Karen Human Rights Group

ဒူးပလာယာ မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၂၃ရက်၊ ကော့ကရိတ်မြို့နယ်တွင် ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ဦး အတင်း အဓမ္မပြုကျင့်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်း

 

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ|  ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်

ဤမှုခင်းဖော်ပြသည့် မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့KHRG မှဒေသတွင်း လူ့အခွင့်အရေး အခြေအနေများကို လေ့လာမှတ်သားရန် လေ့ကျင့်သင်ကြားပေးထား သော ဒေသ ခံအဖွဲ့ဝင်တစ်ဦးမှ ဖော်ပြခြင်းဖြစ်သည်။[1]  ဤသတင်းလွှာသည်   ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ လတွင် လက်ခံရရှိခဲ့ပြီး အခြားသော မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ တစ်ခုနှင့် အတူ အခြားသော သတင်း အမျိုးအစားများဖြစ်ကြသော မှုခင်းအင်တာဗျူး တစ်ခု၊ ဒေသ အတွင်း နောက်ဆုံးရအခြေအနေသတင်းဖော်ပြချက်မှတ်တမ်း တစ်ခု၊ ဓါတ်ပုံ လေးပုံ၊ ဗီဒီရို မှတ်တမ်း တစ်ခု နှင့်တကွ လက်ခံရရှိခဲ့သည်။[2]  
 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး အတင်းအဓမ္မ ပြုကျင့်ခံရ ခြင်းနှင့် သတ်ဖြတ်ခံရခြင်း 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ရက် 

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မိနန်းအပ်ကျေးရွာအုပ်စု၊ က---ရွ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နန်းမြလွင် (နန်းမူးစေးယို)

အသက်

၁၆ နှစ်

ကျား/မ

မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

မှီခို

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ရာထူးအဆင့်သူ

ရွာသူ

နေရပ် ရွာအမည်

က--- ရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

နေနိုင်ဦး

ရွာသား

-

ကရွာ

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

တာဝန်ရှိ ရွာသားတစ်ဦး၏ ပြောပြချက်အရ ရွာသားများသည် သူတို့၏ကွမ်းသီးခြံသို့ ကွမ်းပင်သွား စိုက်သည့်အချိန်တွင် အတင်းအဓမ္မပြုကျင့်ခံရပြီး အသတ်ခံရ သော က---ရွာသူတစ်ဦးဖြစ်သည့် နန်းမြလွင်အား ကွမ်းသီးခြံထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကွမ်းသီးခြံသည် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မိနန်းအပ်ကျေးရွာအုပ်စု၊ က---ရွာတွင် တည်ရှိပါသည်။ နန်းမြလွင်ကို နေနိုင်ဦးက အတင်းအဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်။ နေနိုင်ဦးသည် အသက် ၃၃နှစ်အရွယ်ရှိပြီး ခ---ရွာမှ မွန်အမျိုးသားတစ်ဦးဖြစ်သည်။ သို့သော် နေနိုင်ဦးသည် က---ရွာတွင် အိမ်ထောင်ကျ၍ သူ၏အမျိုးသမီးနှင့်အတူ အဆိုပါရွာတွင် လာနေထိုင်ခြင်း ဖြစ်ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

နန်းမြလွင်ကို နန်းမူစေးယိုဟုလည်း ခေါ်ပါသည်။ သူမသည် သြဂုတ်လ ၂၃ရက်တွင် ပျောက်ဆုံးခဲ့ သည်။ ထို့နောက် ကွမ်းသီးခြံပိုင်ရှင် ဦးဂ---၏ သားသုံးယောက်ဖြစ်သော စောဃ---၊ စောင--- နှင့် စောစ---တို့မှ ကွမ်းပင်သွားစိုက်သည့်အချိန်တွင် သူမ၏ အလောင်းကို တွေ့ရှိခဲ့ပါသည်။ ရွာသားများသည် အမှုမှန်ကို လေးနှစ်သား အရွယ်ရှိသော ဦးဆ---၏ သမီးလေးပြောပြချက်အရ သြဂုတ်လ ၂၉ရက်နေ့တွင်   သိရှိခဲ့ရပါသည်။ အကြောင်းမှာ ဦးဆ---၏ သမီးလေးသည် အခင်းဖြစ်ပွားသည့် အချိန်တွင် နန်းမြလွင်နှင့်အတူ ကွမ်းသီးခြံသို့ လိုက်ပါသွားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

နန်းမြလွင်(ခ) နန်းမူးစေးယိုသည် ကော့ကရိတ်မြို့နယ်၊ မိနန်းအပ်အုပ်စု၊ က---ရွာတွင် နေထိုင်သော ရွာသူတစ်ဦးဖြစ်သည်။ သူမကို အသက်၃၃နှစ် အရွယ်ရှိသော မွန်အမျိုးသားဖြစ်သောနေနို်င်ဦးမှ အတင်းအဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရပါသည်။ နေနိုင်ဦး၏ ဇာတိမြေသည် ခ---ရွာဖြစ်ပါသည်။ သို့သော်လည်း သူသည် က---ရွာသူဖြစ်သော နန်းတ---နှင့်အိမ်ထောင်ကျပြီး က---ရွာတွင် လာရောက် အခြေချ နေထိုင်ခဲ့သည်။ (မုဒိမ်းမှု၊ လူသတ်မှုနှင့်ပတ်သက်၍) လူတွေက သူသည် ယာဘ(ခ)စိတ်ကြွမူးယစ်ဆေး သုံးစွဲသည် ဟုပြောဆိုကြသည်။ အမှန်တကယ်မှာလည်း သူသည် ယာဘ(ခ)စိတ်ကြွမူးယစ်ဆေး ကို သုံးစွဲသည်သာမက အရက်ကိုလည်းသောက်ခဲ့သည်။ 

 

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့တွင် နန်းမြလွင်နှင့် သူမ၏ သူငယ်ချင်း အသက် လေးနှစ်အရွယ် ရှိသော နန်းည---နှင့်အတူ က---ရွာ၏ အနောက်ဖက်တွင်ရှိသော ကွမ်းသီးခြံထဲတွင် ကွမ်းပင်မှ ကွမ်း ရွက်သွားနွှာသည့်အချိန်တွင် နေနိုင်ဦးက နန်းမြလွင်ကို အတင်း အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်။ 

 

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ရက် ကွမ်းခြံပိုင်ရှင် ဦးဂ---၏ သားသုံးယောက်ဖြစ်သော စောဃ---၊ စောင---နှင့် စောစ---တို့သည် ကွမ်း ခြံထဲတွင် ကွမ်းပင်စိုက်နေစဉ် နန်းမြလွင်၏ အလောင်းကို တွေ့ရှိခဲ့သည်။ အစိုးရရဲတပ်ဖွဲ့၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် ဒေသခံ ရွာသားများ အတူတကွ ပူးပေါင်း၍ ၎င်းအမှုကို စုံစမ်းစစ်ဆေးခဲ့သည်။ ထို့နောက် အသက်လေးနှစ် အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည့် နန်းည---သည် လူသတ်မှုကို ဖော်ထုတ်တင်ပြ ခဲ့သည်။ သူမသည် နန်းမြလွင်နှင့်အတူ (ကွမ်းခြံသို့) လိုက်ပါသွားခဲ့သောသူဖြစ်သည်။
 

အစိုးရရဲများသည် နန်းမြလွင်၏ အလောင်းကို စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ ရဲများ၏စစ်ဆေးချက် အရ သူမသည် ဓါးမြောင်ဖြင့် ငါးချက်တိတိ အထိုးခံခဲ့ရသည်။ သူမ၏ အနောက်ပခုံးတွင် နှစ်ချက်၊ ညာဖက် ရင်သားအောက်နားတွင် နှစ်ချက်နှင့် နောက်တင်ပါးတွင် တစ်ချက် ထိုးသတ်ခံခဲ့ရသည်။ သူမ၏ အောက်ပိုင်းတွင်လည်း ထမိန်နှင့်ဘောင်းဘီများ မရှိ (မဝတ်ထားပါ)။ သူမ၏ အလောင်းနား တွင် မြင်းဆေးရှုသည့်အခါ အသုံးပြုသည့် ကိရိယာများဖြစ်သော ပိုက်ပြွန်တစ်ချောင်း၊ ဆေးရှူခွက်နှင့် ရေခွက်များကိုပါ တွေ့ရှိခဲ့ပါသည်။ ထို့နောက် နန်းမြလွင်၏ အလောင်းကို စစ်ဆေးရန်အတွက် ကျိုက်ဒုံဆေးရုံသို့ သယ်ဆောင်လာခဲ့သည်။ သူမ၏ အလောင်းသည် ပုပ်ပွသောကြောင့် စစ်ဆေး၍မရနိုင်ခဲ့ပါ။ ထို့ကြောင့် သူမ၏အလောင်းကို (ကျိုက်ဒုံ) သင်္ချိုင်းသို့ မြုပ်နှံခဲ့သည်။ 

 

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ရက်တွင် မြန်မာအစိုးရရဲများသည် လူသတ်တရားခံ နေနိုင်ဦးနှင့် အသိ သက်သေဖြစ်သော နန်းည---ကို မေးမြန်းစစ်ဆေးရန်အတွက် ကျိုက်ဒုံရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းကို သင့်တော်သလို အသုံးပြုရန် ခွင့်ပြုထားပါသည်။