒြေ သိက္ခာမဲ့ သော လုပ်ရပ်မှန်သမျှကို တားမြစ်ထားပါသည်။[5] (၂၀၂၃ ခုနှစ်) ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်အမှတ် (၂၆၈၆)တွင် လိင်အကြမ်းဖက်မှုကို စစ်ပွဲနည်းသဖွယ် သို့မဟုတ် အရပ်သားများအပေါ် စနစ်တကျ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးချခြင်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေပြီး စစ် ပဋိပက္ခကိုလည်း ရှည်ကြာစေသည်သာမက လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု အလေးပေးဖော် ပြထားပါသည်။ နိုင်ငံတကာလူ့ အခွင့်အရေးဥပဒေအောက်တွင် အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားဆက် ဆံမှုများပပျောက် ရေးသဘောတူစာချုပ် (CEDAW)၏ အပိုဒ် (၁) တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများ၏အခွင့်အရေးကို ထိခိုက်စေသည့် မည်သည့် ခွဲခြားဆက်ဆံမှုမျိုးကိုမဆို ကွယ်ကာကြောင်း ဖော်ပြ ထားပါသည်။ ထိုနည်းတူ ၎င်းသဘောတူစာချုပ် (CEDAW)၏ အပိုဒ် ၂ (င) တွင်လည်း စစ်ကောင်စီမှ ကျူးလွန်နေ သောအကြမ်းဖက်မှုများကဲ့သို့ နှင့် အခြားသောခွဲခြားဆက်ဆံမှု များကို နိုင်ငံတော်အစိုးရများမှ ဖယ်ရှားရှုတ်ချရန် လိုအပ်ပါသည်။[6] (2022 ခုနှစ်) အမျိုးသမီးများအပေါ် အာဆီယံဒေသဆိုင်ရာစီမံချက်အရ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပဋိပက္ခအတွင်း ကျားမရေးရာအခြေခံ အကြမ်းဖက်မှုများကို တားဆီးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် အ ဖွဲ့ဝင်နိုင်ငံများကကတိပြခဲ့ကြပါသည်။ နိုင်ငံတကာ ရာဇ၀တ်မှုဥပဒေ (ICL) အရ၊ နိုင်ငံတကာ ရာဇ၀တ်တရားရုံး၏ ရောမဥပဒေ အပိုဒ် ၈(၂)(ဂ) အပိုဒ်ငယ် (၁)(၂) နှင့် အပိုဒ် ၈(၂)(င) အပိုဒ်ငယ် (၄) များအရ နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခများအတွက် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများကို စစ်ရာဇ၀တ်မှုအဖြစ် အမျိုးအစားခွဲခြား ထားပါသည်။ ထိုလုပ်ရပ်များသည် အရပ်သား များအပေါ် စနစ်တကျတိုက်ခိုက်မှုတစ်စုံတရာအဖြစ် ကျူးလွန်သည့် အခါ အပိုဒ် (၇) အငယ် (၁) (စ)(တ) သည် လူသားမျိုးနွယ်များအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအဖြစ်လည်း ပါဝင်ပါသည်။ ဆက်လက်ပြီး ပဋိပက္ခများ ထဲမှ စစ်ကောင်စီတပ်၏ လိင်အကြမ်းဖက်မှုကျူးလွန်မှုများသည် တာ ဝန်ခံမှုနှင့် အသက်ရှင်ကျန်ရစ်သူ၏ တရားမျှတမှုအတွက် အရေးကြီးလိုအပ်သည့် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာ ဝန်ဝတ္တရားများကို ကြီးလေးစွာ ချိုးဖောက်မှုဖြစ်ကြောင်း စုစည်း၍ ဤပြဋ္ဌာန်းချက်များက ရှင်းလင်းဖော်ပြ ထားပါသည်။
ကရင့်လူအခွင့်အရေးအဖွဲ့အနေဖြင့် မည်သည့်လိင်အကြမ်းဖက်မှုမျိုးမဆိုကို ရှုတ်ချပြီး ကျူးလွန်ခံရသူများ အား လုံးနှင့်အတူ မယိမ်းမယိုင်ရပ်တည်မည်ဖြစ်သည်။ ကျူးလွန်သူများအား အပြစ်ပေးအရေးယူမှုရှိမှသာ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ကျူးလွန်မှုများကို စစ်ကောင်စီမှ စစ်လက်နက်သဖွယ် ဆက်လက်အသုံးပြုခြင်းများ အဆုံးသတ်နိုင် မည်ဖြစ်သည်။ ယနေ့တွင် ကရင့်လူ့အခွင့်အရေးအဖွဲ့မှ နိုင်ငံတကာနှင့် ဒေသတွင်း လုပ်ဖော် ကိုင်ဖက်များ၊ အစိုးရမ ဟုတ်သောအဖွဲ့အစည်း (NGO) များနှင့် ဒေသဆိုင်ရာအာဏာပိုင်များအား ပြစ်ဒဏ်ကင်းလွတ်ခွင့်များ အဆုံးသတ် စေရန်၊ တရားမျှတမှု ရရှိလာစေရန်နှင့် ကျူးလွန်ခံရသူများအတွက် ပံ့ပိုးကူညီမှုများပေးနိုင်ရန်အတွက် အပြုသ ဘောဆောင်သည့် လုပ်ဆောင်မှုများပြုလုပ်ရန်တိုက်တွန်းလိုပါသည်။
ဆက်သွယ်ရန်:
နော်ဖောလား - nawpawlah@khrg.org (ကရင်နှင့် အင်္ဂလိပ်)
စောအဲလ်ဘတ် - albert@khrg.org (ဗမာ)