Karen Human Rights Group

ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- SAC ၏ လက်နက်ကြီးပစ်ခတ် မှုကြောင့် ကရူတူးမြို့နယ်အတွင်း ရွာသားတစ်ဦးသေဆုံး (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ)

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာ
သားတစ်ဦးသေဆုံး

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ‌အောက်တိုဘာလ ၁၈ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ မြောက်ကြာအင်းကျေးရွာအုပ်စု၊ အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဦးဒ---

အသက်

၇၁ နှစ်

ကျား/မ

ကျား

လူမျိုး

မွန်

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

နွားကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

အ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိပါ

-

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) လက် အောက်ခံအမြောက်တပ်ရင်း (အမတ) အမှတ် (၅၄၇)

ဒူးပလာယာခရိုင်၊ ကော့တရီမြို့နယ်၊ (ကော့တရီမြို့နယ်အနီး) လှိုင်ဝစစ်စခန်း

မသိရှိပါ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ ပထမဦးစွာ ဖြစ်ပွားမှုသတင်းအချက်လက်အား ဒေသခံမီဒီယာအဖွဲ့ ဖေ့ဘုတ် (Facebook) စာမျက်နှာ (ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရူတူးမြို့နယ်မီဒီယာအဖွဲ့) ပေါ်မှ သိရှိခဲ့ပါသည်။ ထို့နောက်၊ အဆိုပါကွင်းဆင်းလုပ်သားမှ ကရူတူးမြို့နယ်ဒုတိယ သီတင်းဌာနမှုးဖြစ်သည့် နော်ဘ--- နှင့် ချိတ်ဆက်၍ သတင်းအချက်အလက်ကို အတည်ပြုခဲ့ပါသည်။ နောက်ဆုံးတွင် ကွင်းဆင်းလုပ်သားမှ ကျုးလွန်ခံရသူ၏ ဇနီးဖြစ်သည့် ဒေါ်ဆ--- နှင့် အ--- ကျေးရွာအကြီးအကဲနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဖြစ်ပွားမှုသတင်းအချက် အလက်အပြည့်အစုံကို မှတ်တမ်းပြုစုခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားမှ ကျူးလွန်ခံရသူ၏ဇနီးဖြစ်သူ ‌ဒေါ်ဆ--- နှင့် အ--- ကျေးရွာအကြီးအကဲတစ်ဦးနှင့် တွေဆုံမေးမြန်းမှုပြုလုပ်သည့်အချိန်တွင် သတင်းအချက်အလက်ကို အတည်ပြုခဲ့ပါသည်။ ဤသ တင်းအချက်အလက်ကို မြို့နယ်မီဒီယာအဖွဲ့ထံမှလည်း ရရှိခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့မှ မြောက်ကြာအင်းကျေးရွာအုပ်စုနှင့် (တောင်ကြာအင်းကျေးရွာအုပ်စုရှိ) တောင်ကြားအင်းတံတား၊ ဃ--- ကျေးရွာအလယ်တန်းကျောင်းအနီးရှိ SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) စစ်ဆေးရေးဂိတ်တစ်ခုအား တိုက်ခိုက် သိမ်းယူခဲ့ပါသည်။ အဆိုပါတံတားသည် ဃ--- နှင့် အ--- ကျေးရွာကြားတွင်တည်ရှိပါသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်အတွင်း SAC မှ ၎င်းတို့၏မြေပြင်တပ်ဖွဲ့များကို ဖြန့်ကြဲစေလွတ်ခြင်းမရှိသော်လည်း အာရှအမြန်လမ်းတွင်အခြေစိုက်သည့် စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) အမှတ် (၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၂၁) မှ ဟောက် ဝစ်ဇာအမြောက်နှင့်လက်နက်ကြီးများကို ဃ--- နှင့် အ--- ကျေးရွာထဲသို့ ဆက်တိုက်ပစ်ခတ်ခဲ့ပါသည်။ SAC စစ်သားများ မှ အဆိုပါဒေသအားထွက်ခွါသွားပြီး ၂၀၂၄ နှစ်ကုန်အချိန်အထိ  (ခမရ) အမှတ် (၂၃၁) မှ (တခါတရံ) လက်နက်ကြီးများ ထိုကျေးရွာနှစ်ရွာသို့ပစ်ခတ်ခဲ့ပါသည်။ ထိုအချိန် (၂၀၂၅ ခုနှစ် ဇန်နဝါရီလ) ကတည်းက ရွာသားများထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ အချို့သောရွာသားများသည် ၎င်းတို့၏အိမ်များအား သန့်ရှင်းရေးပြုလုပ်ရန်အတွက် ၎င်းတို့၏ ကျေးရွာသို့ (အချိန်နှင့်အမျှ) ပြန်သွားခဲ့ကြပါသည်။ သို့သော်လည်း လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ခြင်းကြောင့် ၎င်းတို့ကျေးရွာတွင် ပြန်မနေကြပါ။ အခြားသောရွာသားများသည် စားဝတ်နေရေးစိန်ခေါ်မှုများ (နေ့စဥ်အလုပ်လုပ်ရန်နှင့် ထွက်ပြေးတိမ်းရှောင်နေစဥ် ၎င်းတို့ကိုယ်တိုင်အား ထောက်ပံ့မှုရရှိရန် ဝင်ငွေအတွက် ရုန်းကန်နေကြရသည်) ကြောင့် ၎င်းတို့၏ လယ်ယာစိုက်ခင်းများနှင့် အိမ်မွေးတိရိစ္ဆာန်များကိုစောင့်ရှောက်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုများနှင့် သေနတ်ကျည်ဆံများကြားတွင် နေနေကြရပါသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နေ့လည် ၁၂ နာရီအချိန်ဝန်းကျင်ခန့်တွင် SAC စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) လက် အောက်ခံအမြောက်တပ်ရင်း (အမတ) အမှတ် (၅၄၇) မှ ၁၃၀ မမ လက်နက်ကြီးစုစုပေါင်းခြောက်လုံးအား အချိန်နှစ်ခုအတွင်း မြောက်ကြာအင်းကျေးရွာအုပ်စု၊ အ--- ကျေးရွာထဲသို့ပစ်ခတ်ခဲ့သဖြင့် အ--- ကျေးရွာရှိ အသက် ၇၁ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည့် ဦးဒ--- မှ တူဖြစ်သူ၏လယ်ထဲတွင်နွားကျောင်းသွားနေစဥ် လက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပါသည်။ ဦးဒ--- သည် ၁၂၀ မမ လက်နက်ကြီးပစ်ခတ်လိုက်သည့်အချိန်တွင် တူဖြစ်သူ၏လယ်ထဲရှိ သရက်ပင်ငုတ်တိုတွင် ခေါင်းတင်အိပ်နေခဲ့ပါသည်။ ၎င်းမှ ထလာသည့်အချိန်တွင် ၎င်း၏နွားများသည် နေရာ တကာထွက်ပြေး ထိန်းသူမဲ့နေခဲ့ပါသည်။ ၎င်းမှ နွားများကိုကြိုးစားစုရုံးချိန်တွင် ကွင်းပြင်သို့သွားခဲ့ပြီး လက်နက်ကြီးနှစ်လုံးထပ်မံဖြစ်ခတ်ခဲ့သည်ကို သတိမထားမိခဲ့ပါ။ အဆိုပါပစ်ခတ်လိုက်သောလက်နက်ကြီးသည် ၎င်း၏ ခါး၊ ခြေထောက်နှင့် ဝမ်းဗိုက် (၎င်း၏အူများဒဏ်ရာရ) များတွင်ဒဏ်ရာရရှိပြီး ချက်ချင်းသေဆုံးသွားခဲ့ပါသည်။

 

သေဆုံးသွားသူ၏ (အသက် ၄၈ နှစ်အရွယ်) ဇနီးဖြစ်သူ ဒေါ်ဆ--- မှ ဦးဒ--- သည်အသက်အရွယ်ရလာသဖြင့် ၎င်း၏အကြားနှင့်အမြင်မကောင်းတော့ကြောင်း KHRG ထံသို့ရှင်းပြခဲ့ပါသည်။ ၎င်းသည် ကောင်းမွန်စွာ မမြင်မကြားရပါ။ လက်နက်ကြီး ဒုတိယအကြိမ်ပစ်ခတ်လိုက်သည့်အချိန်တွင် ၎င်း၏ဇနီးဖြစ်သူမှ သူမ၏ခင်ပွန်းသည် ပုန်းခိုရန်နေရာကိုရှာမတွေ့သဖြင့် လက်နက်ကြီးအစထိမှန်ခဲ့သည်ဟု ထင်ခဲ့ပါသည်။ ထိုအချိန်တွင် အိမ်ထဲတွင်ရှိနေသော တူဖြစ်သူတစ်ဦးမှလက်နက်ကြီးများထက်မံ၍ ပစ်ခတ်ခဲ့ကြောင်း အော်ပြောခဲ့ပါသည်။ သို့သော်လည်း ဇနီးဖြစ်သူမှ ၎င်း၏ခင်ပွန်းသည် တူဖြစ်သူ၏အော်ပြောသံကို မကြားခဲ့ကြောင်း ထင်ခဲ့ပါသည်။

 

နေ့လည် ၁၂ နာရီဝန်ကျင်ခန့်တွင် လက်နက်ကြီး ပထမအကြိမ်ပစ်ခတ်ပြီးနောက် ရွာသားများအားလုံးသည် ၎င်းတို့၏ဘေးကင်းလုံခြုံမှုအတွက် အကာအကွယ်အောက်တွင် နေခဲ့ကြပြီး မည်သူမျှအပြင်သို့မထွက်ခဲ့ကြပါ။ ထို့ကြောင့် တစ်နာရီခန့်ကြာအချိန်အထိ ဦးဒ--- သေဆုံးသွားသည်ကိုမသိခဲ့ကြပါ။ အ--- ရွာသားတစ်ဦးသည် နေ့လည် ၁ နာရီဝန်းကျင်တွင် ဦးဒ--- ၏ အလောင်းကိုတွေ့ရှိခဲ့ပြီး ၎င်း၏မိသားစုကိုအကြောင်းကြားခဲ့ပါသည်။ (နောက်တစ်နေ့တွင် ၎င်း၏အလောင်းကို မြှုပ်နှံခဲ့ပါသည်။ အဆိုပါမိသားစုမှ ကရူတူးမြို့နယ်မီဒီယာအဖွဲ့အား ဤဖြစ်ပျက်မှုအားအကြောင်းကြားခဲ့ပါသည်။ အဆိုပါမီဒီယာအဖွဲ့မှ မှတ်တမ်းပြုစုရန်အတွက် ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။

 

ဒေါ်ဒ--- သည် သူမ၏အသက်မွေးဝမ်းကြောင်းအတွက် ၎င်း၏ခင်ပွန်းအားမှီခိုရပါသည်။ ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ရာဘာခြံတွင်အလုပ်လုပ်ရပြီး သူမ၏အသက်မွေးဝမ်းကြောင်းအားထောက်ပံ့ရန်အတွက် နွားကျောင်းနေရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သေဆုံးသွားသည့် ဇနီဖြစ်သူ ဒေါ်ဆ--- နှင့် အ--- ကျေးရွာသူကြီးမှ KHRG အား ဤသတင်းအချက်အလက်ကိုအသုံးပြုရန်ခွင့်ပြုချက်ပေးခဲ့ပါသည်။